Sunday, August 26, 2018
ဖားကန့်မြို့နယ်၌ တောဆင်ရိုင်းနင်းမိ၍ တောင်ယာလုပ်ကိုင်သူနှစ်ဦး သေဆုံး
ဖားကန့် ဩဂုတ် ၂၆
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်၌ ဩဂုတ်၂၄ရက်က တောင်ယာလုပ်ကိုင်သူနှစ်ဦး တောဆင်ရိုင်းနင်းမိ၍ သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၂၄ ရက်၊ ည ၉နာရီခန့်က ဖားကန့်မြို့နယ်၊လုံးခင်း ကျေးရွာအုပ်စု၊လုံးခင်း-တောမှော်သွားလမ်း၏ မြောက်ဘက် ၃ မိုင်ခန့်အကွာတွင် တောင်ယာလုပ်ကိုင်နေသူနှစ်ဦးဖြစ်သည့် ဦးယိန်ခေါသက်(၅၀)နှစ်နှင့် ဦးဝဒူးတန်ဂွမ်း(၅၅)နှစ်တို့ နှစ်ဦးသည် တဲအတွင်းအိပ်ပျော်နေစဉ် တောဆင်ရိုင်း သုံးကောင်မှ တောင်ယာတဲအား ဝင်ရောက်ဖျက်ဆီးခဲ့၍ တောဆင်ရိုင်း နင်းမိကာ သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဩဂုတ် ၂၅ ရက်၊နံနက် ၁၁ နာရီခွဲတွင် သေဆုံးသူ ရုပ်အလောင်းအား သင်္ဂဟလူမှုကူညီရေး အသင်း မော်တော်ယာဉ်ဖြင့် သွားရောက် သယ်ဆောင်ကာ လုံးခင်းနယ်မြေရဲစခန်းမှ တာဝန်ရှိသူများက သေမှုသေခင်းရေး ဖွင့်ခဲ့ကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)
မိုးကောင်းသတင်းမီဒီယာ
https://www.facebook.com/mogaungnews.media
ဖားကန့်မြို့နယ်၌ တောဆင်ရိုင်းနင်းမိ၍ တောင်ယာလုပ်ကိုင်သူနှစ်ဦး သေဆုံး
Reviewed by timeayeyar
on
10:03 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment