Latest News

Monday, December 3, 2018

ဧရာဝတီတိုင်းဒေသကြီး၏ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများအပေါ် သဘောထားအမြင်များ

ဧရာဝတီတိုင်းဒေသကြီး၏ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများအပေါ်  သဘောထားအမြင်များ

ငွေဆောင်   ဒီဇင်ဘာ   ၂

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ မြှင့်တင်ပေးရန်နှင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များအား အလားအလာရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုပြပွဲကို နိုဝင်ဘာ ၃ဝ ရက်တွင် ငွေဆောင်ကမ်းခြေရှိ ယမုံနာဦးဟိုတယ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

အဆိုပါပြပွဲသည်    ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ   ရင်းနှီးမြှုပ်နှံမှုအခွင့် အလမ်းများကို ပြည်တွင်းပြည်ပ စီးပွားရေး လုပ်ငန်းရှင်များ ပိုမိုသိရှိနားလည်စေရန်နှင့် တိုင်းဒေသကြီးအတွက် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်မည့်       အထောက်အပံ့တစ်ခု ဖြစ်စေရန်ရည်ရွယ်၍      ကျင်းပခြင်းဖြစ်ရာ တိုင်းဒေသကြီးအတွင်း     ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ၊ လုပ်ငန်းများနှင့် ပတ်သက် ၍  ရင်းနှီးမြှုပ်နှံမှုအခြေအနေများ၊   လက်ရှိ ဆောင်ရွက်နေမှုများနှင့်   အနာဂတ်စီမံကိန်း များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ သဘောထား အမြင်များကို မေးမြန်းဖော်ပြလိုက်ပါသည်။

ဦးလှမိုးအောင်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်

ကျွန်တော်တို့နိုင်ငံအနေနဲ့   နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို        အလိုရှိနေပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဝင်လာမှ နိုင်ငံခြား ဝင်ငွေရမယ်။    အဲဒီအတွက်နိုင်ငံတော်က လည်းကြိုးစားနေသလို တိုင်းဒေသကြီးအနေ နဲ့ ကျွန်တော်တို့လည်းကြိုးစားဆောင်ရွက် နေပါတယ်။ လာပြီးရင်းနှီးမြှုပ်နှံနိုင်ဖို့အတွက် ကျွန်တော်တို့က   ကိုယ့်ဒေသမှာ   ဘယ်လို အခြေခံအဆောက်အအုံတွေရှိတယ်။ ရင်းနှီး မြှုပ်နှံဖို့အတွက်      အရင်းအမြစ်တွေ၊ ကမ်းရိုးတန်းတွေရှိတယ် အစရှိသဖြင့် ရင်းနှီး မြှုပ်နှံနိုင်ဖို့အတွက်   အလားအလာတွေကို ပိုမိုသိရှိလာပြီး  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ၊ ပြည်တွင်းက ရင်းနှီးမြှုပ်နှံမှုတွေ များပြားလာ ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အခုလို ပွဲကျင်းပရခြင်း ဖြစ်ပါတယ်။

ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်ပြဋ္ဌာန်းပြီးတဲ့ အချိန်မှာ ဧရာဝတီတိုင်းဒေသကြီးမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုက ခြောက်ခုလောက်ရှိပါတယ်။  ဒီနေ့အထိ ရင်းနှီးမြှုပ်နှံမှုပေါင်း ၁၆ ခုလောက် ရှိပါတယ်။  တော်တော်   အလားအလာကောင်း တဲ့အနေအထားမှာ  ရှိပါတယ်။   ဒါပေမယ့် အားရကျေနပ်မှုတော့      မရှိသေးပါဘူး။ ကျွန်တော်တို့ရဲ့ ကမ်းရိုးတန်းမိုင်က ၂၇၂ မိုင်ရှိတဲ့အတွက် အပန်းဖြေကမ်းခြေလုပ်နိုင်ခွင့်တွေအများကြီး ရှိတယ်။

ရင်းနှီးမြှုပ်နှံမှုနေရာတွေ  အများကြီးရှိ တဲ့  မဟာဗျူဟာကျတဲ့   ကမ်းရိုးတန်းကြီး ရှိပြီးတော့  ဒီကနေ  ရေနက်ဆိပ်ကမ်းတစ်ခုလို ထွက်ပေါက်ရှိမယ်ဆိုရင်   သူနဲ့ဆက်စပ်တဲ့ လုပ်ငန်းတွေ  အများဆုံးဝင်လာပြီး   နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု  များလာမယ်။ ကျွန်တော်တို့ ဒေသမှာ ကျွမ်းကျင်အလုပ်သမားတွေ၊ နိုင်ငံရဲ့ ပညာရှင်တွေ၊      နိုင်ငံတကာက     လူတွေနဲ့ ပူးပေါင်းလုပ်ကိုင်ခြင်းအားဖြင့် အလုပ်အကိုင် အခွင့်အလမ်းတွေရမယ်။ နိုင်ငံတော်အတွက် လည်း   အခွန်အခတွေရမယ်။   အဲဒီလို ရည်ရွယ်ချက်နဲ့ ဆောင်ရွက်နေတာ ဖြစ်ပါ တယ်။ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုအတွက် အခြေအနေကောင်းတွေ အများကြီးရှိပါတယ်။

ဒေါက်တာ အောင်မိုးညို
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်

ဒီမှာပြခန်းတွေကိုကြည့်လိုက်ခြင်းအားဖြင့်   ရေနံနဲ့ဓာတ်ငွေ့သိုက်ရှာတဲ့   ကိစ္စ၊ အပန်းဖြေတဲ့   နေရာတို့၊   ခရီးသွားလုပ်ငန်း အဆင့်မြှင့်တင်မယ့်        ကိစ္စတွေအတွက် အများကြီး အလားအလာကောင်းတဲ့အတွက် အားကျပါတယ်။ သို့သော်လည်း ကျွန်တော် တို့  တိုင်းဒေသကြီးမှာကတော့  ဒါမျိုးတွေ လုပ်လို့မရပါဘူး။   လုပ်လို့ရတာတွေတော့ လုပ်နေပါတယ်။ ထိုင်းကုမ္ပဏီတစ်ခုနဲ့ သရက် မြို့မှာ ကုန်းတွင်း ရေနံရှာဖွေစမ်းသပ်တူးဖော် မှုတွေ လုပ်သွားမယ်။  ရခိုင်နဲ့ ဧရာဝတီတိုင်း ဒေသကြီးတို့လို       ဓာတ်ငွေ့သိုက်တွေ့ဖို့   အလားအလာတော့ မသိသေးပါဘူး။   JICA    အနေနဲ့လည်း နှမ်းနက်ဆီမွှေး စက်ရုံတည်ဖို့ လေ့လာနေပါ တယ်။ ရင်းနှီးမြှုပ်နှံမှုအနေနဲ့ ကျွန်တော်တို့ တိုင်းဒေသကြီးအတွင်းမှာတော့ ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ပြီး    တတ်နိုင်သမျှ လာအောင် လုပ်နေပါတယ်။

ဦးအောင်နိုင်ဦး (ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန   ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ      ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး)

ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ရင် ၂ဝ၃ဝ ပြည့်နှစ်အထိ   စီမံကိန်းဆွဲထားတာရှိပါတယ်။ မြန်မာနိုင်ငံ   ရင်းနှီးမြှုပ်နှံမှု   မြှင့်တင်ရေး စီမံကိန်းဆိုပြီး  အဲဒီစီမံကိန်းကို  အခြေခံပြီး တစ်ဆင့်ပြီးတစ်ဆင့် ကျွန်တော်တို့ အကောင် အထည်ဖော်ဆောင်ရွက်နေတယ်။   တစ်နှစ် ထက်တစ်နှစ်    ပိုပြီးတော့   တိုးတက်လာလိမ့် မယ်လို့ မျှော်မှန်းထားပါတယ်။ ဧရာဝတီတိုင်း ဒေသကြီးကတော့ လက်ရှိအနေအထားအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့   ပတ်သက်ရင် ထိပ်ဆုံးရောက်နေတဲ့   အထဲမှာတော့   မပါ သေးပါဘူး။   သို့သော်လည်း    အခုကျင်းပတဲ့ ပြပွဲကြီးရဲ့ရလဒ်၊  တိုင်းဒေသကြီးရဲ့  အနေ အထား အခြေအနေတွေကြောင့် နောင်နှစ် တွေမှာတော့   ဒီထက်ရင်းနှီးမြှုပ်နှံမှုတွေဝင် လာလိမ့်မယ်လို့ သုံးသပ်ပါတယ်။ ဧရာဝတီ တိုင်းဒေသကြီးအတွင်း အနာဂတ် အစီအစဉ် အနေနဲ့ ရန်ကုန်မြို့နဲ့ ချိတ်ဆက်နိုင်မယ့် စင်္ကြံ လမ်းတွေ ပေါ်ပေါက်လာဖို့ရှိတယ်။ လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားတွေကိုလည်း    ဖြည့်ဖို့ စီမံကိန်းတွေကိုလည်း    မကြာခင်စတင် အကောင်အထည်ဖော်ဖို့ရှိတယ်။      တိုင်း ဒေသကြီးအစီအစဉ်နဲ့   အကောင်အထည် ဖော်မယ်။   စက်မှုဇုန်တွေလည်းရှိတယ်။ ဒါကြောင့် တိုင်းဒေသကြီးအတွက် အနာဂတ် လုပ်မယ့် စီမံကိန်းတွေဟာ တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်မှုတင်မက တစ်နိုင်ငံလုံးအတွက် အကျိုးရှိမယ်လို့မြင်ပါတယ်။

ဦးညီညီထွန်း(ဆောက်လုပ်ရေးလုပ်ငန်းရှင်)

ဒီပွဲဟာ ကျွန်တော်တို့ ဧရာဝတီတိုင်း ဒေသကြီးအတွက် အခွင့်အရေး၊ အခွင့်အလမ်း တစ်ခုပါပဲ။   ကျွန်တော်တို့  တိုင်းဒေသကြီး အတွင်းမှာ လက်ရှိတင်ပြနေတဲ့ လုပ်ငန်းတွေ အများကြီးရှိပါတယ်။ စက်မှုဇုန်စီမံကိန်းတွေ၊ အိမ်ရာစီမံကိန်းတွေရှိတယ်။ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုသာ  ဝင်လာမယ်ဆိုရင် အလုပ်အကိုင် အခွင့်အလမ်းနဲ့       ဖွံ့ဖြိုးတိုးတက်မှုတွေ အများကြီးရရှိလာနိုင်မှာ ဖြစ်ပါတယ်။

ဦးဝင်းမြင့်လှိုင်
ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့်   စက်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ

ဒီပွဲကို ကျွန်တော်တို့စောင့်စားမျှော်လင့် ခဲ့တာကြာပါပြီ။ ဧရာဝတီတိုင်း ဒေသကြီးဟာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့အတွက်   အရင်း အမြစ်တွေြ<ွကယ်ဝတဲ့   တိုင်းဒေသကြီးပါ။ ဒေသခံတွေအနေနဲ့သာ     ဖော်ဆောင်ရင် အချိန်တွေအများကြီးကြာမှာပါ။    ဒါကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့အတူ ဂျပန်နိုင်ငံ က အဖွဲ့အစည်းတွေက ပြည်ပရင်းနှီးမြှုပ်နှံမှု တွေ ဝင်လာအောင် ဆောင်ရွက်နေတာပါ။ ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် နိုင်ငံတကာက  ကျွန်တော်တို့တိုင်းဒေသကြီးရဲ့ အချက်အလက် တွေကို သိရှိသွားမယ်။ သူတို့အနေနဲ့စိတ်ဝင်စား ပြီးတော့ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာမယ် လို့    မျှော်လင့်ထားပါတယ်။   အခုဆိုရင်   ပြည်တွင်းရင်းနှီးမြှုပ်နှံမှုအနေနဲ့ ပုသိမ်စက်မှု ဇုန်ကိုလည်း ဆောင်ရွက်နေပါပြီ။ ရင်းနှီးမြှုပ်နှံ မှုတွေလည်း စတင်ပြီးဝင်လာနေပါပြီ။  ပြည်ပ အနေနဲ့ကတော့ နည်းနေပါသေးတယ်။

တွေ့ဆုံမေးမြန်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်(ကြေးမှုံ)

No comments:

Post a Comment