Latest News

Thursday, June 14, 2018

မိုးကုတ်မြို့တွင် မြေပြိုမှုကြောင့် လူငါးဦးသေဆုံး

မိုးကုတ်မြို့တွင် မြေပြိုမှုကြောင့် လူငါးဦးသေဆုံး


ဇွန် ၁၄ ( မိုးကုတ် )

မိုးကုတ်မြို့ အနောက်ပိုင်း အောင်သစ်လွင်ရပ်ကွက်တွင် ယနေ့ နံနက် ၄ နာရီအချိန်အခန့်တွင် မြေပြို ကျမှုကြောင့် လူငါးဦးသေဆုံးသွားကြောင်း သိရသည် ။

" မနက်လေးနာရီလောက်ကစပြိုတယ်လို့သိရတယ် သေတဲ့သူက ငါးဦးပါ အိမ်သုံးလုံးပေါ်ပိတာပေါ့ မနက်ခင်းအိပ်နေတဲ့ချိန်ပြိုတာဆိုတော့ ဘယ်သူမှ မသိလိုက်ရဘူး " ဟု မိုးကုတ်မြို့ အနောက်ပိုင်း ပါရမီ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည် ။

မိုးကုတ်မြို့တွင် ဇွန်လ ၇ ရက်နေ့မှ စတင်ကာ မိုးရွာသွန်းခဲ့ပြီး တောင်ကျရေများနှင့် ချောင်းရေများ ကြီးခဲ့ရသည် ။

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ဆိုင်းဒေသကြီး အချို့တွင် မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့် ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းသိတိထားရန် မိုးလေဝသနှင့် ဇလ ဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည် ။

 “ကမ်းရိုးတန်းနဲ့ကမ်းလွန်ဒေသတွင် မိုးသက်လေပြင်းများ မကြာခဏကျရောက်နိုင်ပြီး ရေပြင်မြေပြင်လေဟာ တစ်နာရီမိုင်(၃၅ မှ ၄၀)အထိ တိုက်ခတ်ကာ လှိုင်းကြီးနိုင်ပါတယ်။ ပင်လယ်ရေလှိုင်းအမြင့် (၁၂)ပေ မှ (၁၅)ပေခန့်အထိရှိနိုင်ပါတယ်” ဟု ဦးထွန်းလွင်က ဆိုသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မိုးကုတ် ၊ မကွေး ၊ တနင်္သာရီ ၊ရှမ်း ၊ ရခိုင် ၊ပဲခူး ၊ ရန်ကုန် ၊ဧရာဝတီ နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့ မိုးရွာနိုင်ပြီး တစ်ချို့နေရာများတွင် နေရာကွက်၍ မိုးကြီးနိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှလည်း
သတင်းထုတ်ပြန်ထားသည်။

လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ မွန်၊ မုတ္တမကွေ့ ၊ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်း လွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများ ကျရောက်နိုင်ပြီး လှိုင်းကြီးမည့်အန္တရာယ်သတိပြုရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။

Mogok Views
နေထက်

No comments:

Post a Comment