Latest News

Saturday, December 1, 2018

စပါးအသင်းမှ ဟယ်ရီကိန်း၊ ဒီလီအလီနှင့် အဲရစ်ဆင်တို့ကို ခေါ်ယူမည်မဟုတ်ဟု မော်ရင်ဟိုပြောကြား

စပါးအသင်းမှ ဟယ်ရီကိန်း၊ ဒီလီအလီနှင့် အဲရစ်ဆင်တို့ကို
ခေါ်ယူမည်မဟုတ်ဟု မော်ရင်ဟိုပြောကြား

မန်ယူအသင်းသည် လက်ရှိတွင်    အသင်း၏ တိုက်စစ်ပိုင်းနှင့် ကွင်းလယ်ပိုင်းကို အားဖြည့်ရန် စီစဉ်လျက်ရှိသော်လည်း စပါးအသင်းမှ   ဟယ်ရီကိန်း၊ ဒီလီအလီနှင့် အဲရစ်ဆင်တို့ကို ခေါ်ယူမည်မဟုတ်ကြောင်း မန်ယူအသင်းနည်းပြ မော်ရင်ဟိုက ပြောကြားခဲ့သည်။

မန်ယူအသင်းအနေဖြင့် ဆောက်သမ်တန်အသင်းနှင့် ပွဲစဉ်မကစား မီတွင်  ပရီမီယာလိဂ်အမှတ်ပေးဇယား၏  ထိပ်ဆုံးတွင်  ဦးဆောင် လျက်ရှိသည့် မန်စီးတီးအသင်းနှင့် ရမှတ် ၁၄ မှတ်အထိကွာဟနေပြီး အဆင့်လေးနေရာတွင်ရပ်တည်လျက်ရှိသည့် ချယ်လ်ဆီးအသင်းနှင့် ရမှတ်ခုနစ်မှတ်အထိ ကွာဟနေကြောင်း သိရသည်။

လက်ရှိတွင် မန်ယူအသင်းသည် ကစားသမားခေါ်ယူမှုအနေဖြင့် ဈေးကြီးသည့်ကစားသမားများကိုခေါ်ယူနိုင်မည်မဟုတ်ကြောင်းလည်း နည်းပြမော်ရင်ဟိုက ပြောကြားခဲ့သည်။

သမိုင်းကြောင်းအရဆိုပါက ၂ဝဝ၆ ခုနှစ် ဇွန်လအတွင်းက မန်ယူအသင်းနှင့် စပါးအသင်းတို့၏ ကြားတွင်   အဟန့်အတားများ ရှိခဲ့ပြီး မိုက်ကယ်ကားရစ်နေရာတွင် အစားထိုးရန် စပါးတိုက်စစ်မှူး ရွိုင်းကိန်းကို ခေါ်ယူရန်ကြိုးပမ်းခဲ့ရာတွင်လည်း    အောင်မြင်မှုမရှိခဲ့ ကြောင်း သိရသည်။

ယင်းသို့ခေါ်ယူရန်ကြိုးပမ်းခဲ့ပြီးနောက် နှစ်နှစ်အကြာတွင် စပါး အသင်းနှင့်အတူ ဘောလုံးရာသီနှစ်ရာသီကြာ ထိပ်တန်းဂိုးသွင်းရှင် ဖြစ်ခဲ့သည့် ဘူလ်ဂေးရီးယားတိုက်စစ်မှူး ဘာဘာတော့ဗ်ကို အသင်း၏ စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်သည့် ပြောင်းရွှေ့ကြေးပေါင် ၃ဝ ဒသမ ၇၅ သန်းဖြင့် မန်ယူအသင်းက ခေါ်ယူခဲ့သည်။

သို့ရာတွင် မန်ယူအသင်းနည်းပြ မော်ရင်ဟိုအနေဖြင့် စပါးအသင်း မှ ကစားသမားများဖြစ်သည့် ဟယ်ရီကိန်း၊ ဒီလီအလီ၊ အဲရစ်ဆင် စသည့်ကစားသမားများကို အိုးထရက်ဖို့ဒ်သို့ ခေါ်ယူမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

The Mirror

No comments:

Post a Comment