၁၉၈၈ အရေးအခင်းကာလနောက်ပိုင်း နှစ်ပေါင်း ၃၀ အတွင်း မုံရွာမြို့သမိုင်းတွင် ပထမဆုးံအကြိမ် ခွပ်ဒေါင်းအလံ စိုက်ထူခွင့် နှင့် ရှစ်လေးလုးံ ဒီမိုကရေစီ အရေးပုံတော်ပုံကျင်းပခွင့်ကို အစိုးရပိုင် မြို့တော်ခန်းမ၌ သြဂုတ် ၈ ရက်နေ့က ပြုလုပ်ခွင့်ရခဲ့ကြောင်း သတင်းရရှိသည်။
ရှစ်လေးလုးံ ဒီမိုကရေစီအရေးတော်ပုံ နှစ်၃၀ မြောက် ပုလဲရတုအဖြစ် မုံရွာမြို့တော်ခန်းမ၌ ကျင်းပသော အဆိုပါ ပွဲကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ၀န်ကြီးများ၊ လွှတ်တော်ဥက္ကဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ ၊ ဒီမိုကရေစီလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသော အဖွဲ့အစည်းများအစုံအလင် တက်ရောက်ခဲ့ကြကြောင်း အခမ်းအနား ပြင်ဆင်ရေးကော်မတီ ထံမှ သိရသည်။
" NLD အစိုးရလက်ထက်မှာ ၀န်ကြီးချုပ်နဲ့အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေတက်တာလည်း ပထမဆုးံပဲ၊တိုင်းနဲ့ပြည်နယ် ၁၄ ခုကိုယ်စားပြု ခွပ်ဒေါင်းအလံတွေ မြို့လယ်မှာ လွှင့်တင်ခွင့်ရတာလည်း ပထမဆုးံပဲဖြစ်ပါတယ်၊ "ဟု ရှစ်လေးလုးံအခမ်းအနားပြင်ဆင်ရေးကော်မတီဝင် ဦးကျော်မိုးလှိုင်ကပြောသည်။
အခမ်းအနားသို့ အမှတ်တရ စကားပြောခဲ့သောစစ်ကိုင်းတိုင်းလွှတ်တော် ဥက္ကဌ ဦးသန်းက" ခု အချိန်ဟာ ဒီမိုကရေစီတစ်ဝက်တစ်ပျက် ရပြီလို့ပြောလို့ရပါတယ်၊ ဒီမိုကရေစီအခွင့်အရေး ရအောင် ခုတက်ရောက်လာတဲ့ နောက်မျိုးဆက်လူငယ်တွေအပေါ်ကျရောက်နေပါတယ်၊သွေးတွေ၊မျက်ရည်တွေနဲ့ ရင်းနှီးခဲ့ရတဲ့တိုက်ပွဲကြီးကို ကျေကျေပွန်ပွန်ထမ်းဆောင်ပေးကြပါ "ဟု ပြောဆိုခဲ့သည်။
အခမ်းအနားတွင် ရှစ်လေးလုးံ အရေးတော်ပုံ (မုံရွာ) အထွေထွေ သပိတ်ကော်မတီ ကိုယ်စား ဦးမြင့်သိန်း က ပြောကြားခြင်း၊၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင် မှ အရေးအခင်းကာလ ဖြတ်သန်းမှုအားပြောပြခြင်း၊ မှိုင်းကွန်ယက်၊နိုင်ငံရေးအင်အားစု၊ ဗကသ၊ABSDF ကျောင်းသားတပ်၊တကသ ၊ ၇၄/၇၅ သပိတ်မှောက်အကျဉ်းကျ အလုပ်သမားဟောင်းများအဖွဲ့ တို့ နှင့် တစ်ဦးချင်းအလိုက်စာတမ်းဖမတ်ခြင်း၊ကဗျာ ရွတ်ခြင်း၊စကားဝိုင်းဆွေးနွေးခြင်း ၊ကမ္ဘာမကြေဘူး သီချင်း သီဆိုခြင်းများကို အစီအစဉ် ၃၅ ခု ဖြင့်ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိ၇သည်။
ကိုသစ္စာ
No comments:
Post a Comment