Latest News

Saturday, September 29, 2018

စပါးအသင်း၏ ဘောလုံးကွင်းသစ်မှာ ကမ္ဘာတွင် အကောင်းဆုံး ဘောလုံးကွင်းဖြစ်လာမည်ဟုဆို

စပါးအသင်း၏ ဘောလုံးကွင်းသစ်မှာ ကမ္ဘာတွင်
အကောင်းဆုံး ဘောလုံးကွင်းဖြစ်လာမည်ဟုဆို

စပါးအသင်းတည်ဆောက်လျက်ရှိသည့် ဘောလုံး ကွင်းသစ်သည် ကမ္ဘာတွင် အကောင်းဆုံးဘောလုံးကွင်း တစ်ကွင်းဖြစ်လာမည်ဖြစ်ကြောင်း ဘောလုံးကွင်းတည် ဆောက်နေသည့် အင်ဂျင်နီယာချုပ်များထဲမှ တစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါဘောလုံးကွင်းသစ်ကို စက်တင်ဘာ ၁၅ ရက်တွင် ဖွင့်လှစ်ရန် စီစဉ်ခဲ့သော်လည်း လုံခြုံဘေးကင်း ရေးအခြေအနေဆိုင်ရာ  ဝေဖန်မှုများထွက်ပေါ်ခဲ့ခြင်း ကြောင့် လက်ရှိအချိန်အထိ    ဖွင့်လှစ်နိုင်ခြင်းမရှိသေး ကြောင်းလည်း သိရသည်။

လက်ရှိတည်ဆောက်နေသည့်     စပါးအသင်း၏ ဘောလုံးကွင်းသစ်သည် ပရိသတ် ၆၂ဝဝဝ ဝင်ဆံ့မည် ဖြစ်ပြီး ယခုနှစ်ကုန်တွင်  ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း လည်း သိရသည်။

စပါးအသင်း၏ ဘောလုံးကွင်းသစ်တည်ဆောက်မှု သည် ကုန်ကျစရိတ် တစ်ဘီလီယံရှိခဲ့ပြီး လက်ရှိတွင် အိမ်ကွင်းအဖြစ် ဝင်ဘလေကွင်းကို အသုံးပြုနေရကြောင်း သိရသည်။   

ဘောလုံးကွင်းသစ်ဖွင့်လှစ်မည့်ရက်ကို   မကြာခင် အချိန်အတွင်း  တရားဝင်ကြေညာသွားမည်ဖြစ်ကြောင်း လည်း စပါးအသင်းဥက္ကဋ္ဌ ဒန်နီယယ်လီဗိုင်းက ပြီးခဲ့သည့်လ အတွင်းက ပြောကြားခဲ့သည်။

ငွေကြယ်(ကြေးမှုံ)

No comments:

Post a Comment