Latest News

Sunday, June 17, 2018

ဖားကန့်မြို့နယ်၌ ဥရုချောင်းအတွင်းဖြတ်ကူးရာမှ လူငယ်တစ်ဦး ရေစီးနောက်မျောပါနစ်မြုပ်


ဖားကန့် ဇွန် ၁၇

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ၌ ဇွန်၁၇ရက် နံနက်၈နာရီက လူငယ်တစ်ဦး ဥရုချောင်းအတွင်းဖြတ်ကူးစဉ် ရေစီးနောက်မျောပါနစ်မြုပ်ခဲ့၍ ရှာဖွေကယ်ဆယ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ၊ ငြိမ်းချမ်းသာယာရပ်ကွက်နေ မောင်ငြိမ်းချမ်းသာ(၂၂)နှစ်သည် ဥရုချောင်းအတွင်းဖြတ်ကူးစဉ် ရေစီးသန်သဖြင့် ရေစီးကြောင်းနှင့်အတူမျောပါနစ်မြုပ်သွားကြောင်း သတင်းအရ လုံးခင်းနယ်မြေမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးအောင်မျိုးမင်း ဦးဆောင်သည့် မီးသတ်သန္ဓေတပ်ဖွဲ့ဝင်လေးဦး၊ အရံတပ်ဖွဲ့ဝင်ခြောက်ဦးနှင့်အတူ ရေနစ်သူ၏မိသားစုဝင်များ ကျေးရွာတာဝန်ရှိသူများမှ ဝိုင်းဝန်းရှာဖွေသော်လည်း တွေ့ရှိခြင်းမရှိသဖြင့် ညနေ(၆)နာရီတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ရပ်နားခဲ့ကာ ဇွန်(၁၈)ရက်တွင် ဆက်လက်ရှာဖွေမည်ဖြစ်ကြောင်း နယ်မြေမီးသတ်စခန်းမှ သိရသည်။

ဝင်းနိုင် ကချင်မြေ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

No comments:

Post a Comment