နီယွန် သြဂုတ် ၂၁
၂၀၁၇-၂၀၁၈ ဘောလုးံ ရာသီအတွက် ဥရောပတစနှ်စ်တာ အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်သုံးဦးစာရင်းကို ယမန်နေ့ UEFA မှ ထုတ်ပြန်ကြေညာရာ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီပါဝင်လာခြင်းမရှိဘဲ စီရော်နယ်ဒို၊ ဆာလက်ခ်ျနှင့် မိုဒရစ်တို့သုံးဦး ရွေးချယ်ခံခဲ့ရသည်။
သြဂုတ် ၃၀ ရက်တွင် မိုနာကို၌ ချန်ပီယံလိဂ်အုပ်စုအဆင့် မဲခွဲပွဲကျင်းပခြင်းနှင့်တစ်ပြိုင်နက် ကြေညာပေးအပ်မည့် အဆိုပါဆုအတွက် ကြေညာရာတွင် ခရိုအေးရှား လက်ရွေးစင်အသင်းကိုပြီးခဲ့သည့်ကမ္ဘာ့ဖလားပွဲ၌ ဗိုလ်လုပွဲပို့ဆောင်ပေးနိုင်ခဲ့သလို ပြိုင်ပွဲတစ်လျှောက်အကောင်းဆုးံ ဘောလုံးသမားဆုပါရရှိခဲ့သည့်မိုဒရစ်ပါဝင်လာပြီး ၎င်းသည်ပြီးခဲ့သည့်ရာသီတွင် ရီးယဲလ်အသင်း ချန်ပီယံလိဂ်ဖလား သုံးနှစ်ဆက် ရနိုင်ရန် အစွမ်းပြနိုင်ခဲ့ခြင်းကြောင့်မက်ဆီကို ကျော်ဖြတ်ကာ ဆန်ခါတင် သုံးဦးစာရင်းတွင် ပါဝင်လာခြင်းဖြစ်သည်။
ရီးယဲလ်ကို ချန်ပီယံလိဂ်ဖလား သုံးနှစ်ဆက် ရယူပေးနိုင်ခဲ့ပြီးဂျူဗင်တပ်စ်သို့ ပြောင်းသွားသော စီရော်နယ်ဒိုမှာ အဆိုပါဆုကိုရရှိရန် ရေပန်းအစားဆုံးသူဖြစ်နေသော်လည်း လီဗာပူးအသင်းကို ချန်ပီယံလိဂ်ဗိုလ်လုပွဲရောက်ရှိစေရန် စွမ်းဆောင်ပေးနိုင်သော အီဂျစ်တိုက်စစ်မ်မှူး ဆာလက်ခ်ခ်ျနှင့် ယှဉ်ပြိုင်ရဦးမည်ဖြစ်သည်။ ဆုပေးပွဲတွင် အကောင်းဆုံးအမျိုးသမီးဆုနှင့် တစ်နှစ်တာနေရာအလိုက်
အကောင်းဆုံး ၁၁ ဦးစာရင်းကိုပါရွေးချယ်ပေးအပ်မည်ဖြစ်သည်။
Ref:UEFA@MWD
No comments:
Post a Comment