Latest News

Saturday, August 11, 2018

ပေါင်မြို့နယ်တွင် ယာဉ်နှစ်စီးတိုက်မိရာမှ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာများရရှိ

ပေါင်မြို့နယ်တွင် ယာဉ်နှစ်စီးတိုက်မိရာမှ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာများရရှိ


ပေါင် ၊ သြဂုတ် ၊ ၁၁

မွန်ပြည်နယ် ပေါင်မြို့နယ် ကျုံကကျေးရွာညိုညိုအောင် စက်သုံးဆီအရောင်းဆိုင်ရှေ့ မိုင်တိုင်မှတ် ၁၇၇/၅ နှင့် ၁၇၆ အကြားတွင် သြဂုတ် ၁၀ ရက် ညနေ ၄ နာရီကျော်ကယာဉ်နှစ်စီးတိုက်မိရာမှ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး၁၂ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်းသိရသည်။

 ပေါင်မြို့နယ်ဘက်မှမော်လမြိုင်မြို့ဘက်သို့ ယာဉ်မောင်းနောင်နောင် ၂၅နှစ် အင်းတကော်ကျေးရွာ ပဲခူး တိုင်းဒေသကြီးနေထိုင်သူမောင်းနှင်လာသော YGN ----- နံပါတ်တပ် DONG FENG LIGHT အမျိုးအစား(လိုင်စင်ရှိ)အနီရောင်ယာဉ် သည် ယာဉ်မောင်းနေစဉ် သောက်ရေသန့်ဘူးယာဉ်ကြမ်းပြင်ပေါ်သို့ ကျသွားသောကြောင့် ကောက်ယူရာမှ ၄င်း၏ယာဉ်မှာ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိသွားပြီးတစ်ဖက် ယာဉ်ကြောမှာမော်လမြိုင်မြို့ဘက်မှ ပေါင်မြို့ဘက်သို့ ယာဉ်မောင်းနေမျိုးသူ ၃၄ နှစ်ခလောက်အင်းရပ်ကွက် ဇင်းကျိုက်မြို့နေသူမောင်းနှင်လာသော BGO IP/----- DAIHATSU HIJET အမျိုးအစားအဖြူရောင်(လိုင်စင်ရှိ) ယာဉ်အား ၀င်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

 အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းနောင်နောင်မှာ ၀ဲခြေညိုဖူးရောင်ဒဏ်ရာရရှိခဲ့ပြီးယာဉ်မောင်းနေမျိုးသူမှာ ဦးခေါင်းဝဲဂျိုစောင်းပေါက်ပြဲ၊ နဖူးပေါက်ပြဲဒဏ်ရာများရရှိကာ ၄င်းယာဉ်ပေါ်မှ လိုက်ပါစီးနင်းလာကြသောခရီးသည်များမှာပေါင်မြို့နယ် ဇင်းကျိုက်မြို့ ခလောက်အင်းရပ်ကွက်တွင် နေထိုင်ကြသူ များဖြစ်ပြီးဒေါ်ခင်အေး( ၄၃ )နှစ်မှာနဖူးပေါက်ပြဲ၊ ဦးခေါင်းညာဘက်ဂျိုစောင်းပေါက်ပြဲဒဏ်ရာဖြင့် သေဆုံးသွားခဲ့ပြီးအသက် ၃၀ နှစ်၊ အသက် ၁၉ နှစ်အရွယ်ရှိအမျိုးသမီး ၂ ဦးမှာဒဏ်ရာများရရှိထားသော်လည်းစိုးရိမ်ရသည့်အခြေအနေများတွင် မရှိကြောင်း၊ အသက်စုံစမ်းဆဲအမျိုးသမီး ၂ ဦး၊ အသက် ၇ နှစ်၊ ၃၂ နှစ်၊ ၃၉ နှစ်၊ ၅၃ နှစ်၊ ၃၂ နှစ်အရွယ်ရှိအမျိုးသမီးများနှင့် ၆ ရက်သား အရွယ်ရှိယောကျာင်္းလေးတစ်ဦးတို့မှာရရှိဒဏ်ရာများဖြင့်  အတွင်းလူနာအဖြစ် စိုးရိမ်ရသောအခြေအနေများရှိပြီး အဆိုပါ လူနာများအားမော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ မှုခင်းဆေးစာဖြင့် ပေးပို့ခဲ့ကြောင်းရဲမှတ်တမ်းများမှ သိရသည်။

“ဆက်သွယ်ရေးကြိုးတွေတင်လာတဲ့ ကားကြီးကဆန့်ကျင်ဘက်က လာတဲ့ ဟိုက်ဂျက်ကားကိုဝင်တိုက်မိတော့ ဟိုက်ဂျက်ကားပေါ်က အသက် ၄၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးကသေဆုံးသွားတယ်။ ကျန်တဲ့သူတွေကထိခိုက်ဒဏ်ရာတွေ ရသွားကြတယ်။ဒီနေ့မနက်မှာပဲ ဟိုက်ဂျက်ကားပေါ်က ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးက ရရှိဒဏ်ရာတွေနဲ့ ပဲထပ်မံသေဆုံးသွားပါတယ်။”ဟု ကျုံကကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းပိုင်က ပြောသည်။

သို့ဖြစ်ပါ၍မော်တော်ယာဉ်ကိုမဆင်မခြင်မောင်းနှင်ကာတစ်ဖက်ယာဉ်ကြောအား ၀င်ရောက်တိုက်မိပြီး သေဆုံး/ဒဏ်ရာများရရှိအောင် ပြုလုပ်ခဲ့သူယာဉ်မောင်းနောင်နောင်အား အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်းမုတ္တမနယ်မြေစခန်းမှ သိရသည်။

ကိုဟိန်း ( ပေါင် )

No comments:

Post a Comment