Latest News

Tuesday, June 5, 2018

ဒေါ်လာ ကိုး ဘီလီယံ ကျောက်ဖြူ ပရိုဂျက် အား အစိုးရမှ ပြန်လည် စီစစ်နေပြီ

ဒေါ်လာ ကိုး ဘီလီယံ ကျောက်ဖြူ  ပရိုဂျက် အား အစိုးရမှ ပြန်လည်
စီစစ်နေပြီ

တရုတ် မှ တာဝန်ယူ လုပ်ကိုင်မည့် ကျောက်ဖြူ ဆိပ်ကမ်း ပရိုဂျက်သည် ဈေးကြီးလွန်းပြီး နောက်ဆုံးတွင် ကြွေးမဆပ်နိုင်က တရုတ် လက်ထဲ ထိုးအပ်ရတော့မည်ဟူ သော စိုးရိမ် မကင်းမှု များ နှင့် အတူ မြန်မာ အစိုးရ က အသဲအသန် ပြန်လည် သုံးသပ် ဆွေးနွေး နေပြီ ဖြစ်သည်ဟု လန်ဒန် ထုတ် Financial Times သတင်းစာမှာ ဖေါ်ပြထားပါတယ်။

အဆိုပါ ဆွေးနွေးပွဲ နှင့် တိုက်ရိုက် ပါတ်သက်နေသော လူ နှစ်ဦး ရဲ့ အဆိုအရ ကုန်ကျစရိတ် ကို သိသိသာသာ လျော့ချနိုင်မည့် နည်းလမ်း များ ကို ရှာဖွေနေကြတယ်လို့ ဆိုပါတယ်။

ကျောက်ဖြူ ဆိပ်ကမ်း တည်ဆောက်ရေး သည် မြန်မာ သမိုင်းတွင် အကြီးမား ဆုံးသော အခြေခံ အဆောက်အအုံ တည်ဆောက်ရေး ဟု ယူဆရပါတယ်။

မကြာသေးမီကတင် ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ် စီးပွားရေး အကြံပေး သြစတေးသျှ ဘောဂဗေဒ ပညာရှင် ရှောင် တန်းနယ် ကလည်း အလားတူ ကန့်ကွက်ပြောဆိုခဲ့ပြီး ဖြစ်ပါတယ်။

ဆိပ်ကမ်း တည်ဆောက် ရေး အတွက် ကုန်ကျစရိတ်က ဒေါ်လာ ၇.၅ ဘီလီယံ ဖြစ်ပြီး ယင်းနှင့်အတူ မဖြစ်မနေ အကောင်အထည် ဖေါ်ရမယ့် စီးပွားရေးဇုံ အတွက် နောက်ထပ် နှစ် ဘီလီယံ ကုန်ကျမှာ ဖြစ်ပါတယ်။

တရုတ် တွေက ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၅ တွင် တင်ဒါ အောင်မြင်သွားခဲ့ခြင်း ဖြစ်ပြီး တရုတ်အစိုးရ က လုပ်ငန်း ၇၀% ကို ပိုင်ဆိုင်ခွင့်ရမည် ဖြစ်ပြီး မြန်မာ အစိုးရ နှင့် ပြည်တွင်း ကုမ္ပဏီများ က ကျန် ၃၀% ကို ပိုင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။ ဦးသိန်းစိန် အစိုးရ မပြုတ်မှီ ကလေး သဘောတူညီချက်အရ တရုတ်တို့ အနေနဲ့ နှစ်ပေါင်း ငါးဆယ် ပိုင်ဆိုင်လုပ်ပိုင်ခွင့် ရရှိမှာ ဖြစ်ပြီး လိုအပ်လျင် နောက်ထပ် နှစ်ဆယ့်ငါးနှစ် သက်တမ်းတိုးပေးရဖို့လည်း ရှိနေပါတယ်။

၃၀% မြန်မာ က ကုန်ကျခံရမှာ ဖြစ်တဲ့ အတွက် ဒေါ်လာ ၂.၂ ဘီလီယံ ရှာဖွေ ထည့်ဝင်ရဖို့ ရှိနေပါတယ်။ ကျောက်ဖြူ စီးပွားရေး ဇုံအတွက် မြန်မာ က ၅၀% ပိုင်ဆိုင်ရမှာ ဖြစ်တဲ့ အတွက် တစ်ဘီလီယံ ကျော်ကျော် ပေးရဖို့ ရှိနေပြီး  စုစုပေါင်း ဒေါ်လာ ၃.၅ ဘီလီယံ မြန်မာက စိုက်ထုတ် အကုန်အကျ ခံရမှာ ဖြစ်ပါတယ်။ ထည့်ဝင်ဖို့ ပိုက်ဆံ မရှိရင် ထိုငွေများကို တရုတ်တို့ ဆီကပဲ ချေငှားရအုန်းမှာ လည်း ဖြစ်ပါတယ်။

မြန်မာ အတွက် စီးပွားရေး အမှန်တကယ် တိုးမြှင့်နိုင် မနိုင်ဆိုတာက ဆိပ်ကမ်း ပေါ် မူမတည်ပဲ အထူး စီးပွားရေး ဇုံ မည်မျှ အတိုင်းအတာ အထိ အောင်မြင်နိုင်မလဲ အပေါ်သာ မူတည်နေပါတယ်။

တကယ်တမ်း မြန်မာအတွက် ထိထိရောက်ရောက် အသုံးပြုနိုင်မယ့် ဆိပ်ကမ်းမျိုး တည်ဆောက်ပါက အဆိုပါ ကုန်ကျစရိတ် စုစုပေါင်းရဲ့ အပိုင်းဂဏန်း တခုလောက်သာ အသုံးပြုရင် ဖြစ်တယ်လို့ ရှောင် တန်းနယ်လ် က ပြောခဲ့ပါတယ်။

အမည်မဖေါ်လိုသော ဒုတိယ မြောက် ပြည်ပ ပညာရှင်ရဲ့ သုံးသပ်ချက်က ပိုပြီး ပြတ်သားနေတာ တွေ့ရပြန်ပါတယ်။

၎င်းရဲ့ အဆိုအရ ပရိုဂျက် ကုန်ကျစရိတ်သည် အစိုးရ အတွက် ညစဉ်လို မက်သွားရမယ့် အိမ်မက်ဆိုးကြီး ဖြစ်လာနိုင်ပြီး အကြွေး မဆပ်နိုင်က တရုတ်လက်ထဲ လုံးလုံးလျားလျား ထိုးအပ်လိုက်ရပြီး တရုတ်ပိုင် ဆိပ်ကမ်း ဖြစ်လာမယ့် အခြေအနေ ရောက်သွားနိုင်လို့ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

အကယ်၍ ထိုးမအပ်လိုက်ရရင်တောင်မှ ဒီအကြွေးကို အကြောင်းပြုပြီး ဒီပြင် သူတို့ လိုလားတဲ့ ကိစ္စတွေမှာ အလျော့ပေးလာရအောင် နှိုက်ထုတ်လာနိုင်စရာ ရှိနေပါတယ်။

အဆိုပါ သတင်း နှင့် ပါတ်သက်ပြီး တရုတ် နှင့် မြန်မာ တို့မှ ရေငုံနှုတ်ပိတ်နေတယ်လို့ ဆိုပါတယ်။

မြန်မာ အစိုးရ က ယခုလို တပ်မတော်ရဲ့ လက်လွန်ခြေလွန် လုပ်ခဲ့တဲ့ ဘင်္ဂါလီ အရေးကြောင့် နိုင်ငံတကာ မျက်နှာစာတွင် အကြပ်အတည်းကြီး ဖြစ်နေချိန် တွင် ယခုလို ပြန်လည် သုံးသပ်ရမယ့် ကိန်း ဆိုက်လာနေပြီ ဖြစ်ပါတယ်။

ထို စီမံကိန်း သာ ပျက်ပြားသွားပါက တရုတ် အစိုးရ အား ဒုတိယ အကြီမ် အရှိုက် ကို အလဲထိုးသလို ဖြစ်သွားမှာ အသေအချာပဲ ဖြစ်ပါတယ်။

အဘယ်ကြောင့်ဆိုသော ကျောက်ဖြူ ဆိပ်ကမ်းသည် တရုတ် တွင် ယခုအခါ လွန်စွာ သြဇာထွားလာနေသော သမ္မတ စီရှင်ပင့် ရဲ့ တယုတယ ရှိလှတဲ့ ဒေါ်လာ တစ်တြီလီယံ တန် Belt and Road စီမံချက်ရဲ့ အရေးကြီးသော အစိတ်အပိုင်း ကြီး ပြိုလဲသွားနိုင်တာကြောင့် ဖြစ်ပါတယ်။ တရုတ်တို့ အဖို့က အိန္ဒိယ သမုဒ္ဒရာ ကို ထွက်ပေါက်ရရေးသည် ဒေါ်လာ ၁.၅ ဘီလီယံတန် မြစ်ဆုံ စီမံချက်ထက် ပိုပြီး အရေးပါနေပါတယ်။

အင်အယ်ဒီ အစိုးရ အဖို့ တိုင်းပြည် မြေနေရာ များ ကို တရုတ်အား ထင်သလို အသုံးချခွင့် ပေးခဲ့ကြတဲ့ ယခင် ဦးသိန်းစိန် အစိုးရရဲ့ အမွေဆိုး တွေကို နိုင်ငံသား များ အကျိုး အတွက် ရင်ဆိုင်ဖြေရှင်းနေရပြီ ဖြစ်ပါတယ်။

သို့သော် ၎င်းတို့၏ လက်ကျန် ပါတီကတော့ နိုင်ငံကို ချစ်လှခြည်ရဲ့ ဆိုကာ တိုင်းပြည်အနှံ့ ဘုစုခရုပါ မကျန် လိုက်လံ စည်းရုံး ပြောဟောနေကြပြန်ပါတယ်။

လှစိုး​ဝေ

No comments:

Post a Comment