Latest News

Tuesday, July 10, 2018

တရုတ်နိုင်ငံမှ ဈေးနှိမ်ဝယ်ယူခြင်းနှင့် ပို့ဆောင်ရေးပိုင်း အခက်အခဲကြောင့် ပြည်ပပို့ဆန်များ ဈေးနှုန်း ကျဆင်း

တရုတ်နိုင်ငံမှ ဈေးနှိမ်ဝယ်ယူခြင်းနှင့် ပို့ဆောင်ရေးပိုင်း
အခက်အခဲကြောင့် ပြည်ပပို့ဆန်များ ဈေးနှုန်း ကျဆင်း


မန္တလေး    ဇူလိုင် ၁၀

မန္တလေးတိုင်းဒေသကြီးအတွင်းမှ တင်ပို့လျှက်ရှိသော ပြည်ပပို့ဆန်များမှာ တရုတ်နိုင်ငံမှ ဈေးနှိမ်ဝယ် ယူနေခြင်းနှင့် ပို့ဆောင်ရေးပိုင်းအခက် အခဲကြောင့် ဈေးနှုန်းများ ကျဆင်းနေကြောင်း ဆန်စပါးကုန် စည်ဒိုင်မှ သိရသည်။

“ပြည်ပပို့တဲ့ဆန်တွေကို နယ်ပေါင်းစုံက ၀င်နေတဲ့အတွက် တရုတ်ဝယ်လက်တွေက ဈေးနှိမ်ပြီး ၀ယ် နေတယ်။ လမ်းခရီးမှာလည်း အဖမ်းအဆီးများနေတဲ့အတွက် တင်ပို့ရတာအဆင်မပြေဘူး။ ဒါ့ကြောင့် ဆန်ဈေးက ကျနေတယ်။”ဟု အဆိုပါကုန်စည်ဒိုင်က တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြည်ပသို့ တင်ပို့ရောင်းချမည့် ဆန်များကို မကွေး၊ ရမည်းသင်းနှင့် စစ်ကိုင်းဒေသများမှ အဓိက စိုက်ပျိုး လျက်ရှိပြီး ၃၀ ဒသမ ၇၅ ပိဿာရှိ ဆန်တစ်အိတ်လျှင် ယခင်က ကျပ် ၂၄၀၀၀ မှ ယခုအခါ ၂၂၀၀၀ ကျပ် အထိကျဆင်းနေကြောင်း သိရသည်။

စစ်ကိုင်းဒေသကြီးမှထွက်ရှိသော 72, 747၊ ရေဆင်းသွယ်၊ မကွေးတိုင်းဒေသကြီးမှ ထွက်ရှိသော ရက်ကိုးဆယ်စပါး၊ ရတနာကိုးသွယ်စပါး၊ မန္တလေးတိုင်းဒေသကြီး ကူမဲမြို့နယ်မှ ရေဆင်းစပါး စသည့်တို့မှာ ယခင်က ၃၀ ဒသမ ၇၅ ပိဿဆန်တစ်အိတ် လျှင် ၂၂၀၀၀ ကျပ်ဖြင့်ဈေးဖွင့်ထားသော်လည်း မန္တလေးကုန်သည်များမှ ၀ယ်ယူမှုနည်းပါးနေသေးကြောင်း သိရသည်။

လက်ရှိအနေအထားရ ပြည်ပပို့ဆန်များကို အစိုးရမှ ကြားခံရောင်းချပေးခြင်း သို့မဟုတ် မူဝါဒပြောင်းလဲမှု မရှိပါက ဈေးနှုန်းဆက်လက်ကျဆင်းနေဖွယ်ရှိကြောင်း ဆန်စပါးကုန်သည်များက သုံးသပ်ပြောကြသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment