နေပြည်တော် ဇွန် ၇
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ဓနုဖြူမြို့နယ်နှင့် ပန်းတနော်မြို့နယ်အတွင်းရှိ ရေကြီးကွင်း၊ ရေနက် ကွင်းများမှ ကွင်းရေများကို ထုတ်နုတ်ပေးနိုင်ရန် အတွက် ၁၉၉၅ ခုနှစ်တွင် ဒေသအစီအစဉ်ဖြင့် တည်ဆောက်ခဲ့ သော ပျဉ်းမတောရေတံခါးကို ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနက ၂ဝ၁၄-၂ဝ၁၅ ခုနှစ်တွင် ထပ်မံ၍ အဆင့်မြှင့်တင် ပြုပြင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါပျဉ်းမတောရေတံခါးနှင့် ဆက်စပ်၍ တူးဖော်ထားသော ရေသွင်း ရေနုတ်မြောင်းဖြစ်သည့် မင်းတစု-ပျဉ်းမတော မြောင်း အလျား ၄ မိုင်ခန့်မှာ သဲနုန်းများပို့ချပြီး တိမ်ကောလျက်ရှိသဖြင့် ပြန်လည်တူးဖော်ပေးရန် လိုအပ် လျက် ရှိသောကြောင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက မြေတူးစက်ခုနစ်စီးနှင့် ကုန်းရေနှစ်သွယ်သွား မြေတူး စက်နှစ်စီး စုစုပေါင်းစက်ယန္တရား ကိုးစီးဖြင့် မေ ၄ရက်တွင် စတင်တူးဖော် ဆောင်ရွက် ခဲ့သည်။ ယခုအခါ တူးဖော်ရမည့် အလျား ၄ မိုင်၊ အနံ ၂ ဒသမ ၅ မိုင်ခန့်ဆောင်ရွက်ပြီးစီးနေ ပြီဖြစ်ပြီး လုပ်ငန်းများအားလုံး ဇွန်လ တတိယ ပတ်ခန့်တွင် ရာနှုန်းပြည့်ပြီးစီးမည်ဖြစ်သည်။
မင်းတစု-ပျဉ်းမတော ရေသွင်းရေနုတ်မြောင်း အား တူးဖော်ဆောင်ရွက်ပေးနိုင်ခြင်းဖြင့် ဓနုဖြူမြို့နယ်နှင့် ပန်းတ နော်မြို့နယ် တို့အတွင်းရှိ မိုးရာသီရွာသွန်းသောကွင်းရေများကို လွယ်ကူလျင်မြန်စွာ ထုတ်နုတ်ပေးနိုင်ပြီး မိုးစပါးစိုက် ဧက ၆ဝဝဝ ခန့်အား ရေကြီးနစ်မြုပ်မှုမှလျော့ပါး သက်သာစေနိုင်ခြင်း၊ နွေရာသီတွင် လယ်မြေ ၄၅ဝဝ ဧကခန့် အတွက် စိုက်ပျိုးရေရရှိစေနိုင်ခြင်း၊ ကျေးလက်ကုန်ထုတ်လမ်းအဖြစ်ပါ အသုံးပြုနိုင်ခြင်းတို့ကြောင့် ဒေသတွင်း တောင်သူ လယ်သမားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာ အထောက်အကူပြုနိုင် မည်ဖြစ်ကြောင်း သိရသည်။
MWD
No comments:
Post a Comment