Latest News

Friday, September 14, 2018

နရသိန်အကျဉ်းထောင်ထဲက သူလိုလူ ။(၁)


တခါတလေ တိုက်ဆိုင်မှုတွေ ကြုံ့ တိုင်း အတိတ်ဖြတ်သန်းမှုတွေကို အမှတ်တရဖြစ်လာရင် နိုင်ငံရေးအကျဉ်းသားဘ၀ စစ်ကျွန်ခေတ် အကျဉ်းထောင်တွေထဲမှာ သေဖော်သေဖက်၊ ငတ်ဖော်ငတ်ဖက်နဲ့  မရှိအတူ ရှိရင် ဝေမျှ စားသောက်ရင်း ရန်သူရဲ့ နှိပ်စက်ညှင်းပန်းသမျှ ကြံ့ကြံ့ခံ အံတုကြရင်း နရသိန်အခန်းကျဉ်းလေးတွေထဲ အတူနေထိုင်ခဲ့တဲ့ လူဟောင်းတွေကို သတိရနေမိတာတော့အမှန်ပါပဲ။ ကိုယ်က အသက်ရှင် ကျန်ရစ်ခဲ့လို့  စစ်ကျွန်ခေတ်ရဲ့ နိုင်ငံရေးဖြတ်သန်းမှုတွေကို ပြန်ပြောပြလေးတိုင်းမှာလဲ သူတို့ အကြောင်းလေးတွေက ပါလာပြန်ခဲ့ပါသည်။

ဝမ်းနည်းစရာအကောင်းဆုံးက သူတို့ အကြောင်းတွေကို ပြန်ပြောပြနေချိန်မှာ အများစုက သက်ရှိထင်ရှား မရှိကြတော့ပြန်တော့ချေ။ သူတို့ အကြောင်းတွေကို ကျုပ်တို့ ကမှ ပြန်မပြောပြရင် သူတို့ ကို ဘယ်သူကမှလဲ သိကြတော့မှာ မဟုတ်သလို့ ၈၈ အရေးတော်ပုံးကြီးကို လက်နက်အားကိုနဲ့  အာဏာသိမ်း အနိုင်ယူခဲ့ကြသူတွေရဲ့ လုပ်ရပ်ဟာလဲ သမိုင်းမှာ ပျောက်ကွယ်သွားကြပြီး ၈၈ အရေးတော်ပုံကြီးရဲ့သမိုင်း အမှန်ဆိုတာတောင် ကျန်ခဲ့တော့မှာ မဟုတ်တော့ပါ။ ၁၉၈၈ ကနေ ၂၄ နှစ်လောက်ကို တည်ဆဲဥပဒေဆိုတဲ့ ပါးစပ်ဥပဒေနဲ့  ဘာရွေးကောက်ပွဲမှမရှိ ဘာမှုမှ မရှိပဲ အုပ်ချုပ်ခဲ့လိုက်တာ တိုင်းပြည်ကြီးက အကြွေးတွေဝိုင်းဝိုင်းလည်၊ ရေပေါ်၊ မြေအောက် တိုင်းပြည်ရဲ့ သံယံဇတတွေလဲကုန်။ ပြည်သူတွေလဲ ဆင်းရဲလိုက်ကြတာ ထမင်းနပ်မမှန်သူတွေတောင်များလာခဲ့ပြီး အုပ်ချုပ်သူတွေက ဆွေစဉ် မျိုးဆက် စားမကုန်အောင်ကို ချမ်းသားသွာကြတော့တာပါပဲ။ အဲ့ဒီလို လူမျိုးတွေ အဲ့ဒီလို့ အုပ်ချုပ်သွားခဲ့တဲ့  ခေတ်မျိုးကို စစ်ကျွန်ခေတ်လို့ မှ မခေါ်ဘူးဆိုရင် ဘယ်လို ခေါ်ကြပါမလဲ။ ထိုလူတန်းစားတွေကို တော်လှန်ကြဖို့  ကျုပ်တို့ တွေ ကြိုးစားကြံဆကြတဲ့အခါမှာ သူတို့ ရဲ့အကျဉ်းစခန်းတွေထဲမှာ ကျုပ်တို့ အသက်တွေ၊ ဘ၀တွေကို ပိတ်လှောင်စတေးခံခဲ့ကြရပြန်ခဲကြရသေးသည်။ အဲ့ဒီလို စတေးခံခဲ့ရသူတွေထဲမှာ ကျုပ်အမြဲသတိရသူတွေထဲက တယောက်ဖြစ်တဲ့သူက အဘရှိန်ပါပဲ။

သူက အင်းစိန်သီးသန့် ထောင်မှာအသက်ကြီးဆုံး ရှေ့ မှီနောက်မှီ လူကြီးတယောက် သူ့ အတွေ့ အကြုံတွေ ဘ၀ဖြတ်သန်းမှုတွေကို ပြောပြနေတက်သူ ထောင် ၁၀နှစ်ချထားခံခဲ့ရသူ ။ ပျော်ပျော်ပဲနေတက်ပြီး စစ်ကျွန်ခေတ်မှာ သူရယ်၊ သူသမတ် ကိုညီညီရယ်၊ သူတူ ကိုရဲနိုင်ဝင်ရယ် တမိသာစုမှာ လူ ၃ ယောက်ထောင်ကျခဲ့ပြန်သေးသည် ။ ကျန် ၂ ယောက်က အပြင်ပြန်ရောက်အောင် ထွက်လာခဲ့ပေမဲ့ သူကတော့ စစ်ကျွန်ငရဲစခန်း တောင်ငူထောင်မှာ ကျဆုံးခဲ့ရရှာသည် ။ သူနဲပတ်သတ်တဲ့အမှတ်ရစရာတွေက အများကြီးရှိခဲ့ဖူးခဲ့သည် ။ တခါတလေလဲ နောက်နောက်ပြောင်ပြောင် တခါတလေလဲ တည်တည်တန့် တန့် တွေ ပြောဆို ဆွေးနွေး တယောက်သိတဲ့အသိတရား အတွေ့ အကြုံ့ တယောက်ကို တယောက် လက်ဆင့်ကမ်းကြနဲ့  စာအုပ်မဲ့ ဘ၀တက္ကသိုလ်ကျောင်းကြီးထဲမှာ အပြင်လောကမှာ စာဖတ်များသူ၊ အသက်အရွယ်အရ ကြီးပြီး အတွေ့ အကြုံ့ သမိုင်းဆိုင်ရာဖြတ်သန်းမှုများသူတွေက နုတ်နဲ့ လက်ဆင့်ကမ်းရင် လေ့လာသင်ကြား မှတ်သားသူတွေက နားနဲ့ နားထောင်ကြရင်း ဘ၀တက္ကသိုလ်ရဲ့ နေ၀င်ညတွေကို ကျော်ဖြတ် အောင်မြင်အောင် ကြိုးစားခဲ့ကြရတာပဲ မဟုတ်ပါလား။ အဲ့ဒီလိုနေ့ ရက်တွေရဲ့တနေ့ မှာပေါ့။ ရက်တရက်ရဲ့ ၂၄ နာရီရှိနေတဲ့ထဲက မိနစ်(၃၀)လောက်လေးသာ ရေချိုး၊ မိလ္လာချ၊ အညှောင်ပြေ အချိန်ပိုလေးအတွင်း လမ်းလျှောက်ကြရင်း အဘရှိန်နဲ့ စကားပြောနေကြ လမ်းလျှောက် စကားပြောကြရင်က -------

အဘက လူကြီးဆိုတော့ ဗမာပြည်ကွန်မြူနစ်ပါတီ ဘာလို့ နှစ်ခြမ်းကွဲခဲ့တာလဲဆိုတော့ ။

'''''အေး--မသိရင်မှတ်တာ သခင်စိုးနဲ့ သခင်သထွန်းတို့  ၂ ယောက် ဗမာပြည်ကို ရှေ့ မှာထားမယ် တယောက်က နောက်မှာထားမယ်ဆိုပြီ ငြင်းကြရင် ကွဲသွားခဲ့တာ ''''''

အဲဒီလို့ ပဲ မှတ်ထားလိုက်ကွာဆိုပြီး နောက်ပါလေရော။ သူက လူကြီးဆိုပေမဲ့  တခါတလေလဲ အဲ့ဒီလို အရွှင့်အနောက်ကလေး အသောဖောက်ပြီး စကားပြောတက်သူပါ။
သခင်စိုးကြီးက ကွန်မြူနစ်ပါတီ (ဗမာပြည်)(အလံနီ)
သခင်သန်းထွန်က ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)။
သူက အဲ့ဒီလိုပဲ နောက်နောက်ပြောင်ပြောင်ပဲ နိုင်ငံရေးနဲ့ ထောင်ကျနေကြသော အမောင်ကျောင်းသားတွေနဲ့ ပျော်ပျော်နေသွားခဲ့သူတယောက်လဲ ဖြစ်သည်။
မှတ်မှတ်ရရ သူက ကျနော်တို့ နေထိုင်ခဲ့တဲ့ စစ်ကျွန်ခေတ် အကျဉ်းစခန်းတွေထဲက တခုဖြစ်တဲ့  အင်းစိန်သီးသန့် ထောင် တိုက်ဆောင်(၂)ကို ၁၉၉၄ ခုနှစ် ( ) လောက်မှာ ရောက်လာခဲ့တာဖြစ်သည်။

(ဆက်ရန်)

ထွန်းထွန်း(အရေးတော်ပုံတပ်သား)

၀၉-၀၉-၁၈

No comments:

Post a Comment