မန်းရွှေစက်တော် ဗုဒ္ဓပူဇနိယပွဲကျင်းပရန် မန်းချောင်း သဲသောင်ပြင်ပြုပြင်မှု ၉၅ ရာနှုန်းကျော်ပြီးစီး
မင်းဘူး ဒီဇင်ဘာ ၂၅
မန်းရွှေစက်တော်ဗုဒ္ဓပူဇနိယပွဲကျင်းပရန် မန်းချောင်းသဲသောင်ပြင်ပြုပြင်ခြင်းလုပ်ငန်းများ ၉၅ရာနှုန်းကျော် ပြီးစီးသွားပြီဖြစ်ကြောင်း ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သိန်းထံမှ သိရသည်။
မန်းစက်တော်ရာ ဘုရားပွဲတော်ကွင်း သောင်ပြင်ခြင်းလုပ်ငန်းအတွက် ယခင်နှစ်က ကျပ်သိန်း (၄၀၀) ဝန်းကျင်သာ ကုန်ကျမှုရှိခဲ့သော်လည်း ယခုနှစ်၌ သောင်ပြင်သည့်ကာလ အချိန်တိုသွား၍ နေ့ရောညပါ စက်အားလူအား စိုက်ထုတ်လုပ်ဆောင်နေရကာ ကျပ်သိန်း ၁၀၀၀ ဝန်းကျင်ခန့် ကုန်ကျနိုင်သည်ဟု၎င်း ကဆိုသည်။
အဆိုပါလုပ်ငန်းကို ဒီဇင်ဘာ ၁ ရက် မှစ၍ နေ့စဉ် နံနက် ၆ နာရီမှ ည ၁၀ နာရီအထိ ဆက်တိုက်ဆောင်ရွက် လျက်ရှိ နေသဖြင့် ယနေ့ ဒီဇင်ဘာ ၂၄ ရက်နေ့တွင် လုပ်ငန်း ၉၅ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရပြီး မန်းစက်တော်ရာ ဘုရားပွဲတော်အား တပို့တွဲလဆန်း ၅ရက်နေ့မှ နှစ်ဆန်းနှစ်ရက်နေ့ထိ အချိန်နှစ်လကျော် ကျင်းပသွားမည်ဖြစ်သည်။
ဇေယျတု(မကွေး)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment