Latest News

Monday, June 18, 2018

အာဟာရ ပြည့်ဝပြီး ပြုလုပ်ရ လွယ်ကူသည့် ကြက်ဥပူတင်း

အာဟာရ ပြည့်ဝပြီး ပြုလုပ်ရ လွယ်ကူသည့် ကြက်ဥပူတင်း

ပူတင်းသည် ကလေးလူကြီးအရွယ်မရွေး စားသုံးနိုင်သော အထူးသင့်လျော်သည့် စားစရာ တစ်ခုဖြစ်ပြီး နံနက်စာအဖြစ်သော် လည်းကောင်း၊ နေ့လယ်အဆာပြေ သော်လည်းကောင်း လက်ဖက်ရည်၊ ကော်ဖီ၊ ရေနွေးကြမ်းနှင့် တွဲဖက်စားသုံးနိုင်သည်။

ပြင် အလှူပွဲများတွင် သာမက ဧည့်ခံပွဲများတွင်လည်း အချိုပွဲတစ်ခု အနေဖြင့် ယနေ့တိုင် စားသုံးကြသည့် စားစရာ တစ်ခုလည်း ဖြစ်သည်။ ပူတင်းသည် ကျန်းမာရေး မကောင်းသူ များအတွက်လည်း အာဟာရ ပြည့်ဝစေသည်။ ကြက်ဥပူတင်းတစ်ခုတွင် ၁၁၃ ကယ်လိုရီပါရှိကြောင်း သိရသည်။ ပူတင်းကို သဘာဝ ပစ္စည်းများဖြင့်သာ ပြုလုပ်ရသောကြောင့် ဆိုးဆေးများ၊ တာရှည်ခံဆေးများ ပါဝင်ခြင်းလည်း မရှိသဖြင့် စားသုံးသူများ အတွက် ဘေးဥပဒ်ကင်းသည့် စားစရာ တစ်ခုလည်းဖြစ်သည်။

ကြက်ဥပူတင်း ပြုလုပ်မည်ဆိုပါက ကြက်ဥလေးလုံး၊ နို့စိမ်းတစ်ဘူး၊ သကြား စားပွဲဇွန်းလေးဇွန်း၊ ဂျုံ လက်ဖက်ရည်ဇွန်း တစ်ဇွန်းတို့လိုအပ်သည်။ ကြက်ဥပူတင်း ပြုလုပ်မည်ဆိုပါက ဦးစွာသကြားသုံးဇွန်းကို ရေမြုပ်ရုံထည့်၍ အိုးတစ်လုံးတွင်တည်ပါ။ ရေနွေးဆူလာပြီး သကြားရည်နီ၍ ပျစ်လာပါက မုန့်လုပ်မည့် ခွက်ထဲသို့ ထည့်ပြီးအအေးခံပါ။ ထို့နောက် ဂျုံ၊ ကြက်ဥနှင့်သကြားကို Blender ဖြင့်မွှေထားရမည်။

ထို့နောက် မုန့်နှစ်ကို နို့စိမ်းနှင့်ရောပြီး ဆန်ခါဖြင့် နှစ်ကြိမ်ခန့် စစ်ပေးရမည်။ ပြီးလျှင် သကြားထည့်ထားသည့် ခွက်ထဲသို့ထည့်ကာ အဖုံးအုပ်ပြီး ရေနွေးငွေ့ဖြင့် မိနစ် ၃ဝ ခန့် ပေါင်းပေးပါ။ ပူတင်းအပေါ် သို့ဖောင်းပြီး တက်လာလျှင် ဓားအချွန်ဖြင့် ထိုးကြည့်ပါ။ မုန့်သားပါမလာလျှင် ကျက်ပြီဖြစ်သည်။ ထို့နောက် ပူတင်းကို ခဏ အအေးခံထားပြီးမှ ပူတင်းနှင့် ခွက်ကြားထဲသို့ ဓားဖြင့်ထိုး၍ ခွာပေးကာ ပန်းကန်ပြားပေါ်သို့ မှောက်ချပြီး စားသုံးနိုင်ပြီဖြစ်သည်။

ပူတင်းသည် ပြုလုပ်ရလွယ်ကူပြီး အဆာပြေ စားသုံးနိုင်သည့်အပြင် ကလေးများနှင့် သက်ကြီးရွယ်အိုများ စားသုံးရန် သင့်လျော်သည့် အစားအစာ တစ်ခုဖြစ်ခြင်းကြောင့် မိမိအိမ်၌ ပြုလုပ်စားသုံးနိုင်ရန် ဖော်ပြလိုက်ပါသည်။

MWD

No comments:

Post a Comment