မိုနာကိုမှာ ကော်ဇောနီပေါ် အတူလျှောက်လှမ်းခဲ့ကြတဲ့ဒေးဗစ်နဲ့ ဗစ်တိုးရီးယားဘတ်ခမ်း
ဘောလုံးကြယ်ပွင့် ဒေးဗစ်ဘတ်ခမ်းနဲ့ ဒီဇိုင်နာတစ်ဦးအဖြစ်လည်း ကျော်ကြားသူ ဗစ်တိုးရီးယားဘတ်ခမ်းတို့ ဇနီးမောင်နှံဟာ ပြီးခဲ့တဲ့ နှစ်လတာအတွင်း သူတို့ နှစ်ဦးကို အတူတွဲဖက်သွားလာခဲ့တာ မမြင်ခဲ့ရပါဘူး။ ဒါပေမယ့် လတ်တလော မှာ မိုနာကိုမှာ ပြုလုပ်ခဲ့တဲ့ အခမ်းအနားတစ်ခုကိုတော့ အတူတက်ရောက်လာခဲ့ ကြတာဖြစ်ပါတယ်။ ဒီလို မောင်နှံစုံ ကော်ဇောနီပေါ် လွော်က်လှမ်းခဲ့ခြင်းဟာ ပြီးခဲ့တဲ့ သုံးနှစ်တာကာလအတွင်း ပထမဆုံးအကြိမ် ဖြစ်တယ်လို့လည်း အီးအွန်လိုင်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
အသက် ၄၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေးဗစ်ဘတ်ခမ်းနဲ့ ၄၄ နှစ်အရွယ် တေးသံရှင်နဲ့ ဒီဇိုင်နာတစ်ဦးဖြစ်သူ ဗစ်တိုးရီးယားဘတ်ခမ်းတို့ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က မိုနာကိုမှာ ပြုလုပ်ခဲ့တဲ့ ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ ချန်ပီယံလိဂ်မဲခွဲပွဲကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။
အေးပြည့်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment