Latest News

Tuesday, July 3, 2018

လူသတ် ကားလုယူမှု ကျူးလွန်ရာတွင်ပါဝင်ခဲ့သူ ရဲစခန်းတွင် လာရောက်အဖမ်းခံ


ရန်ကုန် ဇူလိုင် ၃

ဧရာဝတီတိုင်းဒေသကြီး ဇရပ်ကွင်းကျေးရွာအုပ်စု ဆူးပဒေါင်း ကျေးရွာအနီး ရန်ကုန်-ပုသိမ်ကားလမ်းမဘေးတွင် ရွှေပြည်သာမြို့နယ်မှ အငှား ယာဉ်မောင်း ကိုအေးမင်းဆိုသူအားသတ်၍ မော်တော်ယာဉ်ကို လုယူသည့် မှုခင်းဖြစ်စဉ်တစ်ရပ် မတ် ၁၇ ရက်က ဖြစ်ပွားခဲ့သည်။

ယင်းအမှုဖြစ်စဉ်တွင် ပါဝင်ကျူးလွန်ခဲ့ပြီး တိမ်းရှောင်လွတ်မြောက် နေသူ အောင်ကျော်ဟိန်း(ခ)မှန်ကြီးဆိုသူသည် လှိုင်သာယာမြို့ နယ် ရဲတပ်ဖွဲ့မှူးမှဥပဒေနှင့်အညီ ရင်ဆိုင်ဖြေရှင်းရန် ၄င်း၏အုပ်ထိန်းသူများ အား စည်းရုံးပြောဆိုခဲ့မှုကြောင့် ယခုလ ၁ ရက် နံနက် ၉ နာရီခန့်က လှိုင်သာယာမြို့မရဲစခန်းသို့ အုပ်ထိန်းသူများနှင့်အတူ လာရောက်အဖမ်းခံ ခဲ့ကြောင်း သိရသည်။

အောင်ကျော်ဟိန်း(ခ)မှန်ကြီးနှင့်အတူ ပြစ်မှုကျူးလွန်ခဲ့သည့် အင်းစိန် မြို့နယ် မြို့သစ်(၈)ရပ်ကွက် ပိတောက်(၄)လမ်းနေ ထွန်းဇော်မျိုး(ခ) ထက်အောင်(၂၃နှစ်)အား ဇွန် ၂၄ ရက်တွင်လည်းကောင်း၊ ရွှေပြည်သာ မြို့နယ် အမှတ်(၂ဝ)ရပ်ကွက် ပုသိမ်(၃)လမ်းနေ အောင်အောင်(ခ) တင်မိုးအောင်(၃၈နှစ်)နှင့် ၄င်းတို့လုယူလာသည့် အမှတ်DD/---- proboxအမျိုးအစားယာဉ်ကို ငွေကျပ် ၇၅ဝဝဝဝ ဖြင့် ကြိုတင်ချိတ်ဆက်ဝယ် ယူခဲ့သော မရမ်းကုန်းမြို့နယ် အမှတ်(၃)ရပ်ကွက်နေ ဆံရှည်(ခ) ဝင်းကျော်သူ(၃၆နှစ်)တို့အား ဇွန် ၂၅ ရက်တွင်လည်းကောင်း ဖမ်းဆီးရမိ ခဲ့သည်။

အဆိုပါအောင်ကျော်ဟိန်း(ခ)မှန်ကြီးသည် ထွန်းဇော်မျိုး(ခ) အောင် အောင်နှင့်အတူ အင်းစိန်မြို့နယ်အတွင်း ဆိုင်ကယ်လုယက်မှုများ ကျူးလွန် ခဲ့ကြောင်း၊ အဆိုပါ ပေါ်ပေါက်ချက်များအပေါ် ရဲတပ်ဖွဲ့က ထိရောက် ပြစ်ဒဏ်များချမှတ်နိုင်ရေးဆောင်ရွက်လျက်ရှိပြီး အောင်ကျော်ဟိန်း(ခ) မှန်ကြီးအား လူသတ်မှုဖြစ်စဉ်အတွက် ဧရာဝတီတိုင်းဒေသကြီး ကျောက်တန်းမြို့မရဲစခန်းသို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကိုနိုင်(ရွှေပြည်သာ)
The Union Daily
https://www.facebook.com/uniondaily.net

No comments:

Post a Comment