Latest News

Monday, June 11, 2018

မင်းဘူးမြို့နယ် လေးပင်ရေကျော်ချောင်းတွင် ကားတစ်စီးမျောပါ

မင်းဘူးမြို့နယ် လေးပင်ရေကျော်ချောင်းတွင် ကားတစ်စီးမျောပါ


မင်းဘူး ဇွန် ၁၁

မင်းဘူးမြို့နယ်တွင် မိုးအဆက်မပျက်ရွာသွန်းမှုကြောင့် ဇွန်လ (၁၀) ရက်နေ့ ည (၁၀း၃၀) အချိန်က မင်းဘူးမြို့နယ် လေးပင်ရေကျော် ချောင်းတွင် ချောင်းရေများကျနေစဉ် ကားတစ်စီးဖြတ်ကူးရာ ချောင်းရေဖြင့် မျောပါသွား ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မင်းဘူးမြို့နယ်၊ လေးပင်ကျေးရွာ၏ မြောက်ဘက် မိုင်တိုင်အမှတ်(၁၈/၂)နှင့် (၁၈/၃) ကြား မင်းဘူး-ပဒါန်းကားလမ်းပေါ်ရှိ လေးပင်ရေကျော်ချောင်းတွင် ချောင်းရေများကျနေစဉ် ပဒါန်းကျေးရွာဘက်မှ ပဒါန်းကျေးရွာနေ ယာဉ်မောင်း ကိုဇော်မင်းအောင် (သ) ၃၄ နှစ် မောင်းနှင်ပြီး ၎င်းနှင့်အတူ  လိုက်ပါလာသော ပဒါန်းကျေးရွာနေ ဆောက်လုပ်ရေး ၀န်ထမ်းတစ်ဦးဖြစ်သူ ဦးငြိမ်းချမ်းဇော် (သ) ၃၈ နှစ်  လိုက်ပါလာသော မော်တော်ယာဉ်အမှတ် 2D/ -----ပါဂျဲရိုး အဖြူရောင်ယာဉ်မှာ  ရေအနက်(၃) ပေခန့်၊ ရေပြင်အကျယ်(၂၀) ပေခန့်ရှိ အဆိုပါ ရေကျော်ချောင်းအား ဖြတ်ကူးစဉ် ရေကျော်ချောင်း အလယ်အရောက်တွင် တောင်ကျရေများ တစ်ဟုန်ထိုးကျလာသဖြင့် ယာဉ်မောင်း ဦးဇော်မင်းအောင်နှင့် လိုက်ပါလာသူ ဦးငြိမ်းချမ်းဇော် တို့(၂) ဦးမှာ ကားထဲမှ ထွက်ပြီး မင်းဘူးဘက်ကမ်းစပ်သို့ ရေကူးပြေးခဲ့သဖြင့် လွတ်မြောက်ခဲ့သော်လည်း အဆိုပါ မော်တော်ယာဉ်မှာ ချောင်းရေဖြင့် ပေ(၃၀၀) ခန့် အထိ မျှောပါသွားခဲ့ကြောင်း သိရသည်။
 အဆိုပါ နေရာသို့ (၁၁) နာရီအချိန်တွင် မင်းဘူးခရိုင် မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းပါ (၇) ဦး၊ မင်းဘူးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံပါ (၄) ဦး၊ စကုမြို့ရဲစခန်းမှ ရဲတပ်ကြပ်သန်းလင်းထိုက်ပါ တပ်ဖွဲ့ဝင်(၅) ဦး၊ လေးပင်ကျေးရွာ အုပ်ချုပ်ရေးမှူး  ဦးနန်းမြင့်ရှိန်ပါ(၁၀) ဦးတို့အဖွဲ့မှ အဆိုပါ မျှောပါသွားသော မော်တော်ယာဉ်အား ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် လုံခြုံရေးဆောင်ရွက် သွားရန် စီစဉ်လျက်ရှိပြီး လူ/ယာဉ်များ ဖြတ်သန်းသွားလာ၍ မရသဖြင့် ချောင်းအနောက်ဘက် လေးပင်ကျေးရွာ ဘက်တွင် မော်တော်ယာဉ်(၁၂) စီး၊ မော်တော်ဆိုင်ကယ်(၁၅) စီး၊ ချောင်းအရှေ့ဘက်ခြမ်းတွင် မော်တော်ယာဉ်(၁၀) စီး၊ မော်တော် ဆိုင်ကယ်(၁၁) စီးတို့မှာ ရပ်တန့်လျက်ရှိပြီး အဆိုပါ ချောင်းရေကျမှုကြောင့် လူ/ ကျွဲနွားတိရိစ္ဆာန် ပျက်စီးဆုံးရှုံးမှုမရှိပါကြောင်း သိရသည်။

မျိုးမြတ်(မင်းဘူး)

No comments:

Post a Comment