Latest News

Wednesday, July 25, 2018

ဖားကန့်မြို့နယ် မမုံကိုင်ကျေးရွာအနီးလုပ်ကွက်ဟောင်းမြေစာပုံပြိုကျ သဖြင့် ကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်ရန်ခက်ခဲလျက်ရှိ

ဖားကန့်မြို့နယ် မမုံကိုင်ကျေးရွာအနီးလုပ်ကွက်ဟောင်းမြေစာပုံပြိုကျ သဖြင့် ကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်ရန်ခက်ခဲလျက်ရှိ

ဖားကန့်၊ ဇူလိုင် ၂၅

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု မမုံကျေးရွာတွင် ဇူလိုင်၂၄ရက်နေ့ နံနက် ၅နာရီအချိန်ခန့်ကမြေစာပုံပြို ကျ မှုဖြစ်ပွားခဲ့ရာ ရေမဆေးကျောက်ရှာဖွေသူများ အသက်ဆုံးရှုံးခဲ့သကဲ့သို့ ကယ်ဆေးရေးလုပ်ငန်းများလုပ်ကိုင် ရန် ခက်ခဲလျက်ရှိကြောင်းသိရသည် ။

      အဆိုပါမြေစာပုံပြိုကျသည့်နေရာမှာမိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေစာပုံများ ပရမ်းပတာပျိုကျခဲ့ရသဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ကိုင်ရန်ခက်ခဲလျက်ရှိကြောင်း ယင်းနေရာမှာမမုံကျေးရွာမြောက်ဘက်တစ်မိုင်ခန့် အကွာရှိ ဧရာရတနာကုမ္ပဏီ၏သက်တမ်းကုန်လုပ်ကွက် အဟောင်းဖြစ်ပြီး အမြင့်ပေ(၃၀၀)ခန့်ကမ်းပါးယံပြိုကျခြင်းဖြစ်ပြီးအောက်ခြေတွင် အလွန်တရာနက်ရှိုင်းသောရေအိုင်ကြီးရှိသဖြင့် ရေမဆေးရှာဖွေသူတို့ လုပ် ငန်းခွင်ဝင်စဉ်ထိုရေအိုင် အတွင်းသို့ ပတ်ဝန်းကျင်ရှိမြေစာပုံ ကမ်းပါးယံပြိုကျခဲ့ရခြင်းဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ် ကိုင်ရန်အတွက်ယာဉ်ယန္တယားများနှင့်
ကယ်ဆယ်ရေးလုပ်သားများ ဆင်းရန်အတွက် အခက်အခဲများရှိသဖြင့် မြေစာပုံအောက်တွင်ရေမဆေးကျောက်ရှာဖွေသူအရေအတွက်မည်မျှပါရှိနေသည်ကို မသိရှိနိုင်သေးသကဲ့သို့မျက်မြင်တွေ့ရှိသူတို့ ၏ပြောကြားမှု အရ(၆)ဦးခန့် ဟုဆိုသော်လည်းပျောက်ဆုံး လူစာရင်းအရ(၂၅)ဦး ခန့်ရှိနေပြီးဒေသခံတို့ ၏ခန့် မှန်းချက်မှာလူ(၄၀) ခန့် မြေစာပုံအောက် ရှိနှိုင်ကြောင်းသိရသည် ။

  အဆိုပါအခင်းဖြစ်ချိန် မနက်(၅)နာရီခန့်ကရေးမဆေးကျောက် ရှာဖွေသူအများစုမှာ လုပ်ငန်းခွင်ဝင်ရောက်မှုနည်းပါးသည့်တွက် ကျင်းပြို့ ကျ၍ ထိခိုက်အန္တရာယ်ဖြစ်ပွားသူများမှာနည်းပါးခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံရေမဆေးကျောက်ရှာဖွေသူတစ်ဦးကပြောကြားသည် ။

   ထိုကဲ့သို့ မြေစာပုံပြိုကျရာအောက်တွင်ပိမိနေသည်ဟု ယူဆရပြီးပျောက်ဆုံးစာရင်းများကို ရာသီဥတုဆိုးရွားသဖြင့် ရှာဖွေဖော်ထုတ်ရန်ခက်ခဲကြောင်း အခင်းဖြစ်ရာသို့ ဖားကန့် မြို့ နယ်ဒုတိယ အုပ်ချုပ်ရေးမှူးဦးမြင့်ခိုင်နှင့်အဖွဲ့ ဝင်  များ၊ ဆိပ်မူရဲကင်းစခန်းမှူးရဲအုပ်အောင်ဇင်ကျော်နှင့်တပ်ဖွဲ့ ဝင်များ၊  မီးသတ်တပ်ဖွဲ့ ဝင်များ၊ကြက်ခြေနီတပ်ဖွဲ့ ဝင်များနှင့် ပရဟိတလူမှုရေး အသင်းအဖွဲ့များရောက်ရှိ၍ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်နိုင်ခြင်းမရှိသော်လည်း ဆက်လက်ရှာဖွေဖော်ထုတ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည် ။

နီတိုး(မိုးညှင်း)

No comments:

Post a Comment