Latest News

Tuesday, June 5, 2018

ယာဉ်မောင်းလိုင်စင် အတုပြုလုပ်သူများဖမ်းမိ

ယာဉ်မောင်းလိုင်စင် အတုပြုလုပ်သူများဖမ်းမိ

လှိုင်သာယာ ဇွန်   ၎

လှိုင်သာယာမြို့နယ်တွင် ယာဉ်မောင်းလိုင်စင် စမတ်ကဒ်အတုများ ပြုလုပ်နေကြောင်းသတင်းရရှိသည်။ ဖြစ်စဉ်မှာရန်ကုန်တိုင်းဒေသကြီးကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးနွေမိုးငြိမ်း၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် စိန်လှိုင်ဝင်း၊ သင်္ဃန်းကျွန်းမြို့ မရဲစခန်းမှ ရဲအုပ်ဝင်းလွင်ထွန်းတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည်လှိုင်သာယာမြို့နယ် အမှတ်(၆)ရပ်ကွက်၊ န၀ဒေးဥယာဉ်အိမ်ယာ၊ မ/၁၆ဘလောက်(၅၄)နေ ဦးဇော်လင်းအောင် (၄၆)နှစ်၊  ကွန်ပျူတာပညာရှင်မှ ယာဉ်မောင်းလိုင်စင် အတုပြုလုပ်နေကြောင်းသတင်းအရဇွန် ၂ ရက် ညနေ ၆နာရီ အချိန်တွင် သက်သေများနှင့်အတူနေအိမ်သို့ ၀င်ရောက်ရှာဖွေရာ နေအိမ်အောက်ထပ် ဧည့်ခန်းခေါင်းရင်း၌ LENOVO အမျိုးအစား(အနက်ရောင်) လက်တော့ဖ်(၂) လုံး၊ DELLအမျိုးအစား(အနက်ရောင်)လက်တော့ဖ် (၁)လုံး၊ ကာလာပရင်တာ(အနက်ရောင်) (၁)လုံး၊ ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ် အပျက်(၃)ခု၊ YNG -5P/----- ယာဉ်နံပါတ်ပါကားတွင်ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ် အတု၌ထည့်သွင်းအသုံးပြုရန် မှတ်တမ်းဓာတ်ပုံ(၁)ပုံ၊ YNG-7F/---- နံပါတ်ပြား(၂)ခု NFC တံဆိပ်ပါ ယာဉ်မောင်းလိုင်စင်ကဒ်တွင် မြုပ်သွင်းထားသော ဒေတာစစ်ဆေးသည့် စက်(၁)ခု၊ လိုင်စင်များအား စစ်ဆေးရာတွင် ကြည့်ရှုသည့် ဓါတ်မီး(၂)ခုတို့အားတွေ့ရှိ၍ ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။
 ဆက်လက်၍ တရားခံဇော်လင်းအောင်၏ ထွက်ဆိုချက်အရအမှတ် (၄)ရပ်ကွက် FMI အိမ်ရာ၊ အေးသာယာလမ်း၊ B-64 နေအိမ်တွင် စမတ်ကဒ်အတုများ ပြုလုပ်နေကြောင်းသိရသဖြင့် ည ၉ နာရီခွဲခန့်တွင် နေအိမ်အားဝင်ရောက်ရှာဖွေရာ ငှားရမ်းနေထိုင်သူဦးထွန်းလှိုင်အား တွေ့ရပြီးနေအိမ်အပေါ်ထပ်အခန်းတွင် DELL အမျိုးအစား(အနက်ရောင်) လက်တော့ဖ်(၁)လုံး၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတံဆိပ်ပါ လိုင်စင်အမှတ်(E/00475/17)သက်ထွေးအမည်ယာဉ်မောင်း လိုင်စင်အပျက်(၁၆)ခု၊ HID FARGO HDP 5000 တံဆိပ်ပါ ယာဉ်မောင်းလိုင်စင်စမတ်ကဒ်ထုတ်သည့် (အနက်ရောင်) စက်(၂)လုံး၊ 6H/-----ယာဉ်နံပါတ်ပါ TOYOTA WISH ANG ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ်(၁)ခု၊ YGN -4K/----ယာဉ်နံပါတ်ပါ နံပါတ်ပြား(၂)ခု၊ MDY-9H/1929 ယာဉ်နံပါတ်ပါ နံပါတ်ပြား (၂)ခုအသုံးမပြုရသေးသော အဖြူရောင်ကဒ် (၂၁၀၀)ကဒ်တို့အားရှာဖွေပုံစံဖြင့် သိမ်းဆည်းရမိသည်။

 အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၏ ယာဉ်မှတ်ပုံတင်သက်သေခံလက်မှတ်နှင့် ယာဉ်မောင်းလိုင်စင် အတုပြုလုပ်သူဇော်လင်းအောင်နှင့် ထွန်းလှိုင်တို့(၂)ဦးအားဇွန် ၃ ရက်တွင် လှို်င်သာယာမြို့မရဲစခန်းမှ အရေးယူဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment