Latest News

Saturday, June 2, 2018

YBS၂ဝ ယာဉ်လိုင်းဂိတ်ဖျားကို သခင်မြ ပန်းခြံသို့ ပြောင်းရွှေ့

YBS၂ဝ  ယာဉ်လိုင်းဂိတ်ဖျားကို သခင်မြ ပန်းခြံသို့ ပြောင်းရွှေ့

ရန်ကုန်   ဇွန်  ၁

ရန်ကုန်မြို့တွင်းပြေးဆွဲနေသော ခရီးသည်တင်ယာဉ်လိုင်းဖြစ်သည့်  YBS၂ဝ ယာဉ်လိုင်းဂိတ်ဖျားကို   ဇွန် ၂  ရက်တွင်  သခင်မြပန်းခြံသို့  ပြောင်းရွှေ့ထားကြောင်း Omini Focus ကုမ္ပဏီမှ သိရသည်။ လက်ရှိတွင်  လှိုင်သာယာကုန်တင်ယာဉ် ရပ်နားစခန်းမှ လမ်း ၅ဝ  (ကုန်သည်လမ်း) မှတ်တိုင်သို့ ပြေးဆွဲခဲ့ရာမှ ဇွန် ၂ ရက်တွင် YBS၂ဝ ယာဉ်လိုင်းဂိတ်ဖျားကို သခင်မြ ပန်းခြံသို့   ပြောင်းရွှေ့ခြင်းဖြစ်ပြီး   ယာဉ်စီးခ ကို ပုံသေ  ငွေကျပ်  ၂ဝဝ  သတ်မှတ်ထား ကြောင်း သိရသည်။

လက်ရှိတွင် Omini Focus အနေဖြင YBS၂ဝ နှင့် YBS ၅၆ ယာဉ်လိုင်းတို့ တွင် Foton  ယာဉ်အစီးရေ ၁ဝဝ ဖြင့်ပြေးဆွဲ ပေးနေပြီး ယာဉ်များထပ်မံဝယ်ယူထားရှိပြီး ဖြစ်သောကြောင့် ယာဉ်လိုင်းသစ်များထပ် တိုးပြေးဆွဲရန်    ရန်ကုန်တိုင်းဒေသကြီး  သယ်ယူပို့ဆောင်ရေး    ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ (YRTA) သို့  တင်ပြထား ကြောင်း သိရသည်။

အဆိုပါ ခရီးသည်တင်  YBS၂ဝ ယာဉ်လိုင်းမှာ  ၂ဝ၁၇  ခုနှစ်  မေ ၂၅ ရက်တွင်   လှိုင်သာယာကုန်တင် ယာဉ်ရပ် နား စခန်းမှ သခင်မြပန်းခြံသို့ စတင်ပြေးဆွဲပေး ခဲ့ရာမှ ၂ဝ၁၇ခုနှစ် နိုဝင်ဘာ ၃ရက်တွင် ရေကြောင်း သယ်ယူ ပို့ဆောင်ရေး လုပ်ငန်း Water Bus Gate နှင့် ချိတ်ဆက်ရန် ဗိုလ်တထောင်ဘုရားဝင်း အတွင်းသို့ YBS၂ဝ ဂိတ်ဖျားကို ပြောင်းရွှေ့ခဲ့ပြီး လှိုင်သာယာ ကုန်တင်ယာဉ်ရပ်နားစခန်းမှ  ဗိုလ်တထောင် ဘုရား (Water Bus Gate) သို့ ပြောင်းလဲပြေးဆွဲ ပေးခဲ့ကြောင်း   သိရသည်။

ယင်းမှတစ်ဆင့်  ၂ဝ၁၇ခုနှစ် ဒီဇင်ဘာ ၂၈ရက်တွင် ဗိုလ်တထောင် ဘုရားသို့ ယာဉ်ဝင်ထွက်ရာ လမ်းကြောင်း တွင် ယာဉ်ကြော ရှုပ်ထွေးမှုများ ဖြစ်ပေါ်သောကြောင့် YBS၂ဝ ယာဉ်လိုင်းဂိတ်ဖျားကို ဘုရားဝင်း အပြင်ဘက်လမ်း   ၅ဝ   (ကုန် သည်လမ်း) မှတ်တိုင်သို့ ယာယီပြောင်းရွှေ့ခဲ့ပြီး ယင်းမှ ယခုနေရာသို့ ပြောင်းရွှေ့ခြင်း ဖြစ်ကြောင်း  သိရသည်။

MWD

No comments:

Post a Comment