Latest News

Thursday, June 28, 2018

သမိုင်းတာဝန်ကျေပွန်ခဲ့သောဆရာကြီးဦးတင်ချောသို့...


နှုတ်ဆက် အလေးပြု လိုက်ပါတယ်ရဲဘော်တို့ 

တခါတရံ အတိတ်ကိုပြန်တွေးလျှင်နွေးထွေးချစ်ခင်သောရဲဘော်ရဲဘက်စိတ်ကိုခံစားရသည်။

၁၉၉၀ရွေးကောက်ပွဲပြီး လွှတ်တော်ဖွဲ့ခွင့်မပေးဘဲ ပြင်းပြင်းထန်ထန်ချေမှုန်းခံရပြီးနောက် ဖမ်းဆီခံရသူ ပြည်ပ နယ်စပ်ထွက်ခွါသွာသူတွေနှင့် nldသည် တော်တော်အထိနာခဲ့သည်။ဦးဆောင်မှုပေးစွမ်းနိုင်သောခေါင်းဆောင်တွေက အဖမ်းခံထားရသည်။ပါတီသည် ပြင်းပြင်ထန်ထန် အထုအရိုက်ခံထားရသော မြွေတစ်ကောင်နှယ် နာကျင်လျှက် စင်းစင်းငြိမ်သက်နေသည်။သို့ သော် ထွက်မပြေး မဆုတ်ခွါ လွန့် နိုင်သမျှ လွန့် ဖိုံကြိုးစားရင်း တောင့်ခံနေရသည်။

တစ်ခါ တက္ကသိုလ်ကျောင်းများပြန်ဖွင့်လိုက်သောအခါ ပညာသင်မဆုံးသေးဘဲ နိုင်ငံရေးတာဝန်များဝင်ယူနေရသော
ကျောင်းသာလူငယ်များ ကျောင်းပြန်တက်ဖို့ ပြင်ဆင်ကြရသည်။
တချို့  ဆယ်တန်းပြန်ဖြေဖို့  တချို့ မိမိဘဝအသက်မွေးအတွက်
ပြင်ဆင်ဖို့ လုပ်ကြရသည်။သူတို့ စိတ်က နိုင်ငံရေးနှင့် ရဲဘော်များအပေါ် သံယောဇဉ်မပြတ်။နိုင်ငံရေးမှ မထွက်ချင်။သို့ သော်
ဘယ်မျှကြာဦးမည် မမှန်းနိုင်သည့် တိုက်ပွဲကို သည်တိုင်းဆက်ဖို့ က မလွယ်။ဝမ်းနဲဖွယ်ခွဲကြရသည်။

ပုသိမ်မှာ အယောက် ၄၀ကျော် ၅၀လောက်စုမိနေသော တိုင်းရုံးအဖွဲ့နှင့် မြို့နယ်လူငယ်အဖွဲ့မှလူငယ်တွေ အစုစည်းပျက်သွားရသည်။

တိုင်းရုံးအဖွဲ့မှ ကိုစိုးသန်း ကိုဝေလင်း ကိုလှသန်းကျော် ကိုဝလေး(အောင်ကျော်စိုး)ကိုမိုးအောင်နှင့်ကျနော်တို့ အင်းအားလျှော့နေပြီဖြစ်သော ပုသိမ်အနောက်စည်းရုံးရေးအဖွဲ့မှာ ပြန်အားဖြည့်ကြသည်။

ကိုမောင်မောင်က ဥက္ကဌ။ ဆရာကြီး ဦးတင်ချော။ဦးရှိန်စိုး။
ဦးခင်ရင်မောင်။ကိုသောင်းဌေး။ကိုဝတုတ်။ကိုဖိုးထောင်။ဦးစိုးလင်း...စသူတို့ နှင့် ကျနော်တို့ အစု ပုသိမ်မြို့နယ်စည်းကို ပြန်မတ်ကြသည်။

ဤနေရာမှာ မြို့နယ်စည်းတာဝန်ကိုယူလိုသောကျနော်ကို ဆရာကြီးဦးတင်ချောကပင်တားသည်။ထိုကါလ ဒေးဒရဲက nld စည်းများဖြစ်သော ဦးမင်းဆွေနှင့် ကိုသိန်းဆွေတို့ သားအဖက ကျူရှင် ဥပဒေဖြင့် ဖမ်းဆီးခံထားရသည်။သည်တော့ ကျူရှင်သင်နေသော ကျနော့်ကို အပြစ်ရှာမှာ သူတို့ က စိုးရိမ်သည်။တို့ အတူတူပါဘဲ မင်း စည်းထဲတော့မဝင်ပါနဲ့ဟု တားကြသည်။

သည်တော့ ကိုသက်နောင် ကိုမိုးအောင်နှင့် ကျနော်က ပုသိမ်မြို့နယ် အရန်စည်း အဖွဲ့ဝင်များအဖြစ်တာဝန်ယူရသည်။သို့ သော် အကန့် အသတ်မထား အစည်းဝေးတိုင်းတက်။လုပ်ငန်းတိုင်းမှာ အတူတူ ဆောင်ရွက်ကြသည်။

ထိုကါလတွင် ပုသိမ်ဒေသခံဖြစ်ကြသော တိုင်းစည်း ဦးညွန့် ဝင်း။ကိုအောင်သူရ။ကိုကျော်ဟိုး။မခင်လှဌေးတို့ သည်လည်း ပုသိမ်အနောက်စည်းနှင့် နီးကပ်စွာတည်ရှိခဲ့ကြသည်။

ထိုကါလသည် တစ်ယောက် အကြောင်းမကြားဘဲရုံးမလာလျှင် အဖမ်းခံရပြီလား ချက်ချင်းစိုးရိမ် စုံစမ်းရသောကါလ။အာဇာနည် လွတ်လပ်ရေး ပြည်ထောင်စု ရှစ်လေးလုံး စသည် နိုင်ငံရေး အခမ်းအနားတိုင်း ကျင်းပဖို့ ကြိုးစားကြသည်။ခက်ခဲသောအချိန်မို့  ဗဟိုက ဒေသအခြေအနေကြည့်၍ ကျင်းပရန်ဟု ခွင့်ပြုထားသော်လည်း အတတ်နိုင်ဆုံးတာဝန်ကျေဖို့ ကြိုးစားခဲ့ကြသည်။

မြို့နယ် အဖွဲ့စည်းလေးတစ်ခုသည် တိုင်းပြည်ကံကြမ္မာကို ပြုပြင်ပြောင်းလဲရန် မစွမ်းနိုင်သော်လည်း လူထုတိုက်ပွဲဝင်ပါတီ၏ကြမ်းတမ်းခက်ထန်သောကါလတွင် လူထုယုံကြည်မှုမပျက်အောင်
ပါတီဆက်လက်ရှင်သန်နေအောင် ခေါင်းဆောင်များမစုံခိုက် နောက်လိုက်များ၏ တာဝန်ကျေပွန်အောင် နိုင်သမျှ ကြိုးပမ်းခဲ့ကြခြင်း
မျှသာ။

ထိုကါလမှာ ရဲဘော်ရဲဘက်များကြား ခိုင်မြဲသော ကြိုးတစ်ချောင်းဖြင့် စည်းနှောင်ထားသလို စည်းရုံးခဲ့ ညီညွတ်ခဲ့ ချစ်ခင်ခဲ့
သံယောဇဉ်ဖွဲ့ခဲ့ကြသည်။

အပြန်အလှန် ယံကြည်အားကိုးနေရသော ကါလတွင် ကျနော်တို့ တစ်ယောက်ကိုတစ်ယောက် ဆွဲမချ ချောက်မတွန်း။တစ်ယောက်ကိုတစ်ယောက် ထွန်းညှိအားတင်းခဲ့ကြရသည်။ထိုကါလကို ကျနော်လွမ်းပါသည်။

ထိုရဲဘော်များထဲမှ ကိုမိုးအောင် ကိုဝေလင်း ကိုဝလေး ဦးစိုးလင်းတို့ နောက်ဆုံးအချိန်ထိ ပါတီတာဝန်များကိုထမ်းရင်း(တချို့ မြို့နယ်စည်းမှာ ထုတ်ပယ်ခံရသည့်တိုင် ရသည့်တာဝန်ကို ထမ်းဆောင်ရင်း) ကွယ်လွန်ကျဆုံးခဲ့ကြပြီ။

ယခု ၁၉၉၀ ပုသိမ်အနောက်(၁) ရွေးကောက်ခံကိုယ်စားလှယ် ပုသိမ်အနောက်စည်း ဒုတိယဥက္ကဌ ရောဝတီတိုင်းစည်း ဒုတိယဥက္ကဌ တာဝန်များကို ထမ်းဆောင်ခွင့်ရစဉ်ကါလတလျှောက်(ဖယ်ရှားခံရချိန်ထိ)လုံး ကျေပွန်စွာ ကြိုးပမ်းဆောင်ရွက် ခဲ့သော ဆရာကြီး ဦးတင်ချော ကွယ်လွန်ခဲပြန်ပြီ။

ခက်ခဲပြင်းထန်လှသောဒီမိုကရေစီရေးကြိုးပမ်း ကါလတလျှောက်ကျရာတာဝန်ကျေပွန်ဖို့ ကြိုးပမ်းခဲ့ကြသော နိုင်ငံ့သားကောင်းများကို ကျနော် ချစ်ခင်လေးစားစွာ အလေးပြု နှုတ်ဆက်လိုက်ရပါသည်။
ကိုဇော်နိုင်
...............................................
နက်ဖြန် ဇွန်၂၉ မိုးနဲ့အပြိုင် သစ်ခုတ်သမားကြီး
ဒီမိုကရေစီအရေးတော်ပုံတပ်သားကြီးပြည်သူ
အပေါ်သစ္စာမြဲတဲ့ဆရာကြီးဦးတင်ချောကိုလွမ်းမျက်ရည်
တွေနဲ့နှုတ်ဆက်ဂါရဝပြုကြရတော့မယ် မပြီးဆုံးသေးတဲ့
ဒီမိုကရေစီအရေးတော်ပုံမှာဆရာကြီးထားရစ်တဲ့နိုင်ငံ
ရေးသစ္စာကိုစောင့်သိရိုသေလျက်ခရီးဆက်ကြမယ်လို့
ဆရာကြီးကိုကတိပြုပါတယ်
ဆရာကြီးရဲ့သမိုင်းထဲကဂုဏ်ရောင်ပြောင်လှတဲ့မော်
ကွန်းတွေးတိုင်းလွမ်းရတယ် ၂၀၀၈ခြေ/ဥရဲ့ပန္နက်ဖြစ်
တဲ့ညောင်(လိမ်)နှစ်ပင်ညီလါခံကိုစစ်အစိုးရကအနိုင်အထက်ပြုကျင်းပဖို့စီစဉ်တော့NLDကလည်းတက်မယ်ပေါ့
ပါတီထဲမှာသဘောမတူသူအမျာအပြားရှိပေမယ့်ပါတီ
ဝင်တွေရဲ့သဘောထားပြောခွင့်မရတဲ့အခြေနေ
NLDကညောင်(လိမ်)နှစ်ပင်တက်ဖို့ပါတီကိုယ်စား
လှယ်ရွေးတော့ တိုင်းစည်းအဖွဲ့ဝင်ဖြစ်တဲ့ဆရာကြီးဦး
တင်ချောကိုပါရွေးပါတယ် ဆရာကြီးကစစ်အစိုးရက
လုပ်တဲ့ညီလါခံကိုလက်မခံပါဘူး သမိုင်းမှာဖျောက်ဖျက်
ဖုံးကွယ်ခံထားရတဲ့ဖြစ်ရပ်ကတော့ ညောင်လိမ်နှစ်ပင်
ညီလါခံကိုNLDပါဝင်တက်ရောက်တာကိုမတက်သင့်
ကြောင်း သဘောမတူကန့်ကွက်ကြောင်းပါတီဗဟိုကို
စာနဲ့ အတိအလင်းကန့်ကွက်တာ(1990 ရွေးကောက်
ခံNLDလွှတ်တော်ကိုယ်စားလှယ်တွေထဲမှာ)ပုသိမ်ခ
ရိုင်က(9)ဦးပဲရှိတာပါ
ဆရာကြီးဦးတင်ချောဟာ၁၉၉၀ရွေးကောက်ခံဖြစ
တာသာမကညောင်ညီလာခံတကခွင့်ရသူပါ ဒါပေ
မယ့်ဆရာကြီးဟာအမြော်အမြင်ပြည်ဝစွာနဲ့ညီလာခံ
ကိုယ်စားလှယ်ရွေးချယ်ခံရမှုကိုလကမခံငြင်းဆန်ပြီး
ညီလာခံကန့်ကွက်သူ(9)ဦးထဲပါဝင်ဦးဆောင်လက်
မှတ်ထိုးကန့်ကွက်ခဲ့တယ် ဆရာကြီးဘဝရဲ့သတ္တိဂုဏ်
ရောင်ထွန်းပြောင်လှတဲ့လုပ်ရပ်ပါပဲ ခုတော့ဒါကိုဖုံး
ကွယ်ဖျောက်ဖြက်ထားကြတယ် ပြီးတော့
သစ်ခုတ်သမားလို့ချိုးနှိမ်ပြောတာခံရတယ်
ကြွေးတောင်းခံရမှာစိုးတယ်လို့စော်ကားပြော
ဆိုခံရတယ်
ကုလားထိုင်ဖက်သေမယ့်သူတွေရဲ့စော်ကားခံရခြင်း
ဘေးမှဆရာကြီးဘဝအဆက်ဆက်ကင်းဝေးပါစေ
အခြေမပေးလို့အဝေးကပင်ဦးတင်လိုက်ပါတယ်
ဝင်းရွှေ(a)ရွှေမှိုင်း
NLDပထမဧရာတိုင်းစည်းရုံးတာဝန်ခံ1989်
Uwin Shwe



No comments:

Post a Comment