Latest News

Wednesday, September 26, 2018

သမိုင်းထဲက ချစ်သူများ(၁) သခင်သန်းထွန်း(သို့ မဟုတ်) ဆိုရှယ်လစ်သမိုင်းပန်းချီထဲက အကျည်းတန်ဆုံး ကွန်မြူ နစ်ကြီး


(၁)

မြရာ ပင်တွေဟာ
ဘယ်တုံးကမှ
သမိုင်း မဝင်ခဲ့ကြဘူးပေါ့

မြရာတောမှာ
နေရောင် မကျခဲ့
လရောင် မခခဲ့ ဆိုတောင်
အဲဒီမှာ ကြယ်တွေ လက်
ကြယ်တွေ ကြွေသက်ခဲ့ဘူးရဲ့

အနဲဆုံး
ကြယ်တစ်ပွင်တော့
လွင့်စင် မြေခ
ကြွေကျခဲ့ဘူးရဲ့

(၂)
တခါက
ဂုဏ်ထူး ၃ ဘာသာနဲ့
ဆယ်တန်းအောင်ကျောင်သားလေး
တခါက
ဆရာအတတ်သင် ကျောင်းသားလေး
တို့ ဗမာ သခင်လေး
နိုင်ငံရေးအကျဉ်းသားလေး
တခါက
လယ်ယာ စိုက်ပျိုးရေဝန်ကြီး
နောက်ဆုံးတခါကတော့
မြရာပင် ရိပ်
ကြွေဆင်းအိပ်စက်ခဲ့ရသော
ယုံကြည်မှု ပျောက်ကျားခေါင်းဆောင်။

နိုင်ငံရေး လောကဓံဟာ
တိမ်တွေထက် အပြောင်းလဲမြန်တယ်

ဆိုဗီယက်ပြည်ထောင်စုမှာ
ဗီယက်နမ်မှာ
ကျူးဘားမှာဆို သူ့ ကိုမြှု ပ်နှံတဲ့
ဂူဗိမ္မန်တစ်ခု
ရှိကောင်း ရှိမှာပေါ့
မြရာပင်ရိပ်မှာတော့
အတိတ်တစ်ခုလုံးဟာ
ဗုန်းဗုန်းလဲကျ
စုပ်စုပ်မြုပ်သွားနိုင်တယ်။

လုံတိပ် ခေါ် ကျုံတိတ် ခေါ် မြကြီးဟာ
သမိုင်းဆီမီးတစ်ပွင့်ကို ငြှိမ်းသတ်ဖို့ 
သူ့ ရိုင်ဖယ် ကျည်တစ်တောင့်ရဲ့
ဂုဏ်သိက္ခါမဲ့မှု အစား
ဘာ ဆုလဒ် ခံစားခဲ့ရသလဲ
သေနုတ္ထို လောက်များ
သမိုင်ခန်းရခဲသလား
မောင်သာအိုးလောက်များ
ဗီလိန်းကြေးရခဲ့သလား
မင်းထီးဘုရားရဲ့ မှတ်ချက်ကတော့
လူကို ခွေးသတ်လေခြင်း" တဲ့။

(၃)

ယုံကြည်မှုတွေကွဲခဲ့ပါတယ်
စစ်ပွဲတွေက နောက်ဆက်ပေါ့
အမွေရသူက အိမ်တက်နေတဲ့အခါ
ကျန်သူဟာ သူပုန်ပေါ့
ပန်းစုံပွင့်နိုင်တဲ့ တိုင်းပြည်အတွက်
အိပ်မက်ကတော့ ရှိနေမှာ

သူ နိုင်ငံကိုချစ်ခဲ့တယ်
ကျနော် အဲဒီပေါ်မှာ
သံသယ မရှိ

ဖက်ဆစ်ဆန့် ကျင်ရေးစာတမ်းတွေ
သူ့ ဝန်ကြီးအိမ် ဧည့်ခန်းက
စတင် မွေးဖွါးကြတယ်

တိုင်းပြည်ရဲ့ညာလက်ရုံးတွေက
အာဇာနည်ကုန်းမှာ လှောင်းစက်ချိန်
ဘယ်လက်ရုံးက
မြရာပင်ရိပ်
အတိတ်ဆိုးတွေ ရွှဲနစ်
သူ့ ချစ်သူတွေနဲ့ဝေးရာ
ငြိမ်းစွာ အိပ်ပျော်ပါရဲ့လား
လေလွင့်ခတ်ရာ
မြရာပင်တွေကြား
ကွန်မြူနစ်တရားတွေ
ဟောနေမလား

သမိုင်းဆိုတာ
နိုင်သူတွေ ရေးတာပါ" တဲ့
ဒါတောင်
ဝါကျတိုနှစ်ကြောင်းလောက်
သူ့ ကို ဖျောက်မရခဲ့ဘူး

အနုအလှ ကြိုက်တဲ့
ကွန်မြူ နစ်ကြီးရဲ့ ဘန်ကောက်လုံချည်ကို
သူ့ သူငယ်ချင်း ဂွစာ
သခင်းအောင်ဆန်း ယူဝတ်ပြန်ထိုးထားတော့
" ကိုအောင်ဆန်းဗျာ လို့ သူရယ်ညည်းသတဲ့
တိုင်ပြည်ရဲ့  မီးတောက်တွေကြား
အတူ လောင်းကျွမ်းခံ သွားဖူးကြ
လွတ်လပ်ရေးအတွက် တစ်ထမ်းစီ ရွက်ဖူးကြ
တော်လှန်ရေးအတွက်
ခေါင်းချင်ဆိုင်
တီးတိုးတိုင်ပင်ဖူးကြ
သူ့ သူငယ်ချင်း အောင်ဆန်းသာဆို
သူ့ ကိုသတ်ဖို့ 
လုံတိတ်ကို မလွှတ်လောက်ပါဘူးလို့ 
သူ သတိရ
တော်လှန်ရေကါလကို
ပြန်လွမ်းနေမလား

သူဝန်ခံဘူးတဲ့
အမှားတစ်ခုက
တာဝန်ပေါ့လျှောမှုနဲ့
ဗိုလ်နေဝင်းကိုထုတ်ဖို့ 
ဗိုလ်ချုပ်အောင်ဆန်း အစီစဉ်မှာ
သူဝင် ကန့် ကွက်ခဲ့တာပါ" တဲ့

(၄)
ဒီနိုင်ငံမှာ
သမိုင်းတွေ
လိုအပ်တာထက် ပျောက်ခဲ့
လိုအပ်တာထက် ဖျောက်ခဲ့
အတိတ်ကိုပြန်မလွမ်းရင်
သင်ခန်းစာဆိုတာ အတုပါ
မနေ့ က" ပျောက်တဲ့ နိုင်ငံမှာ
မနက်ဖန"် မသေချာဘူး

အမှန်ရှိမယ်
အမှား ပါမယ်
လူသားတွေချည်း

အကျိုးပြု ရှိမယ်
အကျိုးဖျက်ရှိမယ်
မျက်နှာပြင်နှစ်ဖက်နဲ့ ဒင်္ဂါးတွေ

တခါတခါ သမိုင်းဟာ
ငါနဲ့ငါသာနှိုင်းစရာမဲ့
လှည့်ကွက်တွေကြား
ပါးပါးလေး ပုတ်ရုံနဲ့
ဇတ်ရုပ်တွေပျက်တတ်
တွေးတတ်သူချင်း စကားစမြည်မှာ

နိုင်ငံကို ချစ်ခဲ့ဘူးရင်
ပြည်သူကို ချစ်ခဲ့ဘူးရင်
မြရာတောမြိုင်ယံမှာ
မြှုပ်နှံ မသင့် လို့ 
ဆိုခွင့်ရှိသလား
ဒီ ကဗျာက မေးချင်တယ်

ဒဂုန်တာရာကတော့
" ဒီမိုကရေစီ စင်မြင့်မှာ
လွတ်လပ်ခွင်တွေ ပျံဝဲနေစေချင် "ပါသတဲ့
" သခင်သန်းထွန်း သို့ မဟုတ် အနီကိုလေ့လာချက"်မှာ
ရေးခဲ့ ရှာတယ်

(၅)

လေနှင်ရာယိမ်းလှုပ်တဲ့
မြရာတောအုပ်မှာ
ပုပြတ်ပြတ်အရပ်
ညစ်ထပ်ထပ် ပျောက်ကြားဝတ်စုံနဲ့
ယုံကြည်ရာ လူထုနိဗ္ဗန်ဆီ
မျှော်ရီ လဲလှောင်းဆဲလား

ဂျပန်တော်လှန်ရေးတုန်းက
ဒီနေရာလေး သာယာတယ်လို့ 
ခင်ဗျား ကြည်နှုးဘူးတဲ့
မြရာ ပင်တွေက
ခင်ဗျားကို
အလေးနီးပြု နေမလား
ေ ခ ဇ က်
(26-9-2018)
(24-9-2018 တွင် မြရာတောမှာ ကျဆုံးခဲ့သော ကွန်မြူနစ်ခေါင်းဆောင်(တခါက မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုခေါင်းဆောင်)
သခင်သန်းထွန်း၏ နှစ် ၅၀ ပြည့် ကျဆုံးနေ့ သို့ )






No comments:

Post a Comment