Latest News

Wednesday, December 19, 2018

ရန်ကုန်၊ ပြည်သူတွေနဲ့ လျှပ်စစ်

ရန်ကုန်၊ ပြည်သူတွေနဲ့ လျှပ်စစ်


ယနေ့ခေတ်လူနေမှုဘဝ  တိုးတက်မြင့်မားမှုကို လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှုနဲ့ တိုင်းတာကြည့်လို့ ရတယ်ဆိုပါတယ်။  မိသားစုဘဝ အိမ်အသုံးအဆောင် ပစ္စည်းတွေမှာ  လျှပ်စစ်ဓာတ်အား အသုံးပြုပစ္စည်းတွေ  များပြားလာတာနဲ့အမျှ  ဓာတ်အားသုံးစွဲမှုတွေလည်း မြင့်တက်လာပါတယ်။ ရန်ကုန်မြို့ဟာ  လူဦး ရေခြောက်သန်းခန့်ရှိလာတဲ့အခါ  နေ့စဉ်ဓာတ်အားသုံးစွဲမှုများပြားလာ တာကြောင့်   ဓာတ်အားပြည့်ဝဖူလုံရေးလည်း ကြိုးစားဆောင်ရွက်နေရပြီ ဖြစ်ပါတယ်။
''လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု လျော့နည်းရေးနဲ့   ဗို့အားပြည့်မီစွာ ဓာတ်အား ဖြန့်ဖြူးနိုင်ရေးအတွက် ၆၆/၁၁-၆.၆  KV(Gis Insulated Switchgear)  ဓာတ်အားခွဲရုံတွေ ရန်ကုန်မှာ တည်ဆောက်နေပါတယ်'' လို့ ဒီဇင်ဘာ ၁၃ ရက်က  နေပြည်တော် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတွင်  ပြုလုပ်သည့် မီဒီယာရှင်းလင်းပွဲ၌ ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးရေးကော် ပိုရေးရှင်း၏ ဒါရိုက်တာအဖွဲ့ဝင် ဦးအောင်ကျော်စိုးက ပြောသည်။
''အဲဒီဓာတ်အားခွဲတွေ    တည်ဆောက်နေတာ              ကတော့ ဌာနရဲ့ ဘတ်ဂျက်ငွေနဲ့  ဓာတ်အားခွဲရုံနှစ်ရုံ၊ ADB ပရောဂျက်နဲ့ ဓာတ်အားခွဲရုံငါးရုံကို ရန်ကုန် မှာ ဆောက်လုပ်နေတာဖြစ်ပါတယ်။ အဲဒီလို            ဓာတ်အားခွဲရုံတည်ဆောက်မှုတွေကို၂ဝ၁၈ ခုနှစ် ဇွန်လမှာ စတင်ခဲ့တာဖြစ်ပြီး ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာ လကုန်မှာပြီးစီးမယ်လို့ မျှော်မှန်းထားပါတယ်။
ဓာတ်အားလိုင်းတွေ ပြင်ဆင်
''ရန်ကုန်မြို့ရဲ့  လက်ရှိအနေအထားအရ ဓာတ်အားသုံးစွဲမှုကိုကြည့်ရင်  မဂ္ဂါဝပ် ၁၄ဝဝ နဲ့ ၁၅ဝဝ ကြားရှိနေတယ်လို့ ဆိုပါတယ်။ ၂ဝ၁၈ ခုနှစ် မေလကတော့   ဓာတ်အားသုံးစွဲမှုများပြားခဲ့ပြီး လျှပ်စစ်ဓာတ်အားမဂ္ဂါဝပ် ၁၅၄၈ အထိ သုံးစွဲခဲ့ တယ်လို့ ဆိုပါတယ်။ ရန်ကုန်မြို့ရဲ့ ဓာတ်အား သုံးစွဲ မှုဟာ  နွေရာသီမှာ    ပိုမိုသုံးစွဲမှုများလေ့ရှိပြီး လေအေးစက်၊  ပန်ကာအသုံးပြုမှုမြင့်တက်သလို စက်ရုံ၊ အလုပ်ရုံတွေရဲ့ ဓာတ်အားသုံးစွဲမှုကလည်း ပွင့်လင်းရာသီမှာ    ကုန်ထုတ်လုပ်မှု ပိုမိုများတာ ကြောင့် ဓာတ်အားအသုံးပြုမှုများတာ ဖြစ်ပါတယ်။
''ဒါကြောင့်လည်း ပြီးခဲ့တဲ့ နွေရာသီကာလမှာ ဓာတ်အားသုံးစွဲမှုများတာမို့ မဂ္ဂါဝပ် ၁၅၅ဝ ခန့်ရှိခဲ့ ပေမယ့်  လာမယ့်   ၂ဝ၁၉  ခုနှစ်  နွေရာသီမှာ ဓာတ်အားအသုံးပြုမှု မဂ္ဂါဝပ် ၁၇ဝဝ ခန့် ရှိလာနိုင် တယ်လို့ တာဝန်ရှိသူတွေက     သုံးသပ်ထားပါတယ်။ ဒါကြောင့်မို့ ရန်ကုန်မြို့ ဓာတ်အားဖြန့်ဖြူးရေးကဏ္ဍမှာ ဓာတ်အားပြတ်တောက်မှု လျော့နည်းရေးနဲ့ ဗို့အားပြည့်မီစွာ ဖြန့်ဖြူးနိုင်ရေးအတွက် ဓာတ်အား ခွဲရုံအသစ်တွေ ဖြည့်ဆည်းတည်ဆောက်နေသလို ဓာတ်အားလိုင်းတွေလည်း ပြင်ဆင်နေတာဖြစ်ပါ တယ်။
'' ရန်ကုန်မြို့မှာ    သွယ်တန်းထားတဲ့ ဓာတ်အားလိုင်းကြိုးတွေ သက်တမ်းကြာနေပြီဖြစ် တာမို့ အသစ်လဲလှယ်မှု၊ ပြင်ဆင်မှုတွေ ပြုလုပ်နေ သလို အရည်အသွေးနဲ့ စံချိန်စံညွှန်းပြည့်မီတဲ့ ဓာတ်အားကြိုးတွေအဖြစ် ပြောင်းလဲတပ်ဆင်ရေး အတွက်လည်း  အားသွန်ခွန်စိုက်ကြိုးစားနေပါ တယ်။ ဒီလိုဆောင်ရွက်နေတာမို့ ဓာတ်အားပြတ် တောက်မှုတွေလျော့နည်းပြီး  ပို့လွှတ်ဖြန့်ဖြူးတဲ့ ဓာတ်အားတွေလည်း  ပြည်သူတွေ  အပြည့်အဝ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
အလေးထားလိုက်နာမှသာ ဘေးအန္တရာယ်ကင်း
''ဒီလိုဓာတ်အားလိုင်းတွေ၊ ဓာတ်ကြိုးတွေကို ပြောင်းလဲပြင်ဆင်   တပ်ဆင်သွယ်တန်းမှုတွေ ကြောင့်လျှပ်စစ်မတော်တဆဖြစ်မှုတွေ လျော့နည်း ကျဆင်းစေမှာဖြစ်ပါတယ်။ လျှပ်စစ်နဲ့ ပတ်သက်တဲ့ အခြေခံသတိပြုဆင်ခြင်ရမယ့် အသိပညာတွေ လည်း အခါအားလျော်စွာ ထုတ်ပြန်ပေးနေတာမို့ ပြည်သူတွေကလည်း  အလေးထားလိုက်နာမှသာ ဘေးအန္တရာယ်ကင်းရှင်းပြီး  အကျိုးရှိစွာ အသုံးပြု နိုင်မှာဖြစ်ပါတယ်။
''ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ လျှပ်စစ် နဲ့ ပတ်သက်တဲ့ လိုအပ်ချက်တွေ ဖြစ်ပေါ်ရင် အချိန် နဲ့ တစ်ပြေးညီ  ပြည်သူတွေကို  ပြန်ကြားပေးနိုင်ဖို့ အရေးပေါ်တယ်လီဖုန်းနံပါတ် ၁၇၁၇ ကိုလည်း လူစည်ကားရာနေရာတွေမှာ Bill Board  တွေနဲ့ ထားရှိသွားမယ်လို့လည်း    မီဒီယာရှင်းလင်းပွဲမှာ ပြောထားပါတယ်။
''လူဦးရေထူထပ်တဲ့ ရန်ကုန်မြို့နေပြည်သူ တွေအတွက် အချိန်နဲ့အမျှ လျှပ်စစ်နဲ့ ပတ်သက်တဲ့ သတင်းတွေ၊ ဗဟုသုတတွေ လိုအပ်နေတာဖြစ်ပါ တယ်။ အထပ်မြင့်လူနေတိုက်ခန်းတွေနဲ့ နေထိုင်သူ တွေအတွက် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနဲ့ ကြုံရင် အထွေထွေအဆင်မပြေမှုတွေနဲ့ ရင်ဆိုင်ကြုံ တွေ့ရတာမို့   ကြိုတင်သိရှိနိုင်မယ့်   သတင်းတွေ၊ ချက်ချင်းသိရှိဖြေရှင်းမှဖြစ်မယ့်  လျှပ်စစ်ဆိုင်ရာ ကိစ္စတွေအတွက်   အခုလို  အရေးပေါ်တယ်လီဖုန်း နံပါတ် ၁၇၁၇ ကတော့ အားကိုးစရာတစ်ခုဖြစ်လာ ပါလိမ့်မယ်။ ဒါကို ရန်ကုန်မြို့လူစည်ကားရာ နေရာ တွေမှာ   ထင်ထင်ရှားရှားလေး   သတိပြုမိသွား အောင် ထားရှိပေးသွားမှာ ဖြစ်ပါတယ်။
ပိုမိုအထောက်အကူပြု ဖြည့်ဆည်းပေးနိုင်
''ပြည်သူတွေ  လျှပ်စစ်နဲ့ပတ်သက်ပြီး အချိန် နဲ့ တစ်ပြေးညီဖြေရှင်းနိုင်ဖို့၊  သတင်းပြန်ကြား ပေးနိုင်ဖို့ ၂ဝ၁၅ ခုနှစ် ဇူလိုင် ၁ ရက်က စတင်၍ ရန်ကုန်မှာ YESC Call Centerစတင်ဖွဲ့စည်း ဆောင်ရွက်ထားတာတော့ ရှိပါတယ်။ အဲဒီ စင်တာ မှာ တယ်လီဖုန်းငါးလုံးရှိပြီး MPTနဲ့ ညှိနှိုင်းကာ  Hunting System ထည့်သွင်းဝန်ဆောင်မှု ပေးတာတွေ၊   ဖေ့ဘွတ်အကောင့်ဖွင့်လှစ်ပြီး ဝန်ဆောင်မှုပေးတာတွေကို အဖွဲ့လေးဖွဲ့ဖွဲ့ပြီး ဆောင်ရွက်ပေးနေခဲ့တာ ဖြစ်ပါတယ်။ အခုအရေး ပေါ်တယ်လီဖုန်းနံပါတ် ၁၇၁၇ ကတော့ ပြည်သူ တွေအတွက်လျှပ်စစ်နဲ့ပတ်သက်ပြီး ပိုမိုအထောက် အကူပြု ဖြည့်ဆည်းပေးနိုင်ဖို့အတွက် စီစဉ်ပေးခြင်း ဖြစ်ပါတယ်။
''တယ်လီဖုန်း ဆက်သွယ်မေးမြန်းတဲ့အခါ လျှပ်စစ်သုံးစွဲမှုတွေနဲ့ မေးမြန်းချက်ကို ချက်ချင်း ဖြစ်လာနိုင်တာတွေ   ဖြေရှင်းပေးမှာ  ဖြစ်ပြီး သက်ဆိုင်ရာ  ခရိုင်၊ မြို့နယ်တွေကို  ဆက်သွယ် မေးမြန်းပြီး ဖြေကြားသွားမှာဖြစ်ပါတယ်။  လျှပ်စစ် သုံးစွဲတဲ့ ပြည်သူတွေအတွက်  အဆင်ပြေအောင် အတတ်နိုင်ဆုံး      ဝန်ဆောင်မှုပေးဖို့စီစဉ်တာ ဖြစ်တာမို့ ပြည်သူတွေအတွက်တော့ အကျိုးသက် ရောက်မှု ဖြစ်စေမှာတော့ အမှန်ပါပဲ''။     
ဝေယံဦး

No comments:

Post a Comment