အထပ်မြင့်တိုက်များနှင့် အဖြစ်များလာသော ဒူးနာရောဂါ
ယနေ့ခေတ်အခြေအနေအရ မြို့ကြီးများတွင် လူနေ
ထူထပ်လာပြီး မြေကွက်များ ရှားပါးခြင်းကြောင့် အထက်
မြင့်တိုက်များ ဆောက်လုပ်မှုများပြားလာသည်။ မူလက
မြို့တွင်းနှင့် မြို့ဆင်ခြေဖုံးရပ်ကွက်များတွင် တွေ့ရလေ့ရှိ
သည့် တစ်ထပ်အိမ်၊ နှစ်ထပ်အိမ်များမှာ ယခုအခါ လုံးဝမတွေ့ရသလောက်ရှိသည်။ ရန်ကုန်၊ မန္တလေး မြို့ကြီးများတွင် လွန်ခဲ့သော နှစ် ၂ဝ ကျော် အစိတ်က
ဓာတ်ပုံဟောင်းများတွင် ပြန်ကြည့်လျှင် ရှေးဟောင်း
အဆောက်အအုံများကို လွမ်းစရာအဖြစ် တွေ့ရလေ
သည်။
ယခုအခါ တိုးတက်သော နိုင်ငံကြီးများကဲ့သို့အထပ် ၂ဝ အထက်မြင့်သော အဆင့်မြင့် ကွန်ဒိုတိုက်ကြီးများ၊ စူပါမားကတ်ပါသည့် ရပ်ကွက်တစ်ခုစာရှိသော အဆင့်
မြင့် အဆောက်အအုံကြီးများ စတင်ဆောက်လုပ်နေကြ
ပြီဖြစ်သည်။ လွန်ခဲ့သည့် နှစ် ၂ဝ ကျော်ကို နှစ်ပိုင်းခွဲ
ကြည့်ပါက ပထမ ဆယ်စုနှစ်တွင် မိမိတို့ အိမ်များကို ကန်ထရိုက်စနစ်ဖြင့် ဆောက်လုပ်သူများထံ အပ်နှံကာ ငါးထပ်၊ ခြောက်ထပ် တိုက်ခန်းများ ဆောက်လုပ်ခဲ့ကြ
သည်။ ထိုတိုက်ခန်းများတွင် အလယ်မှ လှေကားဖြင့် တက်ရဆင်းရပြီး ဓာတ်လှေကားအသုံးပြုမှု မရှိခဲ့ပေ။
ဒုတိယ ဆယ်စုနှစ်ပိုင်းတွင် ဆောက်လုပ်သော တိုက်
ခန်းများ၊ ကွန်ဒိုများတွင် အတက်အဆင်း ပြုလုပ်ရန်
ဓာတ်လှေကားများ ထည့်သွင်းဆောက်လုပ်လာကြသည် ကို တွေ့ရသည်။ အာဏာပိုင်အဖွဲ့အစည်းများကလည်း လေးထပ်မှအထက် အဆောက်အအုံဆောက်လုပ်လျှင် ဓာတ်လှေကားနှင့် အောက်ဆုံးထပ်တွင် ကားရပ်စရာ ကားပါကင်ပါရှိရမည်ဟု စည်းကမ်းသတ်မှတ်ချက်များ ထုတ်ပြန်လာသည်။
ပထမပိုင်း ဆယ်စုနှစ်က ပုံအောဆောက်လုပ်ခဲ့သည့်
လေးထပ်၊ ငါးထပ် ဓာတ်လှေကားမပါ တိုက်ခန်းများမှာ
ယနေ့အထိ အများဆုံး တည်ရှိနေဆဲ၊ ကျန်ရှိနေဆဲ ဟောင်းသော်လည်း ဖြိုဖျက်ပစ်ရန်လည်း မဖြစ်နိုင်။ နေထိုင်သူများ တစ်ဆင့်တစ်ဆင့် လက်ဆင့်ကမ်း ရောင်း
ချပြီး ပြုံကျပ်နေထိုင်ကြဆဲဖြစ်သည်။
စာရေးသူ၏ ဆရာသမား အသက် ၇ဝ ကျော် လူကြီး
တစ်ဦးမှာ မတွေ့တာကြာပြီဖြစ်သည်။ လွန်ခဲ့သည့်ရက် ပိုင်းက ဆရာကန်တော့ပွဲတစ်ခုတွင် ဆုံတွေ့သည့်အခါမှ
မတွေ့တာကြာပြီဖြစ်သည့်အကြောင်း နေကောင်းပါရဲ့
လားဟု မေးမြန်းရာ ''လူကတော့နေကောင်းပါတယ်။ ဒူး
နှစ်ဖက်က မကောင်းလို့သိပ်အဆင်းအတက်မလုပ်နိုင်
လို့ အပြင်မထွက်တာ ကြာပါပြီ''ဟုပြောသည်။ ထိုဆရာ
ကြီးသည် ပင်စင်ယူပြီးနောက် မြို့ပြင်ရပ်ကွက်ရှိ မိမိ
ရရှိထားသော မြေကွက်ကလေးကို ရောင်းချပြီး သမီး
ဖြစ်သူနှင့်အတူ မြို့တွင်းရှိ အထပ်မြင့်တိုက်ခန်းတစ်ခု
တွင် နေထိုင်သည်။ သူတို့ငွေနှင့် ဝယ်ယူနိုင်သော တိုက်
ခန်းမှာ လေးလွှာဟုခေါ်သော်လည်း အထက်မှာ ငါးထပ်
တွင် နေထိုင်ရခြင်းဖြစ်သည်။ ပထမနှစ်ပိုင်းများက တက်နိုင်ဆင်းနိုင်ရှိသော်လည်း နောက်ပိုင်းအသက် ၇ဝ
ကျော်လာသောအခါ ဒူးဆစ်များမှာ အဆီခန်းသည့် ရောဂါ စွဲကပ်လာပြီး ဒူးနာသဖြင့် အဆင်းအတက် သိပ်
မလုပ်နိုင်တော့ပေ။ အလွန်အရေးကြီးသည့် ကိစ္စရှိမှ သာ အဆင်းအတက်လုပ်တော့သည်။
သက်ကြီးရွယ်အိုများတွင် အဖြစ်များဆုံး ရောဂါမှာ ဒူးနာရောဂါပင်ဖြစ်သည်။ ဆရာဝန်ကြီးများ၏ အထူးကု
ဆေးခန်းများတွင် ဖြစ်စေ၊ တိုင်းရင်းဆေးကုခန်းများတွင်
ဖြစ်စေ သက်ကြီးလူကြီးနာအဖြစ် လာရောက်ပြသသော
ရောဂါမှာ ဒူးနာရောဂါဖြစ်သည်။ ဝသောသူများတွင် အဖြစ်များသော ရောဂါဟုဆိုသော်လည်း တစ်ခါတစ်ရံ
ခန္ဓာကိုယ်အနေအထား အတန်အသင့် မပိန်မဝ လူကြီး
များတွင်လည်း ဒူးနာရောဂါစွဲနေသည်ကို တွေ့ရတတ်
သည်။ စူးစမ်းမိသမျှ ထိုလူကြီးများသည် အထပ်မြင့်
တိုက်များတွင် နေထိုင်ပြီး လှေကားအဆင်းအတက် ပြုလုပ်ရသူများဖြစ်ကြောင်း တွေ့ရှိရသည်။
ဒူးနာရောဂါဖြစ်ပြီဆိုလျှင် ရေရှည်ကုသရပြီး ပျောက်
ကင်းရန်ခက်ခဲသည်။ ကုသမှုအတွက် ဆေးခန်းသွားရ
လာရနှင့် အချိန်ကုန် ငွေကုန်ဖြစ်ရသည်။ ငွေကုန်
သလောက် ပျောက်ကင်းမှုမှာ အားရစရာမရှိသည်ကို တွေ့ရတတ်သည်။
လှေကားထစ်နှင့် မြန်မာလက်သမား အယူအဆ
အင်ဂျင်နီယာမဟုတ်သော မြန်မာရှေးလက်သမား ဆရာတစ်ဦး၏ အတွေ့အကြုံအရ လှေကားထစ်များ
အကျော်အနင်း မမှန်ခြင်းကြောင့် ဒူးနာရောဂါနှင့် ခြေချင်းဝတ်ပွတ်တိုင် ရောင်သောရောဂါများ ဖြစ်နိုင်
သည်ဟုဆိုသည်။ ဖြစ်သလိုဆောက်သော တိုက်ခန်းများ
၏ လှေကားထစ်များမှာ အကျော်အနင်း မမှန်ဟု ဆို
သည်။ အကျော်ဆိုသည်မှာ လှေကားထစ်၏ အမြင့်ဖြစ်
ပြီး အနင်းဆိုသည်မှာ လှေကားခြေနင်းပြား၏ အကျယ်
ကိုဆိုသည်။ ပုံမှန်အားဖြင့် လက်သမားအခေါ် ရှစ်ကျော်
ရှစ်နင်း (အကျော် ရှစ်လက်မx အနင်း ရှစ်လက်မ) ရှိရ မည်။ အလွန်ကျယ်သော အခန်းလှေကားကြီးများတွင် ရှစ်ကျော်ဆယ်နင်း (အကျော် ရှစ်လက်မx အနင်း ၁ဝ
လက်မ) လည်းထားနိုင်သည်။ သူတွေ့ရသမျှ ကန်ထရိုက်
တိုက်ခန်းများ၏ လှေကားထစ်များမှာ အကျော် ခြောက်
လက်မခန့် အနင်း ခုနစ်လက်မခန့်ဖြစ်နေသည်ကို တွေ့ရ
သည်ဟု ဆိုသည်။
ဒူးနာမဖြစ်အောင် ကြိုတင်ကာကွယ်နည်း
လူကြီးများ ဒူးနာရောဂါမဖြစ်စေရန်၊ လူငယ်များ ခြေချင်းဝတ် ပွတ်တိုင်နာ ရောဂါမဖြစ်စေရန် အထပ်မြင့်
တိုက်ခန်း ဝယ်ယူမည်ဆိုလျှင် လှေကားထစ်ကို ဦးစွာ
လေ့လာဆန်းစစ်ပြီးမှ ဝယ်ယူသင့်သည်။ အကယ်၍
မလွှဲမရှောင်သာ ဝယ်ယူပြီးဖြစ်ပါက လူကြီးများအနေဖြင့် တတ်နိုင်သမျှ အဆင်းအတက် လျှော့ရမည်သာဖြစ်
သည်။ အထူးသဖြင့် လှေကားအဆင်းတွင် ဂုန်ညင်းရှိ အရွတ်ကြောနှစ်ခုက အထက်သို့ ပင့်ပေးထားရသဖြင့် ဒူးအတွင်းမှ ချောဆီအထွက်နည်းလျှင် ရောင်ပြီး နာ
တတ်သည်။
အချို့လူကြီးများတွင် ဒူးဆစ်ရောင်ပြီး အရည်အိတ်
ဖြစ်နေတတ်သည်။ အရည်အိတ်အလွန်ကြီးလျှင် ခွဲစိတ်ကုသရပြီး အထဲမှ အရည်များကို စုပ်ထုတ်ပစ်ရ
တတ်သည်။ ထိုသို့ ခွဲစိတ်ကုသထားသူများသည် လှေ
ကားအဆင်းအတက် မလုပ်သင့်ပါ။ အထူးသဖြင့် ၁၂ ထစ်ထက်ကျော်သော လှေကားများကို လုံးဝ အဆင်း
အတက်မလုပ်သင့်ပါ။
ဒူးနာရောဂါရှိသူ လူကြီးများသည် အနောက်တိုင်း နည်းအရ အဆင်းအတက် အသွားအလာ ပြုရာတွင် ဒူးစွပ်ကို စွပ်ထားသင့်သည်။ မတင်းမကျပ်လွန်းသော ဒူးစွပ်ကို ရွေးချယ်ရမည်။ အလွန်တင်းကျပ်လျှင် တံကောက်ခွက်သွေးကြောပိတ်ပြီး အောက်ပိုင်း ခြေခုံ ရောင်တတ်သည်။
တိုင်းရင်းနည်းဖြင့် ဒူးနာသက်သာစေသောနည်းမှာ မုန်ညင်းဆီ စစ်စစ်ကို အဆင်းအတက် မပြုမီနှင့် ပြုပြီး
တိုင်း ဒူးထဲစိမ့်ဝင်အောင် လိမ်းပေးခြင်းဖြစ်သည်။ မုန်ညင်းဆီသည် ဒူးအရွတ်ကို ပျော့စေပြီး ဒူးနာသက်သာ
စေနိုင်သည်။
မုန်ညင်းဆီကို အသုံးမပြုမီ မီးဖြင့် ကျက်အောင် ချက်ပြီး အသုံးပြုလျှင် ပိုကောင်းသည်။ ရှေးနည်းအရ
မုန်ညင်းဆီ နှစ်ကျပ်ခွဲသားကို ကြေးဖလားတွင် ထည့်ပြီး
လိမ်းခါနီးတိုင်း မီးဖြင့်အပူပေး၍ ခပ်နွေးနွေး လိမ်းရ
သည်။ ဒူးကိုက်လျှင် ချင်းတက် လက်နှစ်ဆစ်ခန့်ကို ထုပြီး မုန်ညင်းဆီတွင်ထည့်၍ မီးဖြင့် ဆူအောင်ချက်ပါ။
ခပ်နွေးနွေး ဒူးတွင်လိမ်းပြီး အဝတ် (သို့မဟုတ်) ပတ်တီး
ဖြင့် စည်းထားလျှင် ဒူးကိုက်သက်သာနိုင်သည်။
ကိုယ်ရံကြီးဂမုန်းပင်နှင့် ဒူးနာရောဂါ
ကိုယ်ရံကြီးဂမုန်းပင်သည် ရေမြောင်းဘေး၊ ရေအိုင်၊ ရေဝပ်သော နေရာများတွင် အလေ့ကျ ပေါက်သော အပင်မျိုးဖြစ်ပြီး အလွန်ပွားလွယ်သည်။ အရွက်မှာ အစိမ်းရောင် ရှည်လျားသောအရွက်မျိုးဖြစ်သည်။ ဒူးနာ၊
ခါးနာဖြစ်လျှင် အရွက်ကို ပျော့အောင် မီးကင် နှမ်းဆီ
(သို့မဟုတ်) မုန်ညင်းဆီသုတ်ပြီး ပတ်တီးစည်းထားလျှင် သက်သာစေနိုင်သည်။
ကိုယ်ရံကြီးပင်သည် ခတ္တာမျိုးရင်းဖြစ်ပြီး အင်္ဂလိပ်
အမည် (Lily Poison Bulb) ဟုခေါ်သည်။ poison စကားလုံးပါသဖြင့် အဆိပ်ရှိသော အပင်မျိုးဖြစ်သည်။ ကျွဲ၊ နွားများ သူတို့အသိနှင့် သူတို့မစားကြ၊ ရှောင်သွား ကြသည်။ (အဆိပ်ပင်လော ၊ ဆေးပင်လော… အဆိပ်ရှိ သောအပင်သည် ဆေးဖက်ဝင်သော အပင်ဖြစ်သည်။ )
ကိုယ်ရံကြီးပင်၏ အပွင့်မှာ အဖြူဖြစ်ပြီး အခိုင်လိုက် ပွင့်သည်။ အလွန်လှပသည်။ ခရမ်းရောင်ပွင့်သော အပင်
လည်းရှိသည်။ ထိုအပင်ကို တောခတ္တာဟုလည်းခေါ် ကြသည်။ ရခိုင်ဘက်တွင် ရေထုတ်ပင် ဟုလည်း
ခေါ်သည်။ အပင်ရင်းမှ အဖတ်ကို လျှော်ပင်ကဲ့သို့ခွာပြီး
ကတော့ပြုလုပ်ပြီး ရေထည့်ကာ အထုပ်ပြုလုပ်၍ သင်္ကြန်တွင် ရေကစားသည်ဟု ဆိုသည်။
ဒူးနာရောဂါရှိသူတစ်ဦးသည် ထိုင်ပြီးပြန်မထနိုင်၊ ဆွဲထူမှ ထရသည်။ အရိုးအဆစ်အထူးကုနှင့်ပြသည်။ ဓာတ်မှန်ရိုက်သွေးစစ် အဖြေကတော့ (OA) ခေါ် အရိုးပါး
ရောဂါဝင်နေပြီး ဒူးထဲကအရွတ်ကလေးကလည်း ပါး
နေသည်။ ကျီးပေါင်းလည်းရှိနေပြီဟု ဆိုသည်။ အရိုး
အဆစ်ကုဌာနမှာ လေ့ကျင့်ခန်း လုပ်ခိုင်းသည်။ စားရ
မည့်ဆေးများလည်း ပေးပါသည်။ နှစ်လ၊ သုံးလ ကြာ
သော်လည်း ကောင်းမလာပါ။ နောက်ဆုံး အရွတ်ထဲ
ဆေးထိုးထည့်ရမည် ထင်သည်ဟု တူမ ဆရာဝန်မလေး
ကပြောတော့ ''အလွန်ကြောက်သွားမိတယ်''ဟု ဆိုသည်။
တစ်နေ့တွင် သူကဲ့သို့ ဒူးနာ၍ တုတ်ကောက်နှင့် သွား
နေသော အငြိမ်းစား ကျောင်းဆရာကြီးတစ်ဦးနှင့်
သွားတွေ့သည်။ သူညွှန်းသဖြင့် လမ်းဘေးရေမြောင်း အစပ်တွေမှာ တွေ့တွေ့နေတဲ့ ''ကိုယ်ရံကြီးပင်က အရွက်
ကို မီးကင်၊ နှမ်းဆီသုတ်၊ ဒူးမှာ အဝတ်နှင့် ပတ်စည်း
ထား။ တစ်နေ့ကို နှစ်နာရီ၊ သုံးနာရီလောက် စည်း
ပေးတာ သူက ယားလာတယ်၊ ယားရင်ဖြေပစ်လိုက် တယ်။ ငါးရက်လောက် စည်းပြီး နောက်ပိုင်း ဒူးဆစ်ကြီး
ပြီးရောင်နေတာ အရောင်ကျသွားတယ်။ အတွင်းကနာ
တာလည်း အလျင်းမပျောက်သေးပေမယ့် သက်သာ သည်ဟု ပြောပါသည်။
(ကိုယ်ရံကြီးရွက်စည်းလျှင် လောင်တတ်သဖြင့် နှစ်
နာရီ၊ သုံးနာရီထက်ပိုမစည်းသင့်ပါ။ ဒူးတွင် ဆေးစည်း
ပြီးနောက် ရက်ကြာလျှင် ယားပိမ့် အဖုလေးများ ထွက်
လာတတ်သည်။ ထိုသို့ဖြစ်လျှင် ကျောက်ပျဉ်တွင်
သနပ်ခါးကို ဆားအနည်းငယ်နှင့်ရောသွေးပြီး လိမ်းပေး
လျှင် သက်သာစေနိုင်သည်။ တစ်နည်း - တိုင်းရင်းဆေး
အမှတ် (၄၃) အကင်းဆယ်ပါးဆေးမှုန့်ကို သနပ်ခါးနှင့် ရောလိမ်းလျှင် ပိုမိုသက်သာစေနိုင်သည်။)
ဗာဒံရွက်(ဗန်ဒါရွက်) နှင့် ဒူးနာရောဂါ
ဒူးနာသူများအတွက် သက်သာစေနိုင်သော အခြား
နည်းတစ်နည်းမှာ နေရာတိုင်းတွင် ရှာရလွယ်ကူသော ဗန်ဒါရွက်(ဗာဒံရွက်) ကို ဒူးတွင်ကပ်၍ စည်းထား (သို့မဟုတ်) ဒူးစွပ်ဖြင့် စွပ်ထားသောနည်းဖြစ်သည်။
စာရေးသူကိုယ်တိုင် တစ်ခါက ပန်းအိုးများရွှေ့ရင်း ခြေတစ်ဖက်ချော်၍ ဒူးထောက်လဲဖူးသည်။ ဖြစ်စက
မနာသော်လည်း နောက်ရက်တွင် လှေကားအဆင်း
အတက်လုပ်သောအခါ ဒူးထဲမှ နာနေသည်ကို ခံစား
လာရသည်။ ပရုတ်ဆီ၊ ဒဏ်ကြေဆေးလိမ်းသော်လည်း မသက်သာ၊ နောက်ပိုင်းတွင် ပျောက်ကင်းဖူးသူတစ်ဦး
က ညွှန်းသဖြင့် ဗာဒံရွက် အစိမ်းရောင် ခပ်နုနုကို ခူးပြီး
ပြောင်ချောသည့်ဘက်တွင် မုန်ညင်းဆီသုတ်၍ မီးအပူ
ပေးပြီးနောက် ဒူးပေါ်တွင်အုပ်ပြီး ဒူးစွပ်စွပ်ထား
လိုက်သည်။ နှစ်နာရီခန့်အကြာ ဒူးစွပ်ချွတ်လိုက်
သောအခါတွင်လည်း ဗာဒံရွက်မှာ ဒူးတွင် ကပ်နေ
သည်ကိုတွေ့ရသည်။ ဤနည်းဖြင့် တစ်ပတ်ခန့် ဗာဒံရွက်
ကပ်ပြီး စာရေးသူ၏ ဒူးနာရောဂါမှာ ပျောက်ကင်းခဲ့ သည်။
ဗန်ဒါ(ဗာဒံ)ရွက်၊ သက်ရင်းကြီးရွက်၊ ကိုယ်ရံကြီး ဂမုန်းရွက် များသည် ဒူးနာ၊ အဆစ်နာ၊ အရိုးကျီးပေါင်း၊ အရိုးပွကိုက်ခဲရောဂါများအတွက် ဆေးဖက်ဝင်သော အရွက်များဖြစ်သည်။ သုံးတတ်လျှင်ဆေးဖြစ်သည်။
အထပ်မြင့်တိုက်တွင် နေထိုင်သူများအတွက် ဒူးနာကာကွယ်နည်း
၁။ လှေကားအဆင်းအတက်ကို တတ်နိုင်သမျှ လျှော့ချ
ပါ။
၂။ နံဘေးတွင်ရှိသော လှေကားလက်ရန်း (သို့မဟုတ်) နံရံကို ကိုင်ပြီးမှ အဆင်းအတက်ပြုလုပ်ပါ။ သက် ကြီးရွယ်ကြီးများ ပို၍ သတိရှိပါ။
၃။ လှေကားအတက်ထက် အဆင်းတွင် ဂုန်ညင်းအရွတ်
ကြောများ နာတတ်သဖြင့် တစ်ထစ်ချင်း ဖြည်းညင်း စွာဆင်းပါ။
၎။ လှေကားအဆင်းအတက်တွင် ဒူးထဲမှ အသံမြည်လျှင်
ဒူးချောဆီ မရှိဘဲ လေဝင်နေသည့်အတွက် အသံ မြည်ခြင်းဖြစ်သည်။ ဒူးစွပ်အသုံးပြုသင့်ပါသည်။
၅။ အကျော်အနင်း မမှန်ကန်သော လှေကားထစ်ရှိသည့် တိုက်ခန်းများတွင် လူကြီးများ မနေထိုင်သင့်ပါ။
အခြားနေရာသို့ ပြောင်းရွှေ့ဖို့ကြိုးစားပါ။
၆။ အသက် ၆ဝ ကျော်လျှင် အရိုးပွပြီး ဒူးဆစ်အတွင်းမှ ချောဆီအားနည်းပြီဖြစ်သဖြင့် ညစဉ်အိပ်ရာဝင် တိုင်း မုန်ညင်းဆီ၊ သံလွင်ဆီ စသည့် ဆီတစ်မျိုးမျိုး
ကို မီးဖြင့်အပူပေးပြီး ဒူးဆစ်အတွင်း စိမ့်ဝင်အောင်
လိမ်းပေးလျှင် ဒူးဆစ်အဆီခြောက်ခြင်း၊ အမြှေး
ရောင်ခြင်း၊ ဒူးခေါက်ကြောများနာခြင်းမှ ကြိုတင်
ကာကွယ်နိုင်ပါသည်။
၇။ ဒူးဆစ်များ အရိုးအားရှိစေရန် လမ်းလျှောက်ခြင်း၊ အကွေးအဆန့် လေ့ကျင့်ခန်းလုပ်ခြင်း၊ နွားနို့၊ ပဲနို့
သောက်ခြင်း၊ အရိုးပြုတ်ရည်သောက်ခြင်း၊ နေရောင်
ခြည်ခံခြင်းများ ပြုလုပ်ပေးလျှင် အရိုးပွခြင်း၊ အရိုး
ကျိုးခြင်းမှ ကာကွယ်နိုင်ပါသည်။
အထပ်မြင့်တိုက်များတွင် နေထိုင်သူများသည် ဒူးဆစ်
နာရောဂါ၊ အရွတ်ရောင်ရောဂါ၊ အကြောရောင်ရောဂါ
များ ရရှိနိုင်သဖြင့် ကြိုတင်သတိရှိကာကွယ်နိုင်ရန် တင်ပြလိုက်ရပါသည်။ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment