Sunday, December 30, 2018
ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် တိုင်းဒေသကြီး အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦ်ီးတင်မြင့်
အချိန်က၄-၆-၂၀၀၃
နေရာကမြောက်ဒဂုံ ဘေလီတံတားအဆင်း ၊ ထလရ (၂၆)
အကြောင်းအရာက ဒီပဲယင်းအရေးအခင်းနဲ့ဆက်နွယ်တယ်
အမေးအဖြေလုပ်နေကြတဲ့အသံတွေကို ကိုယ့်အခန်းထဲက
ကြားနေရတယ်...မကြာခင် ကိုယ့်အလှည့်လဲတဖန်
ပြန်လာဦးမယ်ဆိုတာသိတယ်..
မေးတာကိုဖြေနေတဲ့သူက -
တလာကမှကွယ်လွန်သွားတဲ့ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်
တိုင်းဒေသကြီး အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးလေးဦ်ီးတင်မြင့်
မေး- မင်းဘာလို့အဲဒီလူတွေကို မဲဆောက်ကိုပို့တာလဲ
ဖြေ-ကိုယ်ကူညီနိုင်တာကို ငါကူညီတာ
မေး-ဖွက်ထားတဲ့စာရွက်တွေနဲ့ဂြိုလ်တုဖုန်းကဘယ်မှာလဲ
ပေး...
ထုတ်မပေးလို့ကတော့ မအေရိုး သေဖို့သာပြင်
ဖြေ-ကျုပ်မှာမရှိတာကိုဘယ်လိုပေးရမှာလဲ
ဖြောင်းကနဲ...ဖြောင်းကနဲ...လေးငါးချက်ကြားလိုက်ရတယ်
မေး-မအေရိုး ၊ငါ-ိုးမသား ကုလားမပါတီထဲကိုေ-ာက်လုပ်
ေ-ာက်ကိုင်မရှိဝင် ... အုတ်နံရံကိုခေါင်းနဲ့တိုက်တယ်ဟုတ်လား....ဒုန်း...ဒုန်းနဲ့ကိုင်ဆောင့်နေပြန်တယ်...
ကိုယ့်ကိုအဲဒီနေ့သိပ်မစစ်ဖူး
ကိုယ်အပေါ့သွားမယ်ပြောလို့အပြင်ထွက်ရတယ်
ဦးလေးတင်မြင့်အခန်းတံခါးကို ခပ်ဟဟဖွင့်ထားတယ်
ပုဆိုးတစ်ထည်မှာသူ့ကိုစလွယ်သိုင်းပြီး အမိုးထိပ်ကသံချိတ်မှာချိတ်ဆွဲထားလို့ ချာလည်ချာလည်ဖြစ်နေတာကိုတွေ့ရတယ်
ဒါပေမဲ့ ကိုယ့်ကိုမြင်တော့ သူကပြုံးလို့
ကောက်နေတဲ့သူ့ရဲ့လက်ကလေးတစ်ဖက်နဲ့ နှုတ်ဆက်ရှာတယ်...
ဒီပုံရိပ်တွေကိုသေတောင်မမေ့ဖူးကွ ...
Soe July
ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် တိုင်းဒေသကြီး အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦ်ီးတင်မြင့်
Reviewed by timeayeyar
on
5:20 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment