Latest News

Saturday, September 29, 2018

ငါးသိုင်းချောင်းမြို့ ပုဂ္ဂလိကမော်တော်ယာဉ်များ သုံးရက်ကြိုတင်ပြီး ယာဉ်စီးခများတိုးတောင်း

ငါးသိုင်းချောင်းမြို့ ပုဂ္ဂလိကမော်တော်ယာဉ်များ သုံးရက်ကြိုတင်ပြီး ယာဉ်စီးခများတိုးတောင်း

ရေကြည် စက်တင်ဘာ ၂၉ 

ရေကြည်မြို့နယ် ငါးသိုင်း ချောင်းမြို့တွင် မော်တော်ယာဉ်စီးခ  များကို ယခင်ငါးသိုင်းချောင်း-ရန်ကုန်ကျပ်၂၅ဝဝ၊ ငါးသိုင်းချောင်း- ပုသိမ် ကျပ် ၁၅ဝဝ၊ ငါးသိုင်း ချောင်း-ဟင်္သာတ ကျပ် ၁၅ဝဝ  ဖြင့် ပြေးဆွဲလျက်ရှိပြီး ယမန် နေ့မှစပြီး ဆုံးဖြတ်ထားသည့်ရက် ထက် သုံးရက်စောပြီး မော်တော် ယာဉ်စီးခများဖြစ်သည့်  ရန်ကုန်- ငါးသိုင်းချောင်း ကျပ် ၃၅ဝဝ၊ ငါး သိုင်းချောင်း-ပုသိမ် ကျပ် ၂၅ဝဝ၊  ငါးသိုင်းချောင်း-ဟင်္သာတ ကျပ် ၂၅ဝဝ တိုးတောင်းလျက်ရှိကြောင်း ခရီးသွားရန်ကားလက်မှတ်ဖြတ် သူများက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးပုသိမ် ခရိုင် ရေကြည်မြို့နယ်  ငါးသိုင်း ချောင်းမြို့  ကားပိုင်ရှင်များနှင့် ပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်း ယာဉ်များစနစ်တကျပြေးဆွဲရေးကော် မတီမှ ယခုလ၂၃ရက်က အစည်း အဝေးဆုံးဖြတ်ချက်အရ လက်ရှိ တောင်းခံနေသော မော်တော် ယာဉ်စီးခနှုန်းထားများ လွန်စွာ နည်းသောကြောင့် လိုင်းပေါင်း စုံကားများ စုံလင်အောင်မထွက် နိုင်ဖြစ်နေသောကြောင့် ခရီးသွား ပြည်သူများ အဆင်ပြေစွာသွား လာနိုင်စေရန် မော်တော်ယာဉ်များ နေ့စဉ်ထွက်ရှိနိုင်ရေးအတွက် ကား ခနှုန်းထားများကို အောက်တိုဘာ ၁ ရက်မှစ၍ငါးသိုင်းချောင်း-ရန်ကုန်  ခရီးစဉ် ကျပ် ၃၅ဝဝ၊ ငါးသိုင်း ချောင်း-ပုသိမ်ကျပ်၂၅ဝဝ၊ငါးသိုင်း ချောင်း-ဟင်္သာတ ကျပ် ၂၅ဝဝ၊  ရေကြည်-ရန်ကုန် ကျပ် ၃ဝဝဝ၊  ရေကြည်-ပုသိမ်နှင့် ရေကြည်-ဟင်္သာတခရီးစဉ်ကို ကျပ် ၂ဝဝဝ ဖြင့် ပြင်ဆင်တောင်းခံသွားမည် ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။

မင်းဇော်ဦး(ရေကြည်)

No comments:

Post a Comment