Latest News

Thursday, September 20, 2018

မြို့တော်ဆိုးလ်သို့ မြောက်ကိုရီးယားခေါင်းဆောင် လာရောက်မည်ဟု တောင်ကိုရီးယားသမ္မတပြော

မြို့တော်ဆိုးလ်သို့ မြောက်ကိုရီးယားခေါင်းဆောင် လာရောက်မည်ဟု တောင်ကိုရီးယားသမ္မတပြော

ဆိုးလ် စက်တင်ဘာ ၁၉

မဝေးသော အနာဂတ်ကာလတွင် တောင်ကိုရီးယားနိုင်ငံ မြို့တော်ဆိုးလ်သို့ သမိုင်းဝင်ခရီးအဖြစ် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန် လာရောက်နိုင်ကြောင်း တောင် ကိုရီးယားသမ္မတ   မွန်းဂျယ်အင်းက  မြို့တော်ပြုံယမ်း တွင်  ကင်နှင့် ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီးနောက် စက်တင်ဘာ ၁၉ ရက်တွင် ပြောကြားလိုက်သည်။

ထူးခြားအခြေအနေများ ဖြစ်ပေါ်လာခြင်း မရှိပါက ယခုနှစ်အတွင်းမှာပင် မြို့တော်ဆိုးလ်သို့ မြောက်ကိုရီးယား ခေါင်းဆောင်  လာရောက်နိုင်ကြောင်း   သမ္မတမွန်းက အတည်ပြုပြောကြားသည်။ သမ္မတမွန်းသည် မြောက် ကိုရီးယား၏ အဏုမြူလက်နက်များ ဖျက်သိမ်းရေးနှင့် ပတ်သက်၍ ကြိုးပမ်းအားထုတ်မှုများ အရှိန်အဟုန်မြှင့်တင် နိုင်ရန် ရည်ရွယ်လျက် မြို့တော်ပြုံယမ်းသို့ သွားရောက်ခဲ့ သည်။ 

မြောက်ကိုရီးယားနိုင်ငံ တောင်ချန်းရီဒေသရှိ ဒုံးပျံ အင်ဂျင်စမ်းသပ်ရေးစခန်းနှင့် ဒုံးပျံလွှတ်တင်ရေးစခန်းတို့ ကို သက်ဆိုင်ရာနိုင်ငံများမှ ကျွမ်းကျင်သူပညာရှင်များ၏  ရှေ့မှောက်တွင် ထာဝရပိတ်သိမ်းရန် မြောက်ကိုရီးယား ခေါင်းဆောင်က သဘောတူညီခဲ့ကြောင်း သမ္မတမွန်းက ဆက်လက်ပြောကြားသည်။

မြောက်ကိုရီးယားနိုင်ငံ ပြုံကန်မြောက်ပိုင်းပြည်နယ်  ချိုဆန်းစီရင်စုရှိ ဟိုဟေးစခန်း၌ ဒုံးပျံစမ်းသပ်ပစ်ခတ်မှု အများအပြားကို မြောက်ကိုရီးယားက လုပ်ဆောင်ခဲ့ပြီး ဖြစ်သည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် များအရ မြောက်ကိုရီးယား၏ ပဲ့ထိန်းဒုံးပျံအစီအစဉ်ကို ပိတ်ပင်တားမြစ်ထားသည်။ သို့ရာတွင် မြောက်ကိုရီးယား သည် ပြုံယမ်းလေဆိပ်အပါအဝင် အခြားနေရာ အများ အပြားကိုလည်း ရော့ကက်ဒုံးပျံများ စမ်းသပ်ပစ်ခတ်နိုင် ရန် အသုံးပြုခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကတိပြုခဲ့ သည့်အတိုင်း ဒုံးအင်ဂျင်စမ်းသပ်ရေးစင်မြင့်တစ်ခုအား မြောက်ကိုရီးယားအလုပ်သမားများက ဖျက်သိမ်းနေပုံကို သြဂုတ်လအတွင်း ပေါ်ထွက်ခဲ့သော ဂြိုဟ်တုဓာတ်ပုံများ အရ သိရှိရသည်။

အမေရိကန်သည် သင့်တင့်လျောက်ပတ်သော အစီ အမံများအတိုင်း ဆောင်ရွက်မည်ဆိုပါက ယုံဗြောင်အဏုမြူ စခန်းကို မြောက်ကိုရီးယားက ပိတ်သိမ်းပေးနိုင်ကြောင်း သမ္မတမွန်းက ပြောကြားသည်။

Mirror

No comments:

Post a Comment