Latest News

Monday, August 27, 2018

တပ်ကုန်းမြို့ ရန်ကုန်-မန္တလေးကားလမ်းပေါ်၌ ခင်ပွန်းဟောင်းက သတ်၍ အမျိုးသမီးတစ်ဦးသေဆုံးမှုဖြစ်



နေပြည်တော် သြဂုတ် ၂၇

နေပြည်တော် တပ်ကုန်းမြို့တောင်ဘက် ရန်ကုန်-မန္တလေး ကားလမ်းမပေါ်တွင် သြဂုတ် ၂၇ ရက် နံနက်ပိုင်းက အမျိုးသမီး တစ်ဦးအား ခင်ပွန်းဟောင်းဖြစ်သူက လည်လှီး သတ်မှုတစ်ခုဖြစ်ပွား ခဲ့သည်။

ဖြစ်ပွားပုံမှာ သြဂုတ် ၂၇ ရက် နံနက်ပိုင်းက တပ်ကုန်းမြို့နယ် ကံလှအုပ်စု ဝက်စု(ရွှေစု)ကျေးရွာနေ မစုရည်ဖြိုး(၂၈)နှစ်(ရှေ့နေ)သည် ဖခင်ဖြစ်သူ ဦးအောင်မောင်းနှင့်အတူ ဆိုင်ကယ်စီး၍ နေအိမ်မှ မြို့နယ် တရားရုံးသို့ သွားရောက်ရာ ရန်ကုန်-မန္တလေးလမ်းပေါ် မိုင်တိုင်အမှတ် (၂၇၃/၁)၊နွယ်ရစ်ကျေးရွာအနီးတွင် မစုရည်ဖြိုးနှင့်လွန်ခဲ့သောတစ်နှစ် ခန့်က နှစ်ဦးသဘောတူလက်မှတ်ရေးထိုးပေါင်းသင်းနေထိုင်ရာမှ စိတ်သဘောထားမတိုက်ဆိုင်သဖြင့် လွန်ခဲ့သောတစ်လခန့်က တရားရုံးတွင် တရားဝင်ကွာရှင်းပြတ်စဲထားသော ခင်ပွန်းဟောင်း အောင်စိုး(ခ) မောင်စိုး (၄၅)နှစ်ဆည်ထိပ်ကျေးရွာ၊(ရွေးစုအုပ်စု)နှင့်မျက်နှာချင်းဆိုင် ရုတ်တရက်တွေ့လိုက်သဖြင့် ကားလမ်းဘေးသို့ ရပ်တန့်တိမ်းရှောင် ပေးလိုက်သည်။

ထိုအခါ အောင်စိုးသည် ဆိုင်ကယ်ဖြင့်အနီးသို့ရောက်လာပြီး မစုရည်ဖြိုးအားဆွဲဖက်လှဲချကာ လွယ်အိတ်ထဲမှ ဓားမြှောင် ဆွဲထုတ်ပြီး လည်ပင်းကို လှီးလိုက်သဖြင့်နေရာတွင်သေဆုံးသွားသည်၊ပြစ်မှုကျူး လွန်သူအောင်စိုးမှာဆိုင်ကယ်ဖြင့်ထွက်ပြေးသွား၍ တပ်ကုန်းမြို့မ ရဲစခန်းက အပူတပြင်းလိုက်လံစုံစမ်းရှာဖွေလျှက်ရှိပြီး ၄င်းအားတွေ့ ရှိပါက နီးစပ်ရာရဲစခန်းများသို့ဆက်သွယ်သတင်းပေးရန်နှိုးဆော်ထားကြောင်း သတင်းရရှိသည်။

တင်ထွန်းတာ(တပ်ကုန်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

No comments:

Post a Comment