Latest News

Monday, August 27, 2018

တပ်မတော်နှင့် ပတ်သက်သည့် ဖေ့စ်ဘုတ်အကောင့်နှင့် ဖေ့စ်ဘုတ်စာမျက်နှာများ ဖယ်ရှားခံရမှုနှင့်ပတ်သက်၍ ဖေ့စ်ဘုတ်အဖွဲ့သို့ မေးမြန်းထားကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ပြောကြား


ပ်မတော်နှင့် ပတ်သက်သည့် ဖေ့စ်ဘုတ်အကောင့်နှင့် ဖေ့စ်ဘုတ်စာမျက်နှာများ ဖယ်ရှားခံရမှုနှင့်ပတ်သက်၍ ဖေ့စ်ဘုတ်အဖွဲ့သို့ မေးမြန်းထားကြောင်း နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ပြောကြား


နေပြည်တော်     ဩဂုတ်     ၂၇

တပ်မတော်နှင့်ပတ်သက်သည့် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များ၏ လူမှုကွန်ရက်စာမျက်နှာများကို အမေရိကန် အခြေစိုက် လူမှုကွန်ရက်ကုမ္ပဏီမှ ဖယ်ရှားပစ်လိုက်ကြောင်း ယနေ့ထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် တပ်မတော်နှင့် ပတ်သက်သည့်  Facebook Account  ၁၈ ခု၊  Facebook  Pages    ၅၂ ခု ကို ဖယ်ရှားလိုက်ကြောင်း ပါဝင်သည်။ 

အစိုးရပိုင်းက ကြိုတင်သိရှိထားတာမရှိ

အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးပြောရေး ဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “နံပါတ်တစ်အချက် ကတော့ ဒီတစ်နေ့လုံး စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပွဲမှာ ရောက်နေတယ်။ ရောက်နေတော့  အစီအစဉ်တွေပြီးတဲ့အချိန်မှ  အဲဒီသတင်းတွေ တွေ့တယ်။ တွေ့တဲ့အချိန်  Facebook Team ကနေ Statement ထုတ်ထားတယ်။ ထုတ်ထားတဲ့ဟာမှာ Account   ၁၈ ခု၊ Pages ပေါင်း ၅၂ ခု ကို သူတို့ Community Standard နဲ့မညီတဲ့အတွက် ဖြုတ်ချလိုက်တယ်ဆိုတဲ့ဟာ ပြောထားတယ်။ ပြောထားတဲ့အပိုင်းမှာ  ကျွန်တော်တို့ က  Community Standard အပိုင်းမှာ ကြည့်လိုက်တော့ သူတို့ Screenshot တွေလည်း တွေ့တယ်။ ပြောရရင်တော့ ဒီကိစ္စနဲ့ပတ်သက်လို့ကတော့ အစိုးရပိုင်းက ကြိုတင်ပြီး သိရှိထားတာမရှိဘူး။

“နံပါတ်နှစ်အချက်ကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Page အပါအဝင် ဒါတွေဖြုတ်ချတာနဲ့ ပတ်သက်လို့ ကျွန်တော်တို့ဘက်မှာတော့ မေးခွန်းတွေအများကြီး ရှိတယ်။ ကျွန်တော်တို့က Community Standard နဲ့မညီဘူးဆိုပြီး ဘာကြောင့်ဖြုတ်ရသလဲ။ ဖြုတ်ရခြင်းအကြောင်းအရင်းကို မေးထားတယ်။ ဒါတွေကို ဖြုတ်ချလိုက်တဲ့အပေါ်မှာ သက်ဆိုင်ရာ ကာယကံရှင် နစ်နာသူတွေကနေ   Account တွေ ၊ Pages တွေ ရအောင် ဘယ်လိုပြန်ပြီး လုပ်နိုင်မလဲ ဒါကိုမေးထားတယ်။

“နံပါတ်သုံးအချက်ကတော့ Long Term မှာ Community Standard နဲ့ ညီခြင်း မညီခြင်း၊ ချိုးဖောက်ခြင်း မချိုးဖောက်ခြင်းအပေါ်မှာ ဘယ်လိုမျိုး ဘယ်သူက အတည်ပြုသလဲ။ အဲဒီအပေါ်မှာလည်း ကျွန်တော်တို့က စဉ်းစားစရာ ဖြစ်တယ်။ အထူးသဖြင့် မြဝတီသတင်း Pages တွေလည်း ပါသွားတယ်လို့ တပ်မတော်ကလည်း ဖုန်းဆက်တယ်။ ဖုန်းဆက်တဲ့အချိန်မှာ ကျွန်တော်တို့ အစည်းအဝေးထဲရောက်နေလို့ မသိဘူး။ နောက်မှ ဖုန်းကိုင်တော့ အဲဒီအကြောင်း တွေသိရတယ်။ ပြောချင်တာက အစိုးရအနေနဲ့ သော်လည်းကောင်း၊ ကျွန်တော်တို့ အစိုးရအဖွဲ့ကလည်း Social Media Monitoring Team နဲ့ သော်လည်းကောင်း ဒီကိစ္စတွေနဲ့ တစ်စုံတစ်ရာ ပတ်သက်ခြင်း မရှိဘူးလို့ ပြောချင်တယ်။ အဲဒီအပေါ်မှာလည်း ကျွန်တော်တို့ Facebook နဲ့ တချို့က  နိုင်ငံတော်သမ္မတရုံး  အမိန့် ကြော်ငြာစာအတုတွေ လုပ်တာတွေရှိတယ်။ အဲဒါလုပ်တာနဲ့  ပတ်သက်လို့ ကျွန်တော်တို့ Pages တွေက ဖြုတ်ချသွားတယ်။ ဖျောက်သွားတယ်။ ဖျောက်သွားတဲ့အပေါ်မှာ Information  တွေလိုတဲ့အချိန်မှာ ကျွန်တော်တို့သမ္မတရုံးအနေနဲ့ တောင်းခံတယ်။ တောင်းခံတဲ့ အပိုင်းမှာလည်း ဟိုဘက်က Information တွေ ပြန်ပြီးတော့ ပေးတဲ့အပိုင်းမှာလည်း တော်တော်အဆင်မပြေမှုတွေ ရှိတယ်။ ရှိတော့      မကြာသေးခင်က Facebook  က Vice  President လာသွားတယ်။ လာသွားတဲ့ အချိန်မှာ ကျွန်တော်တို့ အဲဒါတွေ ဆွေးနွေးတယ်။

Facebook  နဲ့ထပ်ပြီးဆွေးနွေး

“အထူးသဖြင့် အစိုးရနဲ့ Facebook ကြားမှာ ဘယ်လိုမျိုး သဘောတူညီချက်နဲ့ Information တွေ ဘယ်လိုလုပ်မလဲ ဆိုတဲ့အပိုင်းမှာ ကျွန်တော်တို့ ဆွေးနွေးခဲ့တယ်။ ဒါပေမယ့် အဲဒါတွေ မပြီးပြတ်သေးဘူး။ နောက်တစ်ကြိမ် Facebook Team လာဖို့ရှိတယ်။ လာတဲ့အခါမှာလည်း ဒါတွေကိုထပ်ပြီး ဆွေးနွေးသွားမယ်။

လူ့အခွင့်အရေး ချိုးဖောက်မှု ရှိခြင်း မရှိခြင်းကတော့ ကျွန်တော်တို့အစိုးရ အနေနဲ့ပြောထားပြီးပြီ။ နံပါတ်တစ် အစိုးရရဲ့ပေါ်လစီက ရှင်းတယ်။ အခုလက်ရှိအစိုးရသည် လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ပတ်သက်လို့ လုံးဝ သည်းခံမှာမဟုတ်ဘူး။ ခွင့်လွှတ်မှာ မဟုတ်ဘူး။ နံပါတ်နှစ်အချက် ကတော့ ရခိုင်ပြည်နယ်ကိစ္စတွေ ကိုင်တွယ်တဲ့ အခါမှာ အစောကြီးကတည်းက အစိုးရက ပြောထားတယ်။ သုံးချက် ရှိတယ်။  နံပါတ်တစ် ဒါတွေ ကိုင်တွယ်ဖြေရှင်းတဲ့အခါမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ မဖြစ်ပွားဖို့၊ သတိကြီးကြီးထားဖို့၊ ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့  ဒါကို  တပ်မတော်ဘက်ရော၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဘက်ကိုရော ပြောထားတယ်။ အဲဒါကိုလည်း အဆင့်ဆင့် ပြောထားပြီးသားဖြစ်တယ်။ အကယ်၍ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိခဲ့တယ် ဆိုရင်  ချိုးဖောက်မှု တွေရှိကြောင်း ခိုင်မာတဲ့၊ ခိုင်လုံတဲ့ အထောက်အထားတွေ၊ မှတ်တမ်းတွေ၊ အချက်အလက်တွေ ကျွန်တော်တို့ကိုပေးပါ။ ပေးရင် ကျွန်တော်တို့က စုံစမ်းစစ်ဆေးမယ်။ မှန်တယ်ဆိုရင် တည်ဆဲဥပဒေနဲ့ အရေးယူမယ်။ ဒါက အခုချိန်ထိ မပြောင်းလဲဘူး။ သို့သော်အဲဒီအပေါ်မှာ ကျွန်တော်တို့ နိုင်ငံတကာက အစိုးရရဲ့ အရေးယူ ဆောင်ရွက်ချက်အပေါ်  ဝေဖန်မှုတွေရှိတယ်။ ရှိတဲ့အတွက် လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးရေး ကော်မရှင်တွေ ဖွဲ့ထားပြီးသားပါ။  ဒီကော်မရှင်က သူတို့အလုပ်တွေ ဆက်ပြီးတော့လုပ်နေပါပြီ။ လုပ်နေတဲ့ အပိုင်းမှာလည်း အကယ်၍ ရှိတယ်ဆိုရင် အဲဒီမှာ ပေါ်ပေါက်လာပါလိမ့်မယ်။

“နောက်အချက်က  Fact- Finding Mission (FFM) ရဲ့  Report တင်ရမယ့်ရက်က ဒီရက်မဟုတ်ဘူး။ အဲဒါကို ရှင်းရှင်းလင်းလင်း သိစေချင်တယ်။ နောက်လ ၁၈ ရက်နေ့မှ သူက  Report တင်ရမယ်။ သို့သော် မနက်ဖြန်ကျရင် လုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ARSA အကြမ်းဖက်တိုက်ခိုက်မှု ဒီဩဂုတ်လ ၂၅ ရက်နေ့ တစ်နှစ်ပြည့် အချိန်ကာလအနေနဲ့ ဆွေးနွေးပွဲလုပ်မယ်။ ဆွေးနွေးပွဲအမီကို   Fact- Finding  Mission  Report  ထွက်မယ်လို့ ကျွန်တော်တို့က မြင်တယ်။ ဒါဟာ နံပါတ်တစ် အချက်ပါ။ သူက အချိန်ကိုက် လုပ်တယ်။ မူလက သူတို့ Report တင်ရမယ့်ကာလ မတိုင်ခင်မှာ စောလုပ်တဲ့ သဘောပါ။  နံပါတ်နှစ်အချက်ကတော့ Fact-Finding Mission က လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အရ ဖွဲ့စည်းတာဖြစ်တယ်။ အဲဒီကာလကတည်းက မြန်မာနိုင်ငံအစိုးရ အနေနဲ့  ပွင့်ပွင့်လင်းလင်းပြောထားပြီးဖြစ်တယ်။

“လူ့အခွင့်အရေးကောင်စီရဲ့ Resolution ကို ကျွန်တော်တို့က Dissociate လုပ်တယ်။ Dissociate လုပ်တယ်ဆိုတာ ဒီဆုံးဖြတ်ချက်မှာ မြန်မာနိုင်ငံက ပါဝင်ခြင်း မရှိဘူး။ သဘောတူ လက်ခံခြင်းမရှိဘူး။ မရှိတဲ့အတွက် ဒီ Resolution ကို အကောင်အထည်ဖော်တဲ့ Fact - Finding Mission ဖွဲ့စည်းဖို့ကို မြန်မာနိုင်ငံ အစိုးရက လက်ခံထားခြင်းမရှိဘူး။ လက်ခံမထားတာမို့ Fact -Finding Mission မြန်မာနိုင်ငံကို လာရောက်ခွင့်ပြုဖို့ လုပ်တဲ့အချိန်မှာ ကျွန်တော်တို့ ငြင်းဆန်တယ်။ ဘာကြောင့်လဲ ဆိုတော့ လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ သဘောမတူဘူး။ လက်မခံဘူး။ Resolution ကို  အကောင်အထည် ဖော်တဲ့ Fact - Finding Mission ဖွဲ့စည်းဆောင်ရွက်တဲ့အပေါ်မှာ လက်မခံဘူး။ ပူးပေါင်းဆောင်ရွက်မှာလည်း မဟုတ်ဘူးဆိုတာ ပြောထားပြီးသားဖြစ်တယ်။

“ပြောထားတဲ့အပေါ်မှာ Fact-Finding Mission က သူ့ရဲ့ Report ကို Launch လုပ်တယ်။ Launch လုပ်ပြီးမကြာခင်မှာပဲ Facebook ကလည်း Shut down တွေလုပ်တယ်။ ဒါတွေကတော့ တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေတယ်ဆိုတာကိ အထင်အရှားမြင်ရတယ်။ သို့သော် ကျွန်တော်တို့က Fact-Finding Mission Report နဲ့ပတ်သက်လို့ ရှင်းတယ်။ မြန်မာနိုင်ငံအနေနဲ့ လူ့အခွင့်အရေးကောင်စီ resolution ကိုလက်မခံဘူး။ အဲဒီ resolution ကို အကောင်အထည်ဖော်တဲ့ Fact-Finding Mission ဆောင်ရွက်ချက်တွေကို ကျွန်တော်တို့က လက်မခံဘူး။ ဒါကို ပြတ်ပြတ်သားသား ကျွန်တော်ပြောချင်တယ်။

“နောက်နံပါတ်နှစ်အချက်က မြန်မာနိုင်ငံအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ပတ်သက်တဲ့ Accountability ဖြစ်တဲ့ တာဝန်ယူမှု ၊ တာဝန်ခံမှုနဲ့ ပတ်သက်လို့ ကတော့ ကျွန်တော်တို့က ရှင်းတယ်။ မူလကလည်း ပြောထားပြီးသား။ နံပါတ်တစ် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ပတ်သက်လို့ Zero Tolerance ဖြစ်တယ်။ လုံးဝသည်းခံမှာမဟုတ်ဘူး။ ခွင့်လွှတ်မှာမဟုတ်ဘူး။  ခြွင်းချက်ပေးမှာ မဟုတ်ဘူး။

စုံစမ်းစစ်ဆေးရေးကော်မရှင်တွေ့ရှိချက် ဆက်လက်ဆောင်ရွက်သွားမယ်

“နံပါတ်နှစ်အချက်က လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိတယ်ဆိုရင် ခိုင်လုံတဲ့ အထောက်အထားတွေပေး၊ စုံစမ်းစစ်ဆေးမယ်။ မှန်ကန်တယ်ဆိုရင် ဥပဒေနဲ့အညီ အရေးယူမယ်။ နံပါတ်သုံးအချက်က  ဒီလိုမျိုး ပြောထားတဲ့အပေါ်မှာလည်း ကျွန်တော်တို့ အချက်အလက်တွေမရဘူး။ ဒါက ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာအသိုင်းအဝိုင်းကို ကျွန်တော်တို့ ပြောထားပြီးသား။ အဲဒီအပေါ်မှာ ဝေဖန်မှုတွေ ရှိတဲ့အတွက် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့ထားပြီးပြီ။ ဖွဲ့ထားတဲ့အပေါ်မှာ ဆက်လက် ဆောင်ရွက်သွားဖို့ရှိတယ်။
ဒီစုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ တွေ့ရှိချက်၊ ဖော်ထုတ်ချက်တွေအပေါ်မှာ ကျွန်တော်တို့ ဆက်လက် ဆောင်ရွက်သွားမှာဖြစ်တယ်။  လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ အစိုးရက ကတိကဝတ်ပြုပြီးသား။ အဲဒါရှိတယ်။

“ကျွန်တော်တို့က ဒီနေ့တစ်နေကုန်  စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲမှာ ရောက်နေတယ်။ မသိလိုက်ဘူး။ သိလိုက်တဲ့အချိန်မှာလည်း အကုန်လုံးက  Down သွားပြီ။ Down သွားတော့ ကျွန်တော်တို့က UN Fact-Finding Mission  ရဲ့ Report Launch လုပ်တယ်။ ၂ နာရီလောက်မှာ လုပ်တယ်။ မရှေးမနှောင်းမှာပဲ  Facebook က နေပြီးတော့ ဒီ Account တွေကို  Shut  down  လုပ်ပစ်လိုက်တယ်။ လုပ်ပစ်လိုက်တဲ့အပေါ်မှာတော့ သူတို့ Statement ထုတ်ထားတယ်။ Community Standard နဲ့မညီလို့ဆိုတဲ့ Reason ကျွန်တော်တို့ တွေ့ရတယ်။ တွေ့ရတော့ တပ်မတော်ကလည်း  Facebook နဲ့ အဓိကကိုင်တွယ်နေတဲ့ အရာရှိကြီးတွေရှိပါတယ်။ သူတို့ကို ကျွန်တော်တို့ ဆက်သွယ်ပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ရှိတဲ့ပုဂ္ဂိုလ်တွေ ကျွန်တော်တို့ဆီကို ဆက်သွယ်တယ်။ ဘယ်လိုဖြစ်တာလဲဆိုတာ မေးတယ်။ မေးတဲ့အပေါ်မှာတော့ ကျွန်တော်တို့ Facebook ကိုတော့ စောစောက ဖုန်းဆက်ပြီး ပြောထားတယ်။ မေးထားတယ်။ ဒါဘယ်လိုကြောင့် ဖြစ်ရတာလဲ။ Community Standard ဆိုတဲ့ အပေါ်မှာလည်း ပြောစရာတွေ၊ ဝေဖန်စရာတွေ ရှိတယ်ဆိုတဲ့အပိုင်းကို ကျွန်တော်တို့ ပြောတယ်။ ဒီလုပ်ရပ်ကဘာလဲဆိုတော့ ကျွန်တော်တို့ အစိုးရ၊ လက်ရှိအစိုးရသွားနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ကိုလည်း  တစ်နည်းတစ်ဖုံအားဖြင့်တော့  ထိခိုက်မှုတွေ ရှိလာနိုင်တယ်ဆိုတာ ကျွန်တော်တို့ စိုးရိမ်တယ်။

“ရှိလာမယ် အလားအလာတွေရှိလာနိုင်မယ်။ ဥပမာအားဖြင့် Social Media Monitoring  Team (SMMT) လုပ်တဲ့အပေါ်မှာ  အထင်လွဲမှုတွေ ဖြစ်လာနိုင်တယ်။ နံပါတ်တစ်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Page အပါအဝင် ကျန်တဲ့ Page တွေ ဖြုတ်ချခံရခြင်းကိစ္စနဲ့ ပတ်သက်လို့  ထုတ်ပြန်ထားတဲ့အတိုင်း ဖြစ်ပါတယ်။ နံပါတ်နှစ်က အစိုးရရဲ့ Input လုံးဝတစ်စုံတစ်ရာ မပါဝင်ပါဘူး။ နံပါတ်သုံးက အစိုးရက ဖွဲ့စည်းထားတဲ့ SMMT လည်း မပါဘူး။ ဒါကိုတော့ အတိအလင်း ပြောချင်ပါ တယ်။ အခုဖြစ်သွားတဲ့နောက်ပိုင်းမှာ Facebook ကိုတော့ ပြန်မေးထားတယ်။ ဒါတွေဖြစ်ရတဲ့အကြောင်းရင်း  Community Standard တော့ ဟုတ်ပြီ၊ တန်းတူ ညီမျှတော့ ဖြစ်ရမယ်။

ပြည်တွင်းဥပဒေလိုက်နာရမယ် သဘောတူညီချက်နဲ့သွားရ

“Page တွေအများကြီးဖြစ်သွားတဲ့အပေါ်မှာလည်း ဝေဖန်မှုတွေက အများကြီး မြင့်တက်နေတယ်။ မြင့်တက်နေတဲ့ အပေါ်မှာလည်း အစိုးရအနေနဲ့ သေသေချာချာ သိချင်တယ်။  သူတို့ Page တွေပြန်ရအောင် ဘယ်လိုလုပ်မလဲ၊ သူတို့ Page တွေ အသစ်ဖွင့်ရင်ဆက်ပြီး ဒီအတိုင်းပဲ ဖြုတ်ချမှာလား၊ ဒါကို ကျွန်တော်တို့က  Facebook နဲ့ ဆက်ပြီးဆွေးနွေးနေတယ်။ အခု ကျွန်တော်တို့ လုပ်နေတာက Legal ပိုင်းက လုပ်တာ။ ဥပမာ  Facebook ကနေပြီးတော့ ဗီယက်နမ်၊ တရုတ်၊ စင်ကာပူ ဖြစ်စေ အဲဒီမှာရုံးခွဲတွေရှိတယ်။ သူတို့ ရုံးခွဲထောင်တဲ့အချိန်ကျရင် သူ့ရဲ့ ပြည်တွင်းဥပဒေကို လိုက်နာရမယ်ဆိုတဲ့ သဘောတူညီချက်နဲ့ သွားရတာပါ။ သက်ဆိုင်တဲ နိုင်ငံဥပဒေအတိုင်း သွားတာပါ။

“ကျွန်တော်တို့နိုင်ငံမှာ  Facebook ရုံးခွဲ မရှိဘူး။ မရှိတော့ world wide web- www အပေါ်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံက User  အဖြစ်သုံးတယ်။  သုံးတဲ့ အပေါ်မှာ Facebook  က တစ်ခုခုဖြစ်လာရင် မြန်မာနိုင်ငံအစိုးရရဲ့ ပြည်တွင်းဥပဒေတွေ၊ တည်ဆဲဥပဒေတွေက သူ့အပေါ်မှာ By name မဖြစ်ဘူး။  မြန်မာနိုင်ငံရဲ့ တည်ဆဲ ဥပဒေတွေ၊  ဥပဒေတွေ လိုက်နာစရာမလိုဘူးဆိုတဲ့  အနေအထားဖြစ်တယ်။ တရုတ် မှာဆိုရင် Facebook ကို ပိတ်တယ်။  သူရဲ့  ပြည်တွင်းဖြစ်  Social   Media တွေသာသုံးတယ်။ Facebook ကိုသုံးတဲ့အချိန်မှာ  Agreement လုပ်တဲ့သဘော ရှိတယ်။

“အလားတူပဲ  European Council ဥရောပမှာလည်း Facebook  နဲ့ MoU ထိုးတာတွေရှိတယ်။ အဲဒီမှာလည်း ကျွန်တော်တို့အစိုးရအနေနဲ့ Facebook နဲ့ MoU ထိုးဖို့ထိ  ညှိနှိုင်းခဲ့တယ်။ ညှိနှိုင်းခဲ့သော်လည်း  Individual နိုင်ငံအနေနဲ ပတ်သက်လို့ ထိုးတဲ့အလေ့အထ သူတို့မှာမရှိဘူးဆိုတဲ့အတွက် G to G အစိုးရနဲ့  သက်ဆိုင်ရာ အစိုးရ၊ အစိုးရနဲ့ Facebook Team နဲ့ ဘယ်လိုသဘောတူညီချက်တွေ လုပ်နိုင်မလဲဆိုတာ ဆက်ဆွေးနွေးဖို့ ရှိပါတယ်။

“နောက်တစ်ချက်က Social Media မှာ  အထူးသဖြင့် မြန်မာနိုင်ငံမှာ Facebook ကို အဓိကမှီခိုအားထားနေလို့ Facebook အခန်းကဏ္ဍက Main Stream Media လို ဖြစ်လာတယ်။ တစ်ဖက်ကလည်း ကောင်းကျိုးတွေရှိသလို တစ်ဖက်ကလည်း ဆိုးကျိုးတွေရှိတယ်။ ဒီအပေါ်မှာ မြန်မာပြည်သူလူထု User   တွေ ၊ မြန်မာ  Community က အထူးသဖြင့် ဆက်လက်ဆွေးနွေးဖို့ ရှိလိမ့်မယ်။ ဆိုလိုတာက Facebook ပေါ်မှာ Like လုပ်တာများလာတယ်။  ကျွန်တော်တို့ ပြည်သူလူထုတွေရဲ့ Data အချက်အလက်တွေ အကုန်လုံးက Facebook ပေါ်မှာ ရှိပါတယ်။

Online နဲ့ ပတ်သက်တဲ့ တိကျတဲ့ ဥပဒေစည်းမျဉ်း စည်းကမ်းရှိဖို့လို

“နောက်တစ်ဆင့်  ဘာတွေဆက်ဖြစ်မလဲ၊ ဒါတွေကလည်း  ကျယ်ကျယ်ပြန့်ပြန့် တွေးကြဖို့လိုတယ်။ အစိုးရပိုင်းကတော့ ဘာလိုသလဲဆိုရင် ကျွန်တော်တို့က Long Term သွားနေတာ အခုအချိန်ထိ Cyber Law မရှိဘူး။ ဆက်သွယ်ရေးဥပဒေက ကွန်ရက်အသုံးပြုတာတွေနဲ့ တကယ် Cyber မှာ အဓိကဖြစ်နေတဲ့ ချိုးဖောက်မှုတွေနဲ့ ပတ်သက်တဲ့အရေးယူနိုင်တဲ့ ဥပဒေဆိုတာ မရှိသေးဘူး။ နိုင်ငံတကာမှာရှိတယ်။ Cyber Law  ရှိသလို  Cyber  Police ရှိတယ်။ Cyber မှာ ဖြစ်သမျှကိစ္စတွေနဲ့ ပတ်သက်လို့    ဥပဒေကြောင်းအရ   ရှင်းလို့ရတယ်။  အခုလက်ရှိ မြန်မာနိုင်ငံမှာ ဖြေရှင်းဖို့ခက်တယ်။  ဥပဒေမရှိတော့ ဆက်သွယ်ရေးဥပဒေကို ကိုးကားရတယ်။ Online နဲ့ ပတ်သက်တဲ့ သုံးစွဲမှုတွေမှာ  တိကျတဲ့ ဥပဒေစည်းမျဉ်း စည်းကမ်းတွေ ရှိဖို့လိုတယ်။ ဒါက  Long  Term မြန်မြန်လေးတွန်းဖို့တော့ လိုလိမ့်မယ်’’ ဟု  ပြောကြားသည်။

ကျော်သူထက် ၊ မွှေးကြူဇင်
MOI

No comments:

Post a Comment