Latest News

Sunday, December 16, 2018

၁၂ ဘီးယာဉ်နှင့် ဆိုင်ကယ်တိုက်မိ၍ ဆိုင်ကယ်စီးနှင်းသူနှစ်ဦး နေရာတွင် ပွဲချင်းပြီး သေဆုံး



ကာမိုင်း ဒီဇင်ဘာ ၁၆

ဖားကန့်မြို့နယ် လက်ဝါးကျေးရွာအတွင်း မြစ်ကြီးနား-တနိုင်းသွား လီဒိုလမ်းမပေါ်၌ ဒီဇင်ဘာလ ၁၆ ရက်နေ့ ယနေ့ နံနက် ၆ နာရီခွဲခန့်အချိန်ခန့် က ကုန်​တင်​ယာဉ်နှင့် ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်စီးနှင်းသူ နှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။


 မိုးကောင်းမြို့မှ တနိုင်းမြို့ဘက်သို့ ယာဉ် မောင်းအောင်ဇော်ထွန်းမောင်းနှင်ပြီး ယာဉ်နောက်လိုက်ဝေမင်းသူတို့ လိုက်ပါလာ သော 6G------၊ ယူဒီအမျိုးအစား ၁၂ ဘီးကုန်တင်ယာဉ်သည် လဝါးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးရှေ့အရောက်တွင် ဖော်ယမ်လဂျာမောင်းနှင်လာပြီး နောက်ထိုင် ဖော်ယမ်တောမ်တို့ စီးနှင်းလာသော kenbo 125 ဆိုင်ကယ်မှ ကား၏ဝဲဘက် ဘေးမှကျော်တက်ပြီး လမ်းဖြတ်မောင်းနှင်ရာမှ ယာဉ်နှင့်တိုက်မိခဲ့သဖြင့် ဆိုင်ကယ်စီးနင်းသူနှစ်ဦးလုံး ဦးခေါင်းပိပြား(ဦးနှောက်ထွက်) ပြီး အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့သည်။

အဆိုပါဖြစ်စဉ်အား ကာမိုင်းနယ်မြေရဲစခန်းမှ ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မြို့ပြန်/ဆက်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

No comments:

Post a Comment