Latest News

Saturday, September 29, 2018

ရွှေတိဂုံကုန်းတော် ကြံ့ခိုင်ရေး Retaining Wallတည်ဆောက်မည်

ရွှေတိဂုံကုန်းတော် ကြံ့ခိုင်ရေး
Retaining Wallတည်ဆောက်မည်

ရွှေတိဂုံစေတီတော်မြတ်ကြီး၏ မြေထိန်းနံရံနှင့် မဟာတံတိုင်းများကို အားဖြည့် ထောက်ကူမည့်Retaining Wall တည်ဆောက်ရေး အစီအစဉ်နှင့်ပတ်သက်၍ နည်းပညာပိုင်းဆိုင်ရာ ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက လှိုင်တက္ကသိုလ် နယ်မြေရှိ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၌ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းဥက္ကဋ္ဌ ဦးအောင်မြင့်၊ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ဌေး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန  အဆောက်အဦဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးသိန်းဇော်၊ တံတားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးနေအောင်ရဲမြင့်၊ ဘူမိဗေဒပညာရှင်ဒေါက်တာယုမောင်၊ ဌာနဆိုင်ရာ များ၊ အင်ဂျင်နီယာကျွမ်းကျင်ပညာရှင်များ တက်ရောက်ဆွေးနွေးကြသည်။

''ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ မဟာတံတိုင်းလေးဆင့်ရှိပါတယ်။ ပထမ၊ ဒုတိယနဲ့ တတိယ မဟာတံတိုင်းတွေကRetaining Wall တွေပါ။ စတုတ္ထ တံတိုင်းကတော့ ခြံစည်းရိုးသဘောပါပဲ။ အခုကတော့ ရွှေတိဂုံစေတီတော်ကြီးရဲ့ အနောက်ဘက်နဲ့ အနောက်တောင်ဘက်မှာ မြေနိမ့်ကျမှုဖြစ်စဉ်တွေရှိနေပါတယ်။ ဒါကြောင့်မို့ ၁၄ ဧကကျယ်ဝန်းတဲ့ ရင်ပြင်ရဲ့အပြင်ဘက် အနောက် တောင်ဘက်ထောင့်မှာ  RC  Retaining Wall ပြုလုပ်မယ့်ကိစ္စကို အင်ဂျင်နီယာ အသင်းမှာ ဆွေးနွေးကြတာပါ။ ဒီရလဒ်အပေါ်မှာ ဒီဇိုင်းပြန်လုပ်ပြီး သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနဲ့  ဂေါပကအဖွဲ့ကို  တင်ပြပြီး လုပ်ငန်းဆောင်ရွက်သွား မှာ ဖြစ်ပါတယ်'' ဟု ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောသည်။

ရွှေတိဂုံစေတီတော် ရင်ပြင်အကျယ် ၁၄ ဧကရှိပြီး ဝတ္တကမြေ မှာ ၁၁၄ ဧကရှိကြောင်း၊  ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် လွန်ခဲ့သော နှစ် ၅ဝ လောက်ကတည်းက  ရင်ပြင်တော်နှင့်  ဝတ္တကမြေပြုပြင်ထိန်းသိမ်းရေးကို ဆောင်ရွက်ခဲ့ကြောင်း၊ ၁၉၇၂ တွင်  တစ်ကြိမ်၊ ၁၉၇၆ ခုနှစ်တွင်  ရာဟုထောင့် မြေပြိုမှုဖြစ်စဉ်တွင်တစ်ကြိမ်၊ ယင်းနောက်တွင်လည်း ပြုပြင်ထိန်းသိမ်းရေးကို လေးကြိမ်ခန့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။               

မြင့်မောင်စိုး

No comments:

Post a Comment