Latest News

Wednesday, June 13, 2018

YBS 95 ယာဉ်မောင်းအား YBS 76ယာဉ်မောင်းပါခြောက်ဦးက ယာဉ်ပေါ်တက် ထိုးကြိတ်

YBS 95 ယာဉ်မောင်းအား  YBS 76ယာဉ်မောင်းပါခြောက်ဦးက ယာဉ်ပေါ်တက် ထိုးကြိတ်

ရန်ကုန်  ဇွန် ၁၃

ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ် မြို့မရဲစခန်းတွင် ယာဉ်ပေါ်တက်ထိုးကြိုတ်သူ   YBS 76ယာဉ်လိုင်းမှ ယာဉ်မောင်းပါခြောက်ဦးအား အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။  

ဖြစ်စဉ်မှာ ဇွန် ၇ ရက် ည ၉ နာရီခွဲခန့်တွင်  YBS 95 ယာဉ်လိုင်းမှ ယာဉ်မောင်း ထွန်းထွန်းနိုင် မောင်းနှင် သော ယာဉ်အမှတ် 9N----ယာဉ်သည် ဂိတ်မှူး နိုင်လင်း ပါ ခရီးသည်များ တင်ဆောင်၍ လမ်းကြောင်းအတိုင်း တာမွေမြို့နယ်မှ ကျောက်တန်းမြို့သို့ ထွက်ခွာလာပြီး တာမွေဗလီမှတ်တိုင်မှစ၍ YBS 76  ယာဉ်လိုင်းနှင့် လမ်းကြောင်းတူမောင်းနှင်လာရာ  သန်လျင်မြို့နယ် ပျဉ်ထောင်ကျောင်းကျေးရွာ သန်လျင်၊  ကျောက်တန်းလမ်း  ဆက်သွယ်ရေးဂိတ်ဝမှတ်တိုင်အရောက်တွင် YBS 76 ယာဉ်လိုင်းမှ  ယာဉ်အမှတ် 5L-------ယာဉ်သည် YBS 95   ယာဉ်အားကျော်တက်၍  ကန့်လန့်ပိတ်ရပ်ကာYBS 76မှ ယာဉ်မောင်းအပါ      အမျိုးသား ခြောက်ဦးက   ယာဉ်ပေါ်သို့   တက်လာပြီး ''မင်းတို့ ကားတွေ ဒီအချိန်အထိ     ဆွဲတုန်းလား''ဟုပြော၍  ယာဉ်မောင်း ထွန်းထွန်းနိုင်အား ဝိုင်းဝန်းထိုးကြိတ်ကြရာ ထွန်းထွန်းနိုင်တွင်  ဦးခေါင်းနာကျင် ဒဏ်ရာ၊  ဝဲမျက်လုံး ဖူးရောင်ဒဏ်ရာ၊  အောက်နှုတ်ခမ်း  ပေါက်ပြဲဒဏ်ရာ၊ လည်ပင်းနာကျင်ဒဏ်ရာများရရှိသဖြင့်  သန်လျင်ဆေးရုံတွင် အတွင်းလူနာ( မစိုးရိမ်ရ )ဖြင့် တင်ပို့ကုသခဲ့သည်။

သို့ဖြစ်ပါ၍  YBS 76 ယာဉ်လိုင်းမှ  ယာဉ်အမှတ် 5L--ယာဉ်မောင်းအပါ   အမျိုးသားခြောက်ဦးအား အမြန်ဆုံး ဖမ်းမိနိုင်ရေးအတွက် စုံစမ်းစစ်ဆေးဆောင်ရွက် နေကြောင်း     သိရသည်။

ကျော်ဆန်းမြင့်(ပြန်/ဆက်)

No comments:

Post a Comment