Latest News

Monday, June 18, 2018

အမေရိကန် ပြည်ထောင်စုက လူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်ရန်စီစဉ်

အမေရိကန် ပြည်ထောင်စုက လူ့အခွင့်အရေးကောင်စီမှ  နုတ်ထွက်ရန်စီစဉ်

နယူးယောက်  ဇွန်  ၁၆

အမေရိကန်ပြည်ထောင်စုသည် လူ့အခွင့်အရေး ကောင်စီမှ နုတ်ထွက်ရန်စီစဉ် နေသည်ဟု အမေရိကန်နှင့် အနောက် နိုင်ငံ များမှ သံတမန်များက ပြောသည်။ လူ့အခွင့်အရေးကောင်စီသည် အစ္စရေး-ပါလက်စတိုင်းအရေးတွင်   ဘက်လိုက်မှုရှိသည်ဟု အမေရိကန်အစိုးရက ပြောကြောင်း အမည်မဖော်လိုသည့်   သံတမန်များကဆိုသည်။

အမေရိကန်အစိုးရသည် လူ့အခွင့်အရေး ကောင်စီမှနုတ်ထွက်မည်၊ မနုတ်ထွက်မည်ကို လာမည့်ရက်သတ္တပတ် အတွင်း ထုတ်ပြန် ကြေညာဖွယ်ရှိသည်။ အမေရိကန်အား လူ့အခွင့်အရေးကောင်စီ မှနုတ်ထွက်ရန်  အဓိကတိုက်တွန်းနေသူမှာကုလသမဂ္ဂဆိုင်ရာ  အမေရိ ကန် သံအမတ် နစ်ကီဟာလေ ဖြစ်သည်ဟု   အနောက်နိုင်ငံများမှ  သံတမန်များက ပြောကြောင်း  သိရသည်။

 အစ္စရေးအစိုးရသည်  ဂါဇာကမ်းမြောင် ဒေသရှိ ပါလက်စတိုင်းပြည်သူ  ၁ ဒသမ ၉ သန်း၏ လူ့အခွင့်အရေးကို ရည်ရွယ်ချက်ရှိရှိ ပိတ်ပင်ထားသည်ဟု  မကြာမီရာထူးမှနုတ် ထွက်မည့် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး  ဇေအစ်ရာအက်အယ်ဟူစိန် က ယခုရက်သတ္တပတ်အစောပိုင်းတွင်ပြောသည်။ ထို့ပြင်  အစ္စရေးလုံခြုံရေးတပ်ဖွဲ့များက  ဂါဇာကမ်းမြောင်ဒေသ၌ လုပ်ဆောင်နေသည့် အကြမ်းဖက်မှုများနှင့် စပ်လျဉ်း၍    စုံစမ်း စစ်ဆေးရန်   ကုလသမဂ္ဂတာဝန်ရှိသူများက တောင်းဆိုသည်။

ယခုအခါ  အစ္စရေးအနေဖြင့် လူ့အခွင့် အရေးချိုးဖောက်ခြင်းရှိ၊  မရှိကို  လူ့အခွင့် အရေးကောင်စီက စုံစမ်းစစ် ဆေးနေ သည်။ လူ့အခွင့်အရေး ကောင်စီမှ အမေရိကန်နုတ် ထွက်ပါက အဆိုပါကောင်စီသည် ၁၂ နှစ် အတွင်း   အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံကို    ဆန္ဒအလျောက် နုတ်ထွက်ခွင့်ပြုခြင်းဖြစ်လာမည် ဖြစ်သည်။    ထို့ပြင်  အမေရိကန်သမ္မတ  ဒေါ်နယ် ထရမ့်အတွက်လည်း  နိုင်ငံတကာအသိုက် အဝန်းမှနုတ်ထွက်မှု ဖြစ်လာ မည်ဖြစ်ကြောင်း သိရသည်။

MWD

No comments:

Post a Comment