Latest News

Thursday, August 9, 2018

ဆူဇူကီးဖလား ပြိုင်ပွဲတွင် အောင်မြင်မှုရရှိရန် ပြင်ဆင်ထားဟုMFF ဥက္ကဋ္ဌ ဦးဇော်ဇော်ပြော

ဆူဇူကီးဖလား ပြိုင်ပွဲတွင် အောင်မြင်မှုရရှိရန် ပြင်ဆင်ထားဟုMFF ဥက္ကဋ္ဌ ဦးဇော်ဇော်ပြော

ယခုနှစ်အတွင်း    မြန်မာ့လက်ရွေးစင် အသင်းများသည်   နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယင်းပြိုင်ပွဲ များအနက်    အမြင့်ဆုံးပြိုင်ပွဲဖြစ်သည့်   ဆူဇူကီးဖလား ပြိုင်ပွဲကို  အောင်မြင်မှုရရှိရန် ပြင်ဆင်ထား ကြောင်း    မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် MFF ဥက္ကဋ္ဌ ဦးဇော်ဇော်ကပြောသည်။

''ဒီနှစ်မှာ   အဓိကက  လက်ရွေးစင် အသင်းကြီး ပြိုင်ပွဲလည်းဖြစ်၊    အာဆီယံ အမြင့်ဆုံး ပြိုင်ပွဲလည်းဖြစ်တဲ့ ဆူဇူကီး ဖလား ပြိုင်ပွဲမှာ  အောင်မြင်မှုရဖို့   ရည်မှန်းထား တယ်။  ဒီပြိုင်ပွဲမှာလည်း  အနိမ့်ဆုံး  ဆီမီး ဖိုင်နယ်ကို တက်ဖို့ ကြိုးစားရမယ်။ လက်ရှိ အနေအထားအရ  ထိုင်း၊  အင်ဒိုနီးရှားနဲ့ ဗီယက်နမ်တို့လုပ်နေတဲ့ ပြင်ဆင် နေမှု တွေကို ကျွန်တော်တို့လိုက်လုပ်ဖို့ တော်တော်ခက်ခဲတယ်။  ဒါပေမဲ့  လက်ရှိကစားသမားတွေ ကြိုးစားမှုနဲ့ နည်းပြရဲ့ စွမ်းဆောင်မှုက အဖြေပြောင်းနိုင်တယ်။ ဒါကြောင့် ဆူဇူကီး ဖလားပြိုင်ပွဲမှာ လက်ရွေးစင် အသင်းကို အကောင်းဆုံး ဖြစ်အောင် ပြင်ဆင်မယ်'' ဟု ဦးဇော်ဇော်ကပြောသည်။

အာဆီယံဘောလုံး အဖွဲ့ချုပ်အနေဖြင့် ယခုနှစ် ဆူဇူကီးဖလားပြိုင်ပွဲကို အုပ်စု (က) ပွဲစဉ်များမှစ၍  အိမ်ကွင်း၊  အဝေးကွင်း စနစ်ဖြင့်   ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

MWD

No comments:

Post a Comment