Latest News

Friday, July 13, 2018

သီေပါမင္း နတ္ရြာစံၿပီးေနာက္ ရန္ကုန္ကုိျပန္လာတဲ့ စုဖုရားလတ္ ႏွင့္ အင္တာဗ်ဴး



သီေပါမင္း နတ္ရြာစံေတာ့ စုဖုရားလတ္ဟာ ရန္ကုန္ကုိ ျပန္လာခဲ့ၿပီး ကုိယ့္မင္းကုိယ္ခ်င္းလမ္း အမွတ္ ၂၄ ေနအိမ္မွာ ေနထုိင္ခဲ့ပါတယ္။ မိဖုရားႀကီးေနထိုင္ရာအိမ္ကုိ ၁၉၂၄ ခုႏွစ္မွာ ဗႏၶဳလသတင္းစာ သတင္းေထာက္တစ္ဦးမွ သြားေရာက္ေတြ႔ဆုံ ေမးျမန္းခဲ့ပါတယ္။

သတင္းေထာက္ – အရွင္မိဖုရားႀကီး အသက္ဘယ္ေလာက္ရွိပါၿပီလဲ။
စုဖုရားလတ္ – ၆၅ႏွစ္ ရွိပါၿပီ ။ ေမးခ်င္တာရွိရင္ ေမးပါ။

သတင္းေထာက္ – ရတနာဂီရိမွာ စံေနေတာ္မူတုန္းက လစာရိကၡာေတာ္ ဘယ္ေလာက္ဆက္သပါသလဲ။
စုဖုရားလတ္ – ပထမ တစ္ေသာင္းဆက္တယ္ ။ ေနာက္ ေျခာက္ေထာင္ပဲ ဆက္ေတာ့တယ္။

သတင္းေထာက္ – ရိကၡာအျပင္ အပုိဆက္တာ ရွိပါသလား။
စုဖုရားလတ္ – လစာအျပင္ ႏွစ္စဥ္ႏွစ္တုိင္း တန္ခူးလမွာ ငါးေထာင္ ၊ သီတင္းကြ်တ္လမွာ တစ္ေထာင့္ငါးရာ ၊ ေမာင္ေတာ္နဲ႔ စုဖုရားေမြးေန႔ေတြအတြက္ သုံးေထာင္ဆက္ပါတယ္။

သတင္းေထာက္ – အခုျမန္မာျပည္ျပန္ေရာက္ၿပီးေတာ့ေရာ ရိကၡာေတာ္ ဘယ္ေလာက္ဆက္သလဲ။
စုဖုရားလတ္ – ႏွစ္ေထာင့္ငါးရာ ဆက္ပါတယ္။
စုဖုရားလတ္ – ျမေတာင္ဘုန္းႀကီးပ်ံအတြက္ ေငြတစ္ေထာင္လွဴတုန္းက တရုတ္ဇနီးသည္ တစ္ေယာက္ဆီက ေခ်းငွားခဲ့ရတယ္။ အခုထိဆပ္လုိ႔ မေျပေသးပါဘူး။

သတင္းေထာက္က ေနထုိင္ရာ အိမ္နဲ႔ ပါတ္သတ္ၿပီး ဆက္လက္အင္တာဗ်ဴးပါတယ္။
သတင္းေထာက္ – ဒီအိမ္ဟာ အစုိးရအိမ္ေတာ္ျဖစ္ပါသလား။
စုဖုရားလတ္ – အစုိးရေပးတဲ့အိမ္ပါပဲ ။ ဒါေပမယ့္ အိမ္ေတာ္၀န္းက ေျမကြက္လပ္ေလးေပၚမွာ ပန္းဥယ်ာဥ္ လုပ္လုိ႔ အခြန္ေတာင္းေသးတယ္။ ခုခံေျပာလုိ႔ မေပးရေတာ့တာ။

ထိုစဥ္ စကား၀ုိင္းသုိ႔ သမီးေတာ္ မဒရပ္ စုဖုရား ၀င္ပါလာပါတယ္။ ဒါေပမယ့္ သမီးေတာ္ဟာ ျမန္မာစကားကုိ ပီသေအာင္မေျပာႏုိင္ပါဘူး။ မိဖုရားႀကီးကေတာ့ ျမန္မာစကား ၊ ဟင္ဒူူစတန္နီ ၊ အဂၤလိပ္စကား ၊ မာရ၀ီ နဲ႔ ဂုိပါ စကားေတြကုိ တတ္ကြ်မ္းတယ္လုိ႔ သိရပါတယ္။

သတင္းေထာက္က သတင္းသမားပီပီ သတင္းကိစၥ နဲ႔ ပတ္သတ္ၿပီး ဆက္ေမးပါတယ္။
သတင္းေထာက္ – ရတနာဂီရိမွာ စံေတာ္မူတုန္းက ျမန္မာျပည္က သတင္းစာေတြကုိ ၾကည့္ရႈေတာ္မူပါသလား။
စုဖုရားလတ္ – ဟံသာ၀တီသတင္းစာနဲ႔ ျမန္မာ့အလင္းသတင္းစာေတြကုိ အၿမဲဖတ္ရႈ႕ခဲ့ပါတယ္။

အဲဒီေနာက္ ရတနာဂီရိက စံအိမ္ေတာ္အေၾကာင္း ဆက္လက္ေမးျမန္းၿပီး မိဖုရားႀကီး အတြင္းေတာ္၀င္သြားတဲ့အတြက္ အင္တာဗ်ဴးအဆုံးသတ္သြားပါေတာ့တယ္။

ကုိးကား :
သမုိင္းထဲက အင္တာဗ်ဴး အင္တာဗ်ဴးထဲက သမုိင္း
တင္ႏုိင္တိုး

သီပေါမင်း နတ်ရွာစံပြီးနောက် ရန်ကုန်ကိုပြန်လာတဲ့ စုဖုရားလတ် နှင့် အင်တာဗျူး (unicode)

သီပေါမင်း နတ်ရွာစံတော့ စုဖုရားလတ်ဟာ ရန်ကုန်ကို ပြန်လာခဲ့ပြီး ကိုယ့်မင်းကိုယ်ချင်းလမ်း အမှတ် ၂၄ နေအိမ်မှာ နေထိုင်ခဲ့ပါတယ်။ မိဖုရားကြီးနေထိုင်ရာအိမ်ကို ၁၉၂၄ ခုနှစ်မှာ ဗန္ဓုလသတင်းစာ သတင်းထောက်တစ်ဦးမှ သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။

သတင်းထောက် – အရှင်မိဖုရားကြီး အသက်ဘယ်လောက်ရှိပါပြီလဲ။
စုဖုရားလတ် – ၆၅နှစ် ရှိပါပြီ ။ မေးချင်တာရှိရင် မေးပါ။

သတင်းထောက် – ရတနာဂီရိမှာ စံနေတော်မူတုန်းက လစာရိက္ခာတော် ဘယ်လောက်ဆက်သပါသလဲ။
စုဖုရားလတ် – ပထမ တစ်သောင်းဆက်တယ် ။ နောက် ခြောက်ထောင်ပဲ ဆက်တော့တယ်။

သတင်းထောက် – ရိက္ခာအပြင် အပိုဆက်တာ ရှိပါသလား။
စုဖုရားလတ် – လစာအပြင် နှစ်စဉ်နှစ်တိုင်း တန်ခူးလမှာ ငါးထောင် ၊ သီတင်းကျွတ်လမှာ တစ်ထောင့်ငါးရာ ၊ မောင်တော်နဲ့ စုဖုရားမွေးနေ့တွေအတွက် သုံးထောင်ဆက်ပါတယ်။

သတင်းထောက် – အခုမြန်မာပြည်ပြန်ရောက်ပြီးတော့ရော ရိက္ခာတော် ဘယ်လောက်ဆက်သလဲ။
စုဖုရားလတ် – နှစ်ထောင့်ငါးရာ ဆက်ပါတယ်။
စုဖုရားလတ် – မြတောင်ဘုန်းကြီးပျံအတွက် ငွေတစ်ထောင်လှူတုန်းက တရုတ်ဇနီးသည် တစ်ယောက်ဆီက ချေးငှားခဲ့ရတယ်။ အခုထိဆပ်လို့ မပြေသေးပါဘူး။

သတင်းထောက်က နေထိုင်ရာ အိမ်နဲ့ ပါတ်သတ်ပြီး ဆက်လက်အင်တာဗျူးပါတယ်။
သတင်းထောက် – ဒီအိမ်ဟာ အစိုးရအိမ်တော်ဖြစ်ပါသလား။
စုဖုရားလတ် – အစိုးရပေးတဲ့အိမ်ပါပဲ ။ ဒါပေမယ့် အိမ်တော်ဝန်းက မြေကွက်လပ်လေးပေါ်မှာ ပန်းဥယျာဉ် လုပ်လို့ အခွန်တောင်းသေးတယ်။ ခုခံပြောလို့ မပေးရတော့တာ။

ထိုစဉ် စကားဝိုင်းသို့ သမီးတော် မဒရပ် စုဖုရား ဝင်ပါလာပါတယ်။ ဒါပေမယ့် သမီးတော်ဟာ မြန်မာစကားကို ပီသအောင်မပြောနိုင်ပါဘူး။ မိဖုရားကြီးကတော့ မြန်မာစကား ၊ ဟင်ဒူစတန်နီ ၊ အင်္ဂလိပ်စကား ၊ မာရဝီ နဲ့ ဂိုပါ စကားတွေကို တတ်ကျွမ်းတယ်လို့ သိရပါတယ်။

သတင်းထောက်က သတင်းသမားပီပီ သတင်းကိစ္စ နဲ့ ပတ်သတ်ပြီး ဆက်မေးပါတယ်။
သတင်းထောက် – ရတနာဂီရိမှာ စံတော်မူတုန်းက မြန်မာပြည်က သတင်းစာတွေကို ကြည့်ရှုတော်မူပါသလား။
စုဖုရားလတ် – ဟံသာဝတီသတင်းစာနဲ့ မြန်မာ့အလင်းသတင်းစာတွေကို အမြဲဖတ်ရှု့ခဲ့ပါတယ်။

အဲဒီနောက် ရတနာဂီရိက စံအိမ်တော်အကြောင်း ဆက်လက်မေးမြန်းပြီး မိဖုရားကြီး အတွင်းတော်ဝင်သွားတဲ့အတွက် အင်တာဗျူးအဆုံးသတ်သွားပါတော့တယ်။

ကိုးကား :
သမိုင်းထဲက အင်တာဗျူး အင်တာဗျူးထဲက သမိုင်း – တင်နိုင်တိုး

No comments:

Post a Comment