Latest News

Wednesday, December 19, 2018

ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ စီမံကိန်းအချို့နှင့် မြို့သူမြို့သားတို့၏အမြင်

ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ စီမံကိန်းအချို့နှင့် မြို့သူမြို့သားတို့၏အမြင်


၂ဝ၁၅   ခုနှစ်က   စတင်တက်လာခဲ့သော အရပ်သားအစိုးရနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သစ်သည်    မွေးဖွားလာခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။
အစိုးရအဖွဲ့သစ်တစ်ခု တက်လာသည်နှင့်အမျှ  ရှေ့အစိုးရက မပြီးပြတ်သေးသော စီမံကိန်းများကို ဆက်လက်  အကောင်အထည်ဖော်ကြရသည့် နည်းတူ အားသာချက်၊  အားနည်းချက်များကို ပြန်လည်ဆန်းစစ်၍ ပြင်ဆင်ပြောင်းလဲဆောင်ရွက် ကြရသည်များလည်း ရှိပေသည်။
အဟောင်း အဟောင်းသော ကိစ္စရပ်များကို ''ပြောင်းလဲချိန်တန်ပြီ'' ဆိုသော ကြွေးကြော်သံနှင့် အညီ အသစ်က  ပြန်လည်ဆောင်ရွက်မှုများကို လည်း တွေ့ရသည်။
အဓိက ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ အရှိန်အဟုန်ဖြင့် ပြောင်းလဲမှုများအပေါ် ကျေနပ် ဝမ်းသာလက်ခံမှု၊ ဝေဖန်သုံးသပ်မှုများက အခြား အခြားသော တိုင်းဒေသကြီး ပြည်နယ်များထက် အသံများ ပိုမိုကျယ်လောင်ခဲ့သည်။
ထိုပြောင်းလဲမှု      ဆောင်ရွက်မှုများမှ လက်လှမ်းမီ၊  ကြားသိသမျှကို  ညွှန်းဆိုဖော်ပြရ သော်.....။
၂ဝ၁၆ နိုဝင်ဘာ ၂၃ ရက်
ရန်ကုန်မြို့တွင် တစ်နှစ်ထက်တစ်နှစ် လမ်း ဘေးဈေးသည်များ   ပိုမိုများပြားလာသည်။           ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ မနိုင်သည့်အထဲတွင် လမ်းဘေးဈေးသည်များ လည်းပါဝင်သည်ဟု အချို့က ဝေဖန်မှုများရှိခဲ့သည်။
သို့သော် လမ်းဘေးဈေးသည်များ စနစ်တကျ ဈေးတန်းဖွင့်ရောင်းချနိုင်ရေးအတွက် တိုင်းဒေသ ကြီး အစိုးရက ဦးဆောင်၍ မြို့တွင်းကမ်းနားလမ်း ညဈေးစီမံကိန်းကို ၂ဝ၁၆ ခုနှစ် နိုဝင်ဘာ ၂၃ ရက် က ဖွင့်လှစ်ပေးခဲ့သည်။
မြို့တွင်း လေးမြို့နယ်မှ လမ်းဘေးဈေးသည် ၆ဝဝဝ ကျော်အနက် ၁၆ဝဝ ကျော်ကို မဲနှိုက်နေရာ များချထားပေးခဲ့သည်။ ညဈေးတွင် ရေ၊ မီး၊ လျှပ်စစ်၊ သန့်စင်ခန်းများ ပြည့်စုံစွာ စီစဉ်ထားပေး သည့်အပြင် လုံခြုံရေးအတွက် CCTV  များပါ တပ်ဆင်ထားပေးခဲ့သည်။ ဖွင့်စတွင် စည်ကားခဲ့ပြီး ယခုအခါ ဆိုင်ခန်း ၂ဝဝ မျှလောက်သာ ဖွင့်တော့ သည်ကို တွေ့ရသည်။
''မြင့်စေချင်၍ ကုပ်ဆွဲနတ်ပြည်တင်ပေးသော် လည်း မြင့်တယ်ဟုဆိုကာ ပြန်ခုန်ချသူများတွင် လမ်းဘေးဈေးသည်များလည်း   ပါသည်'' ဟု စီမံဆောင်ရွက်ပေးမှုတွင်  ပါဝင်သည့်သူတစ်ဦးက ပြောဖူးသည်။
ညဈေးတန်းတွင် လက်တွေ့ရောင်းချနေသည့် သစ်သီးသည် ဒေါ်ကြည်စိမ်းက ''လမ်းဘေးချင်း တော့တူပါရဲ့၊ ဒီနေရာက ဒီရေတက်ရင် ရောင်းရတာ သိပ်ဒုက္ခရောက်တယ်။ အဆင်မပြေဘူး။ နောက် ဝယ်မယ့်သူတွေကလည်း  ဒီကမ်းနားလမ်းကျယ် ကြီးကို ဖြတ်ကူးလာရမှာ ကြောက်ကြတယ်။ အရင် ကတော့ ရောင်းတဲ့သူ၊ ဝယ်တဲ့သူ ခလုတ်တိုက်ပဲ။ ဝယ်လို့လည်းကောင်းတယ်။   ရောင်းလို့လည်း ကောင်းတယ်''ဟု ¤င်း၏အမြင်ကို ဆိုခဲ့သည်။
၂ဝ၁၆ ဇန်နဝါရီ ၁၆ ရက်
မည်သို့ပင်ဆိုစေကာမူ ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏  စီမံကိန်းများအကောင်အထည်ဖော်မှု တွင်နာမည်ကောင်းအရဆုံးမှာ YBS (Yangon Bus Service) ပင်ဖြစ်သည်။
နှစ်ပေါင်း ၅ဝ ဝန်းကျင် '' မ.ထ.သ''ဟူသော အမည်ဖြင့် ရန်ကုန်မြို့၏ သယ်ယူပို့ဆောင်ရေးကဏ္ဍ တွင် အခိုင်အမာရပ်တည်ဆောင်ရွက်လာသော အဖွဲ့အစည်းကြီးကို ၂ဝ၁၆ ခုနှစ်ဇန်နဝါရီ ၁၆ ရက် တွင် YBS  အမည်ဖြင့်  ရုတ်ချည်းပြောင်းလဲ ဆောင်ရွက်ခဲ့သည်။ ယာဉ်လိုင်းပေါင်း ၆၁ လိုင်းဖြင့် စခဲ့သည်။
မြို့တွင်းမြို့ပြင်လိုင်းကားများခွဲခြားသတ်မှတ် ခဲ့သည်။ မြို့တွင်း မြို့ပြင်မှလာသော လိုင်းကားများ အားလုံး အလုံ၊ သခင်မြပန်းခြံတွင် လာဆုံကြသည်။ စတင်အကောင်အထည်ဖော်သောနေ့ကို မှတ်မှတ် သားသားဖြစ်စေခဲ့သည်။ ရန်ကုန်လိုင်းကားစီး ခရီး သွားပြည်သူအားလုံးခရီးသွားခြင်းနှင့်ပတ်သက် ၍ ဘဝတစ်သက်တာတွင် အမှတ်မိဆုံးနေ့ကို ပြောပါဆိုလျှင် ၂ဝ၁၆  ခုနှစ် ဇန်နဝါရီ ၁၆ ရက်နေ့ ဟုဆိုကြပါလိမ့်မည်။ လမ်းòန်းစာရွက်များ ကြိုတင်ဝေငှမှုဆောင်ရွက်သည့်နေ့တွင် လွှတ်တော် ကိုယ်စားလှယ်များ၊ ပရဟိတအဖွဲ့အစည်းများ ပါတီ ဝင်များ အားလုံးက ဝိုင်းဝန်းကူညီဆောင်ရွက်ပေး ကြသော်လည်း ကိုယ်ပြန်စီးရမည့် လိုင်းကားနံပါတ် များကို ရှာရ၊ ရပ်မည့်နေရာပြေးလွှားရနှင့် တဝုန်း ဝုန်းတရုန်းရုန်းနှင့် မှတ်မှတ်ရရပင်။  ¤င်းညနေ စောင်းနှင့် နောက်ရက်များတိုင် အချို့ ဌာနဆိုင်ရာ ကားများနှင့် အငှားတက္ကစီယာဉ်အချို့ အခမဲ့ ပို့ ဆောင်ပြေးဆွဲပေးခဲ့ကြသည်။
ရန်ကုန်ခရီးသွားပြည်သူများ၏ လိုအပ်ချက် အရ မြို့ပြင်မှ မြို့တွင်းသို့ ဖြတ်သန်းသောလိုင်းများ တိုးမြှင့်ဖြည့်ဆည်းပေးခဲ့သည်။ ယခင်က ၆၁ လိုင်း ရှိရာမှ ယခုလိုင်းပေါင်း ၁ဝဝ အထိတိုးချဲ့လာခဲ့ သည်။
ကြည့်မြင်တိုင်မြို့နယ်   ဘောဂရပ်ကွက်မှ ဒေါ်မြင့်တင်က  ''အခု YBS ပေါ်လာတာ ဒီဇန်နဝါရီ ၁၆ ရက်နေ့ ဆိုနှစ် နှစ်ပြည့်ပြီ။ နေ့တိုင်း လိုင်းကားစီးပြီး မြို့ထဲက ဆိုင်ကိုသွားတယ်။ အပြင် မှာဘယ်လောက်ပူပူ ကားထဲရောက်သွားရင် အေး သွားတာပဲ။ ထိုင်ခုံနေရာရလို့ကတော့ အိပ်တောင် ပျော်တယ်။ အခု အချို့ကားတွေကရောက်မယ့်မှတ် တိုင်ကြို ကြေညာပေးတယ်။ နောက်ကြော်ငြာ အပိုင်းလေးတွေလည်း ကြည့်ရတယ်။ ဇိမ်ပဲ''ဟု ထောက်ခံစကားပြောခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏   ကြိုးပမ်း ဆောင်ရွက်နေသောစီမံကိန်းများတွင်  ကျူးကိစ္စ၊ မြို့သစ်ကိစ္စ၊ ကျောင်းကားကိစ္စ စသော စသော ကိစ္စရပ်များသည်လည်း ရှိနေသေးသည်ဖြစ်ရာ အောင်မြင်မှု၊ မအောင်မြင်မှု(ဆောင်ရွက်ဆဲ) အပေါ် မြို့သူမြို့သားတို့၏ အမြင်သည် '' လူအမျိုး မျိုးစိတ်အထွေထွေ''     ဆိုသည့်စကားနှင့်အညီ ပျံ့လွှင့်နေဦးမည်သာ ဖြစ်ပေသည်။      ။
တင်ဝင်းလေး(ကြည့်မြင်တိုင်)
ဓာတ်ပုံ-ဘော်ဂါသွေး

No comments:

Post a Comment