မိုးရွာသွန်းသော်လည်း ကားဈေးကွက်အတွင်း အရောင်းအဝယ် မှာ ယခင်သီတင်းပတ်နှင့် နှိုင်းယှဉ်ပါက ပြန်လည်မြင့်တက်လာ ကြောင်း ကားလောကသားများထံမှ သိရှိရသည်။
''အရောင်းအဝယ်က မိုးထဲလေထဲမှာပဲ ဆက်တိုက်လေး ဖြစ်နေတယ်။ အဓိကကတော့ နယ်ဝယ်လက်တွေလည်း ဆင်းနေ တာကြောင့်ဖြစ်ပါတယ်။ ရန်ကုန်ဝယ်လက်ကတော့ ခပ်ကျဲကျဲ ရှိနေပါတယ်။ မဖြစ်မနေ ဝယ်ရမယ့်သူတွေက ဈေးကလည်း တန့်နေတုန်း မထူးဘူးဆိုပြီး ရောင်းကြ၊ ဝယ်ကြတယ်လို့ ခန့်မှန်း ရပါတယ်။ ဆက်တိုက်တော့ အရောင်းအဝယ်ဖြစ်မယ်လို့ မထင် မိဘူး။ ရက်ပိုင်းတော့ အရောင်းအဝယ် ဖြစ်နေတယ်''ဟု ကား ဝယ်ရောင်း ကိုကျော်ဇေယျာဝင်းက ပြောသည်။
ရန်ကုန်မော်တော်ယာဉ်မှတ်ပုံတင်ခွင့်လက်မှတ်တစ်ခု ဖြစ်သည့် YVQC pepf Yangon Vehicle Quota Certificate မှာ မော်တော်ယာဉ်အစီးရေ သတ်မှတ်ချက် ဖြစ်ပြီး ယခုနှစ်အတွက် ရန်ကုန်အတွင်းရှိ မော်တော်ကားအစီးရေ ကန့်သတ်ချက်တစ်ခုဖြစ်လာမည်ဖြစ်ပြီး လက်ရှိတွင် ယင်းစနစ် စတင်မည်မှာ မည်သည့်အချိန်ဟု တိကျသည့် အဖြေထွက်ရှိမလာ သေးခြင်းကြောင့် ကားအတော်များများ လက်ကိုင်ထားရန်လည်း ကားဝယ်ရောင်းများ စဉ်းစားလာကြချိန် နယ်ဝယ်လက်နှင့် မဖြစ် မနေ လိုအပ်သည့် ရန်ကုန်ဝယ်လက်များကြောင့် ကားဈေးကွက် ပုံမှန်အရောင်းအဝယ်ဖြစ်လာခဲ့ခြင်းဖြစ်သည်။
''လက်ရှိမှာတော့ ညာမောင်းတွေကို တိုက်ရိုက်ထိခိုက် စရာ ဘာမှမရှိပါဘူး။ ကားသစ်တွေ၊ ဘယ်မောင်းသွင်းတွေနဲ့သာ ဘယ်လိုဖြစ်လာနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။ ညာမောင်း ဂျပန်ကားလေးတွေ ဝယ်ယူချင်တဲ့သူတွေကတော့ ပုံမှန်အတိုင်း မထူးခြားပါဘူး။ စောင့်ကြည့်နေကြတာတော့ရှိတယ်။ အမှန်က ၂ဝ၁၆ မော်ဒယ်လ် နောက်သွင်းမယ့်ကားတွေကိုပဲ ဆိုလိုတာ ဆိုတော့ လက်ရှိဈေးကွက်နဲ့က ဘာမှမဆိုင်ဘူး '' ဟု ကိုကျော်ဇေယျာဝင်းက ပြောပြသည်။
ထို့ပြင် စလစ်ဈေးနှုန်းများမှာ ကျဆင်းသွားခြင်းမရှိဘဲ တန့်နေပြီး သက်တမ်း ၂ဝ ရန်ကုန်လိုင်စင်စနစ်မှာ လက်ရှိတွင် ငွေကျပ် ၁၂၇ သိန်းဝန်းကျင်နှင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ယခင်သီတင်းပတ်နှင့် နှိုင်းယှဉ်ပါကလည်း စလစ်ဈေးမှာ မြင့်မား လာကြောင်း၊ အများစုမှာ ရန်ကုန်လိုင်စင်ရရှိလိုသည့်အတွက် ဈေးက မြင့်လျက်ရှိကြောင်း သိရှိရသည်။ ''စလစ်ဈေးကွက် ကတော့ ပုံမှန်ပါပဲ။ အရောင်းအဝယ်က ဖြစ်တယ်။ အများစုက ညာမောင်းလိုချင်ကြတယ်။ ဒီလိုဆိုရင် စလစ်က လိုနေဦးမှာပဲ။ အခုနောက်ပိုင်းမှာ ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံသူကလည်း နည်းပါးသွားခဲ့ပြီ။ စလစ်လိုအပ်ချက်ကလည်း အများကြီးလို နေတာမျိုးတော့မဟုတ်ဘူး။ ဒီလိုအနေအထားမှာ ဈေးက မကျဘူးဆိုတာ နောင်ဖြစ်မယ့် အလားအလာတစ်ခုခု ရှိနိုင် တယ်''ဟုလည်း ကားလောကသားအချို့က ပြောသည်။
စလစ်ဈေးနှုန်းများ မြင့်တက်ရခြင်းမှာ အချို့သည် ရန်ကုန် လိုင်စင်ရရှိရန်အတွက် ပိုမိုအမေးများလာကြပြီး ဈေးကွက် အတွင်း နယ်ဝယ်လက်များနှင့် ရန်ကုန်ဝယ်လက်များ အားလုံး အရောင်းအဝယ်ဖြစ်သည်မှာ ရန်ကုန်လိုင်စင်သာဖြစ်ခြင်း ကြောင့်ဟု သိရှိရသည်။ အရောင်းပြခန်းများကတော့ ယခုရက် ပိုင်းအတွင်း အရောင်းအဝယ်မရှိသလောက် နည်းပါးပြီး အချို့ အရောင်းပြခန်းများကမူ အထူးလျှော့ဈေးများ၊ ဘရန်းနယူး ကားများဖြင့် ဈေးကွက်ကို ပြန်လည်ဆွဲဆောင်နေကြသည် ကိုလည်း မြင်တွေ့ရသည်။ ။
မြန်မာ့အလင်း၊မင်းသော်
No comments:
Post a Comment