Latest News

Sunday, June 17, 2018

ဒေါ်အောင်ဆန်းစုကြည်​​မွေး​နေ့အကြို အဖြစ် သစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဒေါ်အောင်ဆန်းစုကြည်​​မွေး​နေ့အကြို အဖြစ် သစ်ပင်စိုက်ပျိုးပွဲကျင်းပ

ပုသိမ် ဇွန်၁၇ရက်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့အကြိုအဖြစ် ဇွန်လ၁၉ရက်နေ့မှာကျရောက်မည့် ၇၃နှစ်ပြည့်မွေးနေ့မင်္ဂလာ အတွက်ပုသိမ်မြို့နယ် လက်ပန်ကျေးရွာနှင့် ထိန်တန်းကျေးရွာ လမ်းချင်းဆက်နေရာတွင်  ယနေ့ဇွန်လ၁၇ရက်နေ့ နံနက်၉နာရီအချိန်၌ ဒေါ်အောင်ဆန်းစုကြည်အားချစ်မြတ်နိုးကြသူများမှစုပေါင်း၍ သစ်ပင်စိုက်ပျိုးပွဲကျင်းပခဲ့ ကြောင်းသတင်းရ ရှိသည်

ဒေါ်အောင်ဆန်းစုကြည်အား ကျန်းမာစေလိုကြောင်းနှင့် အသက်ရာကျော်ရှည်လိုကြောင်း ရည်စူး၍ယခုလိုသစ်ပင်စိုက်ပျိုးပွဲကျင်းပခဲ့တာပဲဖြစ်ပါတယ်

"ယခုနှစ် လူငယ်တွေပိုများလာတာတွေ့ရတော့ဝမ်းသာမိပါတယ်  သစ်ပင်ဆိုတာရှင်သန်ခြင်းပါ အမေကို အဲလိုပဲအမြဲလန်းလန်းဆန်းဆန်းကျန်းမာရေးကောင်းကောင်းနဲ့ရှင်သန်စေချင်လို့ခုလိုသစ်ပင်စိုက်တာ ပဲဖြစ်ပါတယ် ဒီကျေးရွာကသူတွေအရိပ်ရဖို့အတွက်လည်း  ပါပါတယ်အမေကို အရာရာလေးစားယုံကြည်တန်ဖိုးထားပါတယ် မနှစ်ကလည်းစိုက်ပျိုးခဲ့ပါတယ် အမေအမြဲကျန်းမာပါစေလို့ဆုတောင်းပါတယ်"ဟု ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အကြို သစ်ပင်စိုက်ပျိုးပွဲအဖွဲ့မှဦးဆောင်ပါဝင်သူ ဦးမျိုးဆွေက တိုင်းဧရာကိုပြောသည်

"အမေစုကိုအမြဲချစ်ပါတယ်သူဟာတိုင်းပြည်အတွက်ဂုဏ်ယူအတုယူစရာပါ အမေဆိုပေမဲ့အဘွားအရွယ်ရောက်နေပါပြီ ဒါကြောင့်ကျန်းမာရေးကောင်းမွန်စေချင်တယ် ကျန်းမာပါစေလို့လည်းဆုတောင်းတယ် မြန်မာနိုင်ငံအတွက် အမျိုးသမီးအာဇာနည်ခေါင်းဆောင်တစ်ယောက်အဖြစ် နောက်ထက် အထ္ပုတ္တိုတွေအများကြီး ရေးနိုင်တဲ့သူဖြစ်ပါစေ မြန်မာနိုင်ငံရဲ့ ကမ္ဘာ့အသိအမှတ်ပြုနိုင်ငံ့ ခေါင်းဆောင်အဖြစ် နောက်ထက်မှတ်တမ်းတွေအများကြီးလည်းတင်နိုင်ပါစေလိုဆုတောင်းပါတယ် "ဟုပုသိမ်နည်းပညာတက္ကသိုလ်ကျောင်းမှ Civil   BE  ပဉ္ဇမနှစ်  ကျောင်းသူ မဆုရွှေရည် ကတိုင်းဧရာကို ပြောပါသည်

အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင် လက်ပန်နေကျေးရွာ ပြည်သူများ ထိန်တန်းကျေးရွာနေပြည်သူများ တောင်သူများ တက္ကသိုလ် ကျောင်းသူကျောင်းသားများ လူငယ်များ လူမူရေးတက်ကြွလှူပ်ရှားသူများ ကဗျာဆရာများ  နှင့် ပုသိမ် မြို့ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ်ပါတီဝင်များက စုပေါင်းဆောင်ရွက်ခဲ့ကြတာပါ

ဒေါ်အောင်းဆန်းစုကြည်၏မွေးနေ့အကြိုအဖြစ်သယခုလိုသစ်ပင်စိုက်ပျိုးပွဲအား ညောင်တုန်းမြို့တွင်လည်း ရွှေညဝါဆရာတော်ဘုရားကြီး ဦးဆောင်ပြီးစိုက်ပျိုးခဲ့ကြောင်း သတင်းရ ရှိသည်

ဓာတ်ပုံ - သတင်း /ရွှေရည်ဝင်း

No comments:

Post a Comment