Latest News

Wednesday, September 5, 2018

ရေမဆေးကျောက်ရှာဖွေသူများနှင့် လုပ်ကွက်လုံခြုံရေး ရဲတပ်ဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွား ...

ရေမဆေးကျောက်ရှာဖွေသူများနှင့် လုပ်ကွက်လုံခြုံရေး ရဲတပ်ဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွား ...

စက်တင်ဘာ - ၆

       ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု နမ့်မှော်ကျေးရွာ နှင့်  မော်လကင်ကျေးရွာအနီးက ရတနာစမ်းရွှင် (ဝါ) ကျောက်စိမ်းသစ်ရွက် လုပ်ကွက်အတွင်းမှာ ရေမဆေးကျောက်ရှာဖွေသူတွေနဲ့ လုပ်ကွက်လုံခြုံရေးရဲတပ်ဖွဲ့ရဲတပ်ရင်းအမှတ်(၃၀) တို့  ပဋ္ဋိပက္ခအနည်းငယ် ဖြစ်ပွားခဲ့လို့ ရဲတပ်ဖွဲ့က ခြောက်လှန့်ပစ်ခတ်ပြီး ထိမ်းသိမ်းခဲ့ရတယ်လို့  အခင်းဖြစ်ပွားတဲ့နေရာကို ရောက်ရှိနေတဲ့ ရေမဆေးသမားတစ်ဦးကပြောပါတယ် ။

       ဒီမနက် ၆.၉.၂၀၁၈ နေ့ နံက ၉ နာရီကျော်လောက်က ရတနာစမ်းရွှင်ကုမ္မဏီ မော်လကင် အောက်လုပ်ကွက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒဏ်ရရသူ ၊ သေဆုံးသူ မရှိဘူးလို့လည်း သိရပါတယ် ။

     ဖားကန့်ကျောက်စိမ်းတွင်းဒေသဟာ ရေမဆေးကျောက်ရှာဖွေသူတွေနဲ့ လုပ်ကွက်လုံခြုံရေး ရဲတပ်ဖွဲ့ကြား မကြာခဏဆိုသလို ပဋ္ဋိပက္ခဖြစ်ပွားလေ့ရှိပြီး ၂၀၁၇ ခုနှစ်တနှစ်ထဲမှာပင် လုပ်ကွက်လုံခြုံရေး အဖွဲ့၏ပစ်ခတ်မှုကြောင့် ရေမဆေးလုပ်သား ဆယ်ဦးထက်မနည်း သေဆုံးခဲ့ပြီးလည်း ဖြစ်ပါတယ် ။

ဇော်မိုးထက် ( ဖားကန့် )

No comments:

Post a Comment