Latest News

Saturday, June 23, 2018

ဘိုကလေး တွင်​ အမျိုးသမီးတစ်ဦး မိချောင်းအဆွဲခံရပြီးပျောက်ဆုံးနေ

ဘိုကလေး တွင်​  အမျိုးသမီးတစ်ဦး မိချောင်းအဆွဲခံရပြီးပျောက်ဆုံးနေ

ပုသိမ်​၊ ဇွန်​လ 23

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် မန်းမလှကျွန်း ဘေးမဲ့တော အတွင်း၌ ဇွန်လ၂၂ ရက်ညနေပိုင်း အချိန်က အမျိုးသမီးတစ်ဦး မိချောင်းအဆွဲခံရပြီး ​ပျောက်ဆုံးနေကြောင်း ဘိုက​လေးမြို့နယ်​ အ​ထွေ​ထွေအုပ်​ချုပ်​​ရေး ဦးစီးဌာန ထံမှ သတင်းရ ရှိသည်

ဘိုကလေးမြို့နယ် အတွင်းရှိ စက်ဆန်း ကျေးရွာ အုပ်စု အောင်ချမ်းသာ ကျေးရွာနေ အသက်၂၈ နှစ်ရှိ မအေးသင်း သည် ဘိုကလေးမြို့နယ် မိန်းမလှကျွန်း ဘေးမဲ့တော ဧရိယာအတွင်းရှိ
အမဲချောင်း နဘေး တွင်​ ထင်းခုတ်နေစဉ် မိချောင်းဆွဲခံရခြင်းပဲဖြစ်ပါသည်

မိ​ချောင်းဆွဲခံရသူ မ​အေးသင်း အား ယနေ့ဇွန်​လ ၂၃ရက်နေ့ မွန်းလွဲပိုင်းအချိန်အထိ  ရှာဖွေ မတွေ့​ရှိသေး​ကြောင်းဘိုက​လေးမြို့နယ်​ အုပ်​ချုပ်​​ရေးမှူးဦးအောင်ထွန်းထံမှသိရသည်

"အန္တရယ်​ ရှိ​တာ​ကြောင့်​ ထင်းမခုတ်​ရ ဘူးငါးဖမ်း ပုဇွန်​ ဖမ်း ၊ဂနန်း ​ထောင်​တာ မလုပ်​ရဘူး လို့ကန့့််​ သတ်​ထားတယ်​ ​သက်​ဆိုင်​ရာ က ​တောအတွင်း ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတယ်​  "ဟုဘိုက​လေးမြို့နယ်​ အုပ်​ချုပ်​​ရေးမှူး ဦး​အောင်​ထွန်း က​ပြောသည်​။

ဘိုကလေးမြို့နယ်အတွင်းမှ မိန်းမလှကျွန်းသည် ၃၃၇၇၉ ဧက ကျယ်ဝန်းတဲ့ အာရှမှာ အကြီးမားဆုံး ဒီရေတောဖြစ်ကြောင်း crocodylus  porosus  ခေါ်တဲ့ ကမ္ဘာ့ အန္တရာယ် အကြီးဆုံး နဲ့ အရွယ်အစား အကြီးမားဆုံး မိကျောင်းတွေ ကျင်လည် ကျက်စားတဲ့ ဒေသဖြစ်ကြောင်း မိန်းမလှကျွန်းရှိဒေသခံများထံမှသိရသည်

သတင်းထောက်_ရွှေရည်ဝင်း

No comments:

Post a Comment