Latest News

Thursday, August 16, 2018

မြန်မာ ယူ-၂၃ အသင်း အုပ်စုဒုတိယပွဲအဖြစ် ဆော်ဒီအသင်းနှင့် ယနေ့ကစားမည်

မြန်မာ ယူ-၂၃ အသင်း အုပ်စုဒုတိယပွဲအဖြစ် ဆော်ဒီအသင်းနှင့် ယနေ့ကစားမည်

ရန်ကုန်  သြဂုတ်  ၁၆

မြန်မာ ယူ-၂၃ အသင်းသည်   အာရှ အားကစားပြိုင်ပွဲ   အမျိုးသားဘောလုံး ပြိုင်ပွဲအုပ်စု (စ) ဒုတိယပွဲအဖြစ် သြဂုတ် ၁၇  ရက်  (ယနေ့) မြန်မာစံတော်ချိန်  ညနေ ၆ နာရီခွဲတွင်  ဆော်ဒီအာရေဗျ အသင်းနှင့်         ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

မြန်မာ ယူ-၂၃ အသင်းသည်  အဖွင့် ပွဲတွင် အာရှအင်အားကြီး မြောက်ကိုရီး ယားအသင်းကို    သရေကစားနိုင်သော ကြောင့်         နောက်တစ်ဆင့်တက်ခွင့် မျှော်လင့်ချက်ရှိလာပြီး    လက်ကျန်နှစ်ပွဲ တွင် ရလဒ်ကောင်းရရန်  ကြိုးပမ်းရမည် ဖြစ်သည်။  မြန်မာ ယူ-၂၃ အသင်းသည် အုပ်စု$ကျပ်အတွင်း   ကျရောက်နေသော် လည်း အဖွင့်ပွဲတွင်  ကစားခဲ့သည့်ခြေစွမ်း နှင့် ရလဒ်အရ လက်ကျန်နှစ်ပွဲတွင်   ပွဲချိန် ပြည့်အာရုံစူးစိုက်မှုအပြည့်ဖြင့် ကစား ပါက   ရလဒ်ကောင်း ထပ်မံရယူနိုင်ဖွယ် ရှိနေသည်။ မြန်မာအသင်းနှင့်  ဆော်ဒီ အသင်းသည် အာရှအားကစားပြိုင်ပွဲတွင် တွေ့ဆုံခဲ့ဖူးခြင်းဖြစ်ပြီး မြန်မာအသင်း အနေဖြင့်   ယခုပွဲတွင်   ရလဒ်ကောင်းခဲ့ ပါက နောက်တစ်ဆင့်တက်ရောက်နိုင်ရန်    မျှော်လင့်ချက်   ပိုကောင်းလာမည်ဖြစ် သည်။ အဆိုပါ အမျိုးသားဘောလုံးပြိုင်ပွဲ ကို အုပ်စုခြောက်ခုခွဲ၍   ကျင်းပလျက်ရှိပြီး အုပ်စုတစ်ခုစီမှ  ထိပ်ဆုံးနှစ်သင်းစီနှင့် တတိယနေရာရ   အသင်းများအနက် အကောင်းဆုံးလေးသင်း၊ စုစုပေါင်း ၁၆ သင်းမှာ ရှုံးထွက်အဆင့်သို့ တက်ရောက် ခွင့်ရမည်ဖြစ်သည်။ ထို့ကြောင့် မြန်မာ အသင်းအနေဖြင့်    အာရှအသင်းကြီး များကို ကျော်ဖြတ်နိုင်ရန်   ခက်ခဲသော် လည်း အကောင်းဆုံးတတိယနေရာဖြင့် နောက်တစ်ဆင့်တက်ရန် မျှော်လင့်ချက် ရှိနေခြင်းဖြစ်သည်။   ဆော်ဒီအာရေဗျ အသင်းသည် ပထမပွဲတွင် အီရန်အသင်း နှင့် ဂိုးမရှိသရေကျခဲ့ပြီး ခြေစွမ်းပိုင်းအရမြောက်ကိုရီးယားအသင်းနှင့်    ကွာခြား ဖွယ်မရှိပေ။   မြောက်ကိုရီးယားအသင်း နှင့်ပွဲတွင် လက်စွမ်းပြခဲ့သည့် ဂိုးသမား ကျော်ဇင်ထက်က     ''အကောင်းဆုံး ရလဒ်ရရှိဖို့   ပွဲတိုင်းမှာ  ကြိုးစားနေပါ တယ်။ ဆော်ဒီနဲ့ပွဲမှာလည်း  အကောင်း ဆုံးရလဒ်ရရှိဖို့   ယှဉ်ပြိုင်ကစားမှာပါ။ မြောက်ကိုရီးယားနဲ့ပွဲလိုပဲ ခံစစ်ကို ဦးစား ပေးပြီး  တန်ပြန်တိုက်စစ်နဲ့   ယှဉ်ပြိုင် ကစားမှာပါ''ဟု ပြောကြားသည်။

ယနေ့တွင်   အမျိုးသားဘောလုံး ပြိုင်ပွဲ အုပ်စုပွဲများအဖြစ်   မြန်မာနှင့် ဆော်ဒီအာရေဗျ၊ အီရန်နှင့်   မြောက် ကိုရီးယား၊   ဘာရိန်းနှင့်  ကာဂျစ္စတန်၊ တောင်ကိုရီးယားနှင့်       မလေးရှား၊ ဟောင်ကောင်နှင့် ပါလက်စတိုင်း၊ အင်ဒို နီးရှားနှင့် လာအိုအသင်းတို့   ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။

ညီမြတ်သော်တာ

No comments:

Post a Comment