Latest News

Saturday, August 11, 2018

စည်းကမ်းမဲ့ သွားလာသော မြစ်သဲကျောက်တင်ကား များထိန်းချုပ်ရန်လိုဟု လွှတ်တော်အမတ်ပြော

စည်းကမ်းမဲ့ သွားလာသော မြစ်သဲကျောက်တင်ကား များထိန်းချုပ်ရန်လိုဟု လွှတ်တော်အမတ်ပြော

မုံရွာမြို့တွင်းလမ်းများတွင် စည်းကမ်းမဲ့သွားလာနေသော မြစ်သဲကျောက်တင်ကားများကိုထိန်းချုပ်ရန်နှင့်  လမ်းသတ်မှတ်မောင်းနှင်ခိုင်းရန်လိုကြောင်းမုံရွာမြို့နယ်မှ စစ်ကိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ကြည်ကပြောသည်။

“သဲကား၊ကျောက်ကားတွေက 0ver Weight သယ်တယ်၊ ရေစက်လက်နဲ့သွားလာတော့ လမ်းတွေအမြဲပျက်တယ်၊သဲကျင်းကျောက်ကျင်းတွေကတိုင်းအစိုးရုးံနဲ့မျက်နှာချင်းဆိုင်ရှိနေတာရွှေ့ပေးစေချင်တယ်၊ကတ္တရာလမ်းတွေလည်းပျက်စီးနေပြီ၊အဲဒီအတွက် စည်ပင်မှာကုန်ကျစရိတ်တွေ များတယ်၊ ရေမြစ်ဖြိုးဌနအနေနဲ့လည်းတခြားနေရာကိုရွှေ့ ဆောင်ရွက်ခိုင်းစေလိုပါတယ် “ဟု ၄င်းကပြောသည်။

ဆောက်လုပ်တည်ဆောက်ရေးလုပ်ငန်းခွင်များသို့ မြစ်သဲကျောက်များတင်ဆောင်ပို့နေသောကားများအနေဖြင့် ဖိတ်စင်မှု မရှိစေရန်နှင့်သတ်မှတ်တန်ထက်မတင်စေရန် လုပ်ငန်းရှင်များကို ၂၀၁၇ ခုနှစ် ကတည်းကညွန်ကြားပြီးဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီကဆိုသည်။

“ဖမ်းမယ်လို့ သတင်းစထွက်တုန်းကတော့ ကားတွေကမိုးကာဖုးံသယ်ကြတယ်၊အခုကျောက်တွေသဲတွေ ဒီတိုင်းလမ်းပေါ်မှာဒီတိုင်းလွှင့်ကျပြီးအသားကုန်မောင်းနေကြေတာ”ဟု မြို့ခံတစ်ဦးကပြောသည်။

     မြစ်သဲကျောက်တူးဖော်ရေးလုပ်ငန်းရှင်များကို စည်ပင်မှဝန်ခံ ကတိလက်မှတ်ထိုးခိုင်းထားပြီးစည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ အရေးယူရာတွင် ၂၀၁၇ ဇူလိုင်လ မှ ယနေ့အချိန်ထိ သဲ၊ကျောက်ကား ၄၃ စီးထိရှိပြီဖြစ်ကြောင်းသိရသည်။

ကိုသစ္စာ-မုံရွာ

No comments:

Post a Comment