Latest News

Tuesday, August 14, 2018

ချမ်းမြသာစည်မြို့နယ်၌ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေ၊ အမျိုးသားတစ်ဦး ဒဏ်ရာရရှိမှုဖြစ်ပွား



ရဲဇာနည်

နေပြည်တော်၊ ဩဂုတ် ၁၄

၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာမြို့သစ်၊ လမ်းသွယ်(၁)ရပ်ကွက် ၅၅×၅၆ လမ်းကြား၌ "ကျော်ပုလင်း" ကချင်ရိုးရာခေါင်ရည်ဆိုင်ရောင်းချသည့် ဦးလီဆွမ်(ခ)ဇော်လင်း(၄၀)နှစ်မောင်းနှင်ပြီး ဇနီး မဟော်လောက်ဖိန် (၄၀)နှစ်လိုက်ပါလာသည့် ဆိုင်ကယ်သည် ၅၅ လမ်းအနောက်ဘက်ခြမ်း ရွာလယ်လမ်းနှင့် နှင်းဆီ လမ်းကြားအရောက်၌ အမျိုးသားတစ်ဦးက ၎င်း၏ဆိုင်ကယ်ဖြင့်ဝင်တိုက်ပြီး မဟော်လောက်ဖိန်၏ လက်ထဲမှ လက်ကိုင်အိတ်အား လုယူခဲ့ကြောင်း၊ ဦးလီဆွမ်(ခ)ဇော်လင်းက ပြန်လည်လုယူသဖြင့် ၎င်းအမျိုးသားက ပစ္စတိုသေနတ်ဖြင့် ၃ ချက် ပစ်ခတ်ခဲ့ရာ မဟော်လောက်ဖိန်တွင် နဖူးကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက်ရရှိ၍ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ဦးလီဆွမ်(ခ)ဇော်လင်းတွင် ဝဲရင်ဘတ် ကျည်ဖောက်ဝင်၊ ယာချိုင်းအောက် ကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက် (စိုးရိမ်ရ)ရရှိခဲ့ကြောင်း၊ သေနတ်ဖြင့်ပစ်ခတ်သူမှာ ထွက်ပြေးသွား၍ အနီးရှိ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူများက ဝိုင်းဝန်း ဖမ်းဆီးခဲ့ရာ ၅၃ လမ်းနှင့် မနော်ဟရီလမ်းထောင့်၌ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာ၊ (၆) ရပ်ကွက်နေ မောင်မျိုး(ခ)ခွန်ကောလား(၃၅)နှစ်(ဇာတိ-ကောင်ဝိန်းရပ်ကွက်၊ ကျောက်တလုံးကြီးမြို့၊ ရှမ်းပြည်နယ်)အား ဆိုင်ကယ်(၁)စီး၊ ပွိုင့် ၃၂ ပစ္စတို ၁ လက်၊ ၎င်းကျည် ၂၂ တောင့်၊ ကျည်အိမ် ၂ ခု၊ ကျည်ခွံ ၁ ခု တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ စစ်ဆေးချက်အရ မောင်မျိုး(ခ)ခွန်ကောလား သည် လုယက်ရန်ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သောကြောင့် ၎င်းအား အောင်ပင်လယ်နယ်မြေရဲစခန်း(ပ)၅၈၀/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄ ဖြင့် လည်းကောင်း၊ (ပ)၅၈၁/၂၀၁၈၊ လက်နက်များအက်ဥပဒေပုဒ်မ ၁၉(စ)ဖြင့်လည်းကောင်း အသီးသီး အမှုဖွင့် အရေး ယူထားကြောင်း သတင်းရရှိသည်။

Photo-ရဲဇာနည်



No comments:

Post a Comment