Latest News

Thursday, August 9, 2018

ရန်ကုန်မြို့၌ ပလတ်စတစ်သုံးစွဲမှု လျော့ကျစေရေးနှင့် အမှိုက်များ စနစ်တကျ စွန့်ပစ်စေရေး နေရာ ၁၅ ခု၌ Billboard များထောင်ကာ ကမ်ပိန်း ဆောင်ရွက်မည်

ရန်ကုန်မြို့၌ ပလတ်စတစ်သုံးစွဲမှု လျော့ကျစေရေးနှင့် အမှိုက်များ စနစ်တကျ စွန့်ပစ်စေရေး နေရာ ၁၅ ခု၌ Billboard  များထောင်ကာ ကမ်ပိန်း ဆောင်ရွက်မည်

ရန်ကုန်မြို့၌ ပလတ်စတစ်သုံးစွဲမှု လျော့ကျစေရေးနှင့် အမှိုက်များ စနစ်တကျ စွန့်ပစ်စေရန် ရည်ရွယ်၍  နေရာ ၁၅ ခု၌ Billboard  များထောင်ကာ  ကမ်ပိန်းဆောင်ရွက်မည် ဖြစ်ကြောင်း Thant   Myanmar ပြောရေးဆိုခွင့်ရှိသူ  ဒေါ်မေသက်ထွေးထံမှ သိရသည်။

သြဂုတ်လမှ စက်တင်ဘာလအထိ Billboard  များကို ထောင်ကာ   အသိပညာ ပေးမည်ဖြစ်ကြောင်း၊   ပြည်သူများအနေ ဖြင့် Billboard  ထောင်သည့်နေရာများကို တွေ့ရှိပါက   ဓာတ်ပုံရိုက်ကာ   Thant Myanmar   Facebook   Page တွင် မည်သည့်နေရာ၌ တွေ့ရှိခဲ့ကြောင်း Comment တွင် ရေးသားစေလိုကြောင်း  သိရသည်။

ရန်ကုန်မြို့ရှိ နေရာ ၁၅ ခု၌  မုန့်ဟင်းခါးပဲစား၊ ပလတ်စတစ်မစားနဲ့၊ ချိုင့်လေးတော့ ယူသွား စာသားပါ Billboar ၊ ပစ်တိုင်းထောင်ပုံဖြင့် ကမ္ဘာတစ်ခြမ်းမှ အမှိုက်များ ရှုပ်ပွနေပုံ၊ နောက်တခြား ကမ္ဘာတစ်ခြမ်းမှ  သန့်ရှင်းနေ သည့်ဘက်၌   အမှိုက်ပုံးထားရှိ သည့်ပုံ ရေးဆွဲထားသော Billboard  နှင့် ကြွပ်ကြွပ်အိတ်လိုလို့လား  စာသားပါ  Billboard အမျိုးအစားသုံးမျိုးကို ထောင်ထားကြောင်း သိရသည်။

''အဓိကက မုန့်ဟင်းခါးကို ပြောချင်တာ မဟုတ်ပါဘူး။ ပလတ်စတစ်နဲ့ ထည့်ရင် ပလတ်စတစ်ထဲမှာပါတဲ့ ဓာတုဗေဒဓာတ်တွေက   မုန့်ဟင်းခါးဟင်းရည်ပူနဲ့ထိပြီး  လူတွေကို အန္တရာယ်ဖြစ်စေတယ်။ ပတ်ဝန်းကျင်ကို ဆိုးကျိုးဖြစ်စေတဲ့  ပလတ်စတစ်အိတ်တွေ၊ ဘူးတွေကိုမသုံးဘဲ   ချိုင့်လေးယူသွားပြီး     ထည့်စေချင်တဲ့ဆန္ဒနဲ့ လုပ်တာပါ'' ဟု   ဒေါ်မေသက်ထွေး ကပြောသည်။

ရန်ကုန်မြို့တော်  စည်ပင်သာယာရေး ကော်မတီက သြဂုတ်လမှ စက်တင်ဘာလအထိ နှစ်လစာ Billboard အခွန်ကင်းလွတ်ခွင့် ပေးထားပြီး တပ်ဆင်ခနှင့်  ဗီနိုင်းခများကို   ဒိန်းမတ်နိုင်ငံ သံရုံးမှ   အကူအညီပေးထားကြောင်း သိရသည်။

အဆိုပါ  Billboard များ ထောင်ခြင်းကို Thant  Myanmar ၊ ရန်ကုန်မြို့တော်   စည်ပင်သာယာရေး ကော်မတီ၊  ဒိန်းမတ်နိုင်ငံ သံရုံးနှင့် Trash   Hero အဖွဲ့တို့   ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း  သိရသည်။

MWD

No comments:

Post a Comment