Latest News

Saturday, June 23, 2018

ဇနီးႏွင့္ သားသမီးမ်ားရွိလ်က္ႏွင့္ ထပ္မံေပါင္းသင္းေနထိုင္သူအား အမႈဖြင့္အေရးယူထား


ေနျပည္ေတာ္၊ ဇြန္ ၂၃
ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံေတာင္ၿမိဳ႕နယ္၊ (၁၉)ရပ္ကြက္ေန ေဒၚခင္စႏၵာ(ခ)မငယ္(၄၅) ႏွစ္သည္ ခင္ပြန္းျဖစ္သူ ေမာင္ေမာင္ၾကည္(၅၀)ႏွစ္ႏွင့္ ၁၉၉၂ ခုႏွစ္တြင္ တရားဝင္လက္ထပ္ေပါင္းသင္း ေနထိုင္ခဲ့ရာ သားသမီး ၂ ဦးထြန္းကားခဲ့ၿပီး ေမာင္ေမာင္ၾကည္ သည္ နယ္လွည့္ထီေရာင္း သည့္ အလုပ္လုပ္ကိုင္လ်က္ရွိရာ ၂၀၁၈ ခုႏွစ္၊ ဇြန္လ ၅ ရက္ေန႔တြင္ ထီေရာင္းရန္ နယ္ထြက္သြားရာ ဇြန္လ ၁၅ ရက္ေန႔တြင္ အတူသြားေသာ ထီေရာင္းသည့္အဖြဲ႕ႏွင့္ ျပန္မေရာက္လာဘဲ မႏၲေလးတိုင္း ေဒသႀကီး၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ေအာင္သာယာရပ္ကြက္ရွိ "မဟာ"တည္းခိုခန္းတြင္ အမ်ိဳးသမီး တစ္ဦးႏွင့္ ေရာက္ရွိတည္းခိုေနေၾကာင္း အသိမိတ္ေဆြမွ ဖုန္းဆက္ေျပာျပသိရွိရသျဖင့္ စုံစမ္းခဲ့ရာ ခင္ပြန္းျဖစ္သူႏွင့္ ေပါင္းသင္းေနထိုင္သူမွာ မေမျမတ္ထြန္း ျဖစ္ေၾကာင္း သိရွိရသျဖင့္ အေရးယူေပးရန္ ဇနီးျဖစ္သူ၏တိုင္တန္းခ်က္အရ ေမာင္ေမာင္ၾကည္ အား ဒဂုံေတာင္ၿမိဳ႕မရဲစခန္း(ပ)၁၂၁၈/၂၀၁၈၊ တစ္လင္တစ္မယားစနစ္က်င့္သုံးျခင္းဆိုင္ရာဥပေဒ ပုဒ္မ ၁၃ ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သတင္းရရွိသည္။
ရဲဇာနည္

ဇနီးနှင့် သားသမီးများရှိလျက်နှင့် ထပ်မံပေါင်းသင်းနေထိုင်သူအား အမှုဖွင့်အရေးယူထား
နေပြည်တော်၊ ဇွန် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံတောင်မြို့နယ်၊ (၁၉)ရပ်ကွက်နေ ဒေါ်ခင်စန္ဒာ(ခ)မငယ်(၄၅) နှစ်သည် ခင်ပွန်းဖြစ်သူ မောင်မောင်ကြည်(၅၀)နှစ်နှင့် ၁၉၉၂ ခုနှစ်တွင် တရားဝင်လက်ထပ်ပေါင်းသင်း နေထိုင်ခဲ့ရာ သားသမီး ၂ ဦးထွန်းကားခဲ့ပြီး မောင်မောင်ကြည် သည် နယ်လှည့်ထီရောင်း သည့် အလုပ်လုပ်ကိုင်လျက်ရှိရာ ၂၀၁၈ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ထီရောင်းရန် နယ်ထွက်သွားရာ ဇွန်လ ၁၅ ရက်နေ့တွင် အတူသွားသော ထီရောင်းသည့်အဖွဲ့နှင့် ပြန်မရောက်လာဘဲ မန္တလေးတိုင်း ဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်ရှိ "မဟာ"တည်းခိုခန်းတွင် အမျိုးသမီး တစ်ဦးနှင့် ရောက်ရှိတည်းခိုနေကြောင်း အသိမိတ်ဆွေမှ ဖုန်းဆက်ပြောပြသိရှိရသဖြင့် စုံစမ်းခဲ့ရာ ခင်ပွန်းဖြစ်သူနှင့် ပေါင်းသင်းနေထိုင်သူမှာ မမေမြတ်ထွန်း ဖြစ်ကြောင်း သိရှိရသဖြင့် အရေးယူပေးရန် ဇနီးဖြစ်သူ၏တိုင်တန်းချက်အရ မောင်မောင်ကြည် အား ဒဂုံတောင်မြို့မရဲစခန်း(ပ)၁၂၁၈/၂၀၁၈၊ တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၁၃ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

No comments:

Post a Comment