Thursday, December 27, 2018
စစ်သားကောင်းကြီး
သူဟာ မိတ်ဆွေအရင်းအခြာမပြောနဲ့ ရန်သူကိုတောင် နောက်ကျောကနေ အနိုင်မယူချင်တဲ့
ဖြစ်အင်သာဓကတွေ ပြုခဲ့သူပါ။အတိုချုံးပြောပြရရင်ဖြင့်......
စစ်တိုင်းမှူးဘဝက ဧရာဝတီတိုင်းမှာ တာဝန်ကျစဉ်က ကရင်တိုင်းရင်းသားလက်နက်ကိုင်တွေရှိတဲ့ကျွန်းကိုဘသူဦးစီးတဲ့တပ်က ရွှေပုဇွန်ရေယာဉ်ကြီးနဲ့သွားရောက်တိုက်ခိုက်ခဲ့ချိန်ကပေါ့။
ကရင်တွေရဲ့ ကတုတ်ကျင်းတွေထဲကို ဒီရေတွေလှိမ့်ဝင်လာလို့ ပြန်တိုက်ချိန်မရပဲ နောက်ဆုတ်ထွက်ပြေးနေကြတယ်။အဲဒီအချိန် အသင့်ဖြစ်နေတဲ့ တပ်မတော်က ပစ်မိန့်မပေးတာကြောင့် ဘာကြောင့်လဲလို့ မေးကြတဲ့အခါ Commanderဖြစ်တဲ့ သူရဲ့စိတ်ဓာတ်ကို ရန်သူရောမိတ်ဆွေပါလေးစားအသိအမှတ်ပြုခဲ့ကြတယ်။
သူက ကိုယ့်ကို ရန်မမူနိုင်ပဲ ကျောခိုင်းပြေးနေတဲ့ရန်သူကို နောက်ကျောကနေ မပစ်ရဘူး။အဲဒါစစ်သားတို့စောင့်ထိန်းရမယ့်စည်းကမ်းလို့ သူ့လက်အောက်က အရာရှိတွေကို သင်ပေးခဲ့ရှာတယ်။
မကြာခင်မှာပဲ ရွှေပုစွန်သင်္ဘောအနီးကို
လှေငယ်လေးတစင်း မျောလာတယ်။အဲဒီလှေ
ပေါ်မှာ ရန်သူဘက်ကလို့ အမည်တပ်လို့ရတဲ့
ကရင်တိုင်းရင်းသားလက်နက်ကိုင်တဦးရဲ့ဇနီး
ဟာ သူတို့ရဲ့မျိုးဆက်သစ်ကို ခက်ခက်ခဲခဲ မီးဖွားနေတာကိုတွေ့ရတယ်။ အဲဒီအချိန်မှာ ကလေးဟာ ချက်ကြိုးတန်းလန်းလေးပဲ ရှိသေး
တယ်။သူတို့ဟာ ရန်သူရဲ့ဇနီးမှန်းလည်း သူသိရှာတာပေါ့။ဒါပေမယ့် မီးဖွားတဲ့ကိစ္စကို ပြီး
ဆုံးအောင်ကူညီစေပြီး လိုအပ်တဲ့ပစ္စည်းတွေပါ
ပေးကာ ကလေးကို"ရွှေပုစွန်"လို့အမည်ပေးဖို့
မှာကြားပြီး ပြန်လွှတ်ပေးလိုက်တယ်။
အဲဒီ ရွှေပုစွန် ဆိုတဲ့မိန်းကလေးဟာ(၁၉၉၀)
ရွေးကောက်ပွဲကာလမှာ သူ ဧရာဝတီတိုင်းဘက်ကို စည်းရုံးရေးဆင်းတော့ မြို့တစ်မြို့မှာ တည်းခိုရပ်နားစဉ် ကျမ"ရွှေပုစွန်"ပါလို့ လာရောက်နှုတ်ဆက်ကန်တော့ခဲ့တာကြောင့် အတိတ်က သူ့ရဲ့လုပ်ရပ်ကို ပြန်သိခဲ့ရတာပါ။
ဒီလိုသာဓကတွေ ဖြစ်အင်တွေက သူ့ရဲ့စိတ်ဓာတ်အင်အားကို အတိအကျ တွက်ပြ
နေသလိုပါပဲ။ရန်သူကိုတောင် နောက်ကျောက
နေ အနိုင်မယူခဲ့သူတစ်ယောက်ဟာ သူယုံကြည်ရာမိတ်ဆွေတွေကို ဘယ်လောက်တန်ဖိုးထားလိုက်မလဲဆိုတာ ရေးပြဖို့စကားလုံးမရှိတော့ပါဘူး.........
သူ ဆိုတာကတော့..
"နိုင်ငံရေးတွင် စစ်တပ်ပါဝင်မှုကို အစဉ်ဆန့်ကျင်ခဲ့သူ"
"အရိုးပုံပေါ်မှာ ဂူဗိမာန်မဆောက်လိုသူ"
မေတ္တာအပြုံးပိုင်ရှင်နှင့်ဂရုဏာရှင် ဘဘဦးကြည်မောင် ဖြစ်ပါတယ်ခင်ဗျား။
သန်းဝင်း
စာကိုး။
စိန်မိမိ....စိုက်ထူချင်သော အမှန်တရား
စစ်သားကောင်းကြီး
Reviewed by timeayeyar
on
5:36 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment