Latest News

Thursday, July 12, 2018

ငါးမင်းဆွေ ကို နေအိမ်တွင် လာရောက်ဖမ်းဆီး

ငါးမင်းဆွေ ကို နေအိမ်တွင် လာရောက်ဖမ်းဆီး

ငါးမင်းဆွေကို ပုဒ်မ၁၂၄(က)ဖြင့် ရဲတပ်ဖွဲ့က အိမ်တွင်လာရောက် ဖမ်ဆီးကြောင်း ကာယကံရှင် ငါးမင်းဆွေက သူ၏ လူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာတွင် ရေးသားထားသည်။

ငါးမင်းဆွေ သည် လူမှုကွန်ယက် ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် အဆိုပါ အမည်ဖြင့် ဖေ့စ်ဘွတ်ခ်ပေ့ခ်ျ ဖွင့်ကာ ရေးသားခဲ့သူ ဖြစ်ပြီး အဆိုပါ ပေ့ခ်ျ ကို ဖေ့စ်ဘွတ်ခ်က ပိတ်သိမ်းလိုက်ပြီးနောက် ဆားမင်းဆွေ ဆိုသော ပေ့ခ်ျ အသစ် တစ်ခု ဖွင့်ကာ ရေးသားနေသူ ဖြစ်သည်။ 

ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ၁၂၄(က) ဆိုသည်မှာ မည်သူမဆို နုတ်ဖြင့်ဖြစ်စေ၊စာဖြင့်ဖြစ်စေ၊ အမှတ်အသားဖြင့်ဖြစ်စေ၊ ထင်ရှားသော ပုံသဏ္ဍာန်ဖြင့်ဖြစ်စေ၊ အခြားသော နည်းဖြင့်ဖြစ်စေ ပြည်ထောင်စုအတွက်၊ သို့တည်းမဟုတ် ပြည်ထောင်စုအဖွဲ့ဝင်များအတွက် ဥပဒေအရ တည်ထောင်ထားသော အစိုးရကို မုန်းထားအောင်သော်လည်းကောင်း၊ မလေးစားအောင် သော်လည်းကောင်း ပြုလျင်၊ သို့တည်းမဟုတ် ထိုသို့ပြုရန် အားထုတ်လျင် သို့တည်းမဟုတ် မေတ္တာပျက်အောင် လှုံ့ဆော်လျင်၊ သို့တည်းမဟုတ် ထိုသို့လှုံ့ဆော်ရန် အားထုတ်လျင်၊ ထိုသူကို ငွေဒဏ်နှင်တကွ တစ်သက်ကျွန်းဒဏ်ဖြစ်စေ၊ ငွေဒဏ်နှင့် တစ်သက်ကျွန်းအောက် လျော့သည့် တစ်ကျွန်းဒဏ်ဖြစ်စေ၊ငွေဒဏ်နှင့်တကွ သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်သက်သက်ဖြစ်စေ ထိုသူကို ချမှတ်ရမည်လို့ ပြဌာန်းထားသော ပုဒ်မ ဖြစ်သည်။

HAP (ဓာတ်ပုံ - ဆားမင်းဆွေ FB)ပြည်မြန်မာ

No comments:

Post a Comment