Latest News

Monday, June 18, 2018

စပိန်ဘက်သို့ စီရော်နယ်ဒို ကန်သွင်းသည့် ဖရီးကစ်သွင်းဂိုး တစ်နာရီ မိုင် ၆၀နှုန်းရှိ

စပိန်ဘက်သို့ စီရော်နယ်ဒို ကန်သွင်းသည့် ဖရီးကစ်သွင်းဂိုး တစ်နာရီ မိုင် ၆၀နှုန်းရှိ

ဇွန်    ၁၆ မော်စကို  

ပေါ်တူဂီအသင်းသည်ယမန်နေ့ညက  စပိန်နှင့်  သုံးဂိုးစီ သရေကျသည့် ပွဲစဉ်တွင်   ဟက် ထရစ်သွင်းယူနိုင် ခဲ့သည့်  စီရော်နယ်ဒို ၏ တတိယ မြောက်ဂိုးဖြစ်သည့်   ဖရီးကစ်သွင်းဂိုးသည် တစ်နာရီမိုင် ၆ဝ နှုန်းရှိခဲ့ကြောင်း သိရသည်။

ထိုပွဲတွင် စပိန်ခံစစ်မှူး ပီကေးသည်  ၃ ဂိုး- ၂ ဂိးုဖြင့်အသာစီး ရထားသော်လည်း ပွဲကစားချိန် ၈၇မိနစ် အရောက် ၌် မလိုအပ်ဘဲ စီရော်နယ်ဒိုကို ပြစ်ဒဏ်ကျူးလွန်ခြင်းကြောင့် ဖရီးကစ်ကန်ခွင့် ပေးခဲ့ရခြင်းဖြစ်ကာ  စီရော်နယ်ဒိုက   ၂၄ ဒသမ ၃၁ ကိုက်အကွာမှ ဂိုးထောင့်ထဲသို့ လှပစွာ ကန်သွင်း သွားခြင်း ဖြစ်သည်။ စီရော်နယ်ဒို  ဟက်ထရစ် သွင်းခြင်းသည် ကမ္ဘာဖ့လားပြိုင်ပွဲတစ်လျောက်တွင် (၅၁) ကြိမ်မြောက်   ဟက်ထရစ် သွင်းနိုင်သူ အဖြစ်လည်း မှတ်တ်းဝင်ခဲ့သည်။

 ဖရီးကစ်ကန်ရာတွင် စီရော်နယ်ဒိုသည် စပိန်ဂိုးသမား ဒီဂီယာ စောင့်သည့် ဂိုးပေါက်ထဲသို့  တစ်နာရီ  မိုင် ၆ဝ နှုန်းဖြင့် ကန်သွင်းခဲ့ပြီး   ဘောလုံးနှင့်   ခြေထောက် ထိချိန်နှင့် ဘောလုံးဂိုး ပိုက်ထဲ ရောက်ချိန်အထိ သုည ဒသမ ၈၂စက္ကန့်သာ ကြာမြင့်ခဲသည်။

စီရော်နယ်ဒို၏ မန်ယူအသင်း ဖော်ဟောင်း ရီယိုဖာဒီနန်က ဘီဘီစီ ကမ္ဘာဖ့လားပွဲ သုးံသပ် တင်ဆက်စဉ်    ''အရမ်းတော်ပြီး ခြေစွမ်းကောင်းတဲ့ ကစားသမားတွေက ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် ပွဲအဖြေနဲ့ ဖြစ်စဉ် တွေကို ပြောင်းလဲ ပစ်နိုင်တယ်။

စီရော်နယ်ဒိုက ပြိုင်ပွဲတိုင်းလိုလို  အမြဲ ရဲရင့် နေတတ်တယ်''ဟု ချီးကျူးသွားသည်။ မန်ယူဂိုးသမားဟောင်း  ပီတာရှမိုက်ကယ် ကလည်း ပေါ်တူကီနှင့် စပိန်ပွဲမှာ ကမ္ဘာဖ့လား ပွဲစဉ်များတွင် အကောင်း ဆုးံသော ပွဲများအနက် တစ်ပွဲဖြစ်ကြောင်း  စပိန်အသင်း ခြေစွမ်း ကောင်းမွန်သော်လည်း စီရော်နယ်ဒိုကြောင့် သရေသာ ကစားနိုင်ခြင်းဖြစ်သည်ဟု  ၎င်း၏ တွစ်တာ စာမျက်နှာတွင် ရေးသားခဲ့သည်။

MWD

No comments:

Post a Comment