Latest News

Thursday, August 23, 2018

ရန်ကုန် တရုတ်တန်ုးအား ခြင်္သေ့ရုပ်ထုကြီး နှစ်ခု ဆောက်လုပ်ရန် တရုတ် ကမ်းလှမ်း ချက်အား ရန်ကုန် စည်ပင်မှပါယ်ချခဲ့


တရုတ် ပြည်၏ soft power များက ထိုးနှက်လာကြပြီ ဖြစ်သည်။

နန်ကျင်း မြို့တော် အုပ်ချုပ်သူများကရန်ကုန် တရုတ်တန်းတွင် ခြင်္သေရုပ်
ထုကြီး နှစ်ခု ဖြင့် မုဒ်ဦးကြီး ဆောက်လုပ်ရန်မကြာမီ က ကမ်းလှမ်းခဲ့တယ်လို့ ဧရာဝတီ
သတင်းမှာ ဖေါ်ပြထားပါတယ်။

ရန်ကုန် စည်ပင်သာယာရေး ကော်မီတီကထို ကိစ္စအား တရုတ်တန်းနေ လူထုရဲ့ သဘော
ထားကို တောင်းခံမည်ဟု အကြောင်းပြန်၍တရုတ်တန်းရှိ မြို့ မိ မြို့ဖ များနှင့် တိုင်ပင်ကြ
ရာ အားလုံးက ခြင်္သေ မုဒ်ဦး တည်ဆောက်ပေးမည်ကို အာသီသ မရှိကြပဲ ကုန်ကျမည့်
ငွေကို တရုတ်တန်းကို ဖြတ်သွားသောမဟာဗန္ဓုလမ်းရှိ ရှုပ်ထွေးပွေလီနေသော ဓါတ်
ကြိုး များ၊ ဖုန်းကြိုးများနှင့် ဓါတ်တိုင်များကိုလူမြင်သူမြင်ကောင်းအောင် ပြုလုပ်ပေးဖို့ နဲ့ တိုက်များကို
ပြန်လည် မွမ်းမံပေးရန်၊ လူသွား ပလက်ဖေါင်းများနှင့် ဘုရားကျောင်းများကို ပြင်ဆင်ပေးရန်
တောင်းဆိုခဲ့ကြပါတယ်။

ရန်ကုန် စည်ပင်သာယာရေး ကော်မီတီကမြန်မာ ကောင်စစ်ဝန် ရုံးမှတဆင့် ထို
သို့ အရေးဆိုလာမှုများကို တင်ပြလိုက်ရာယခု အချိန်မထိ မည်သို့ မျ အကြောင်းတစုံ
တရာ ပြန်ကြားခြင်း မရှိဟု ရေးသားထားပါတယ်။
လှစိုးဝေ

No comments:

Post a Comment